Agenda

Agenda (41)

                                             

ထိုင်းနိုင်ငံတောင်ပိုင်းလိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ်အတွင်းကဖြစ်ပွားခဲ့တဲ့ ဗြိတိန်ခရီးသွားစုံတွဲသတ်ဖြတ်ခံရမှုမှာ ပြစ်မှုကျူးလွန်တယ်ဆိုပြီး သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မြန်မာလုပ်သားနှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ဝင်းဇော်ထွန်းတို့ရဲ့ နောက်ဆုံးအယူခံကို ယခုနှစ်ကုန်ပိုင်းလောက်မှာ ချမှတ်ဖွယ်ရှိပြီးတော့ သူတို့နှစ်ဦးအနေနဲ့ သေဒဏ်ပြစ်ဒဏ်ကနေ လွတ်မြောက်မယ်ဆိုတာယုံကြည်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

ဇော်လင်းနဲ့ဝင်းဇော်ထွန်းတို့ရဲ့ ဥပဒေအရအယူခံအဆင့်ဆင့်ကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ထိုင်းအမြင့်ဆုံး ဗဟိုတရားရုံးချုပ်ကိုရောက်ရှိခဲ့ပြီးဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လ  ၂၉ ရက်နေ့မှာတော့ အယူခံလွှာကို တင်သွင်းခဲ့တာဖြစ်ပြီးတော့ အယူခံအမိန့်ချမှတ်ဖို့ စောင့်ဆိုင်းနေတာလည်းဖြစ်ပါတယ် ထိုင်းအစိုးရတရားရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် အယူခံအမိန့်တွေဟာ ၆ လအတွင်း ချမှတ်လေ့ရှိပေမယ့် ဇော်လင်းနဲ့ဝင်းဇော်ထွန်းတို့ရဲ့ အယူခံကတော့ ၉ လနီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း အမိန့်ချမှတ်သေးခြင်းမရှိသေးပေမယ့် ယခုနှစ်ကုန်ပိုင်းလောက်မှာတော့ အမိန့်ချမှတ်ဖွယ်ရှိကြောင်း မျှော်လင့်ရတယ်လို့ ရှေ့နေဦးအောင်မျိုးသန့်ကပြောပါတယ်။

“ထိုင်းနိုင်ငံရဲ့ဥပဒေအရပေါ့ တကယ်တမ်းဆိုရင် ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်ကတည်းက ထိုင်းအစိုးရရှေ့နေဘက်ကကော ခုခံတဲ့အန်ကယ်တို့ဘက်ကကော လျှောက်လဲချက်တွေပေးပြီးပါပြီ တကယ်တမ်းသူတို့ရဲ့ပြောဆိုချက်အရ ၆ လကြာရင် အမိန့်ချတတ်တယ်လို့ ပြောဆိုချက်တွေရှိပါတယ် ဒါပေမယ့် အခုက ၉ လလောက်ရှိပါပြီ အမိန့်ကထွက်မလာသေးပါဘူး အန်ကယ်ကတော့မြင်တယ် အများဆုံးဒီနှစ်ကုန်လောက်တော့ ဖြစ်မယ်လို့ယုံကြည်ပါတယ်” လို့ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

ဒါ့အပြင် အယူခံအမိန့်ထွက်လာခဲ့ပါက သေဒဏ်အမိန့်ကပြောင်းလဲမှုမရှိခဲ့ပါက ဥပဒေအရ အယူခံခွင့်က ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ထိုင်းဘုရင်မင်းမြတ်ဆီကို အယူခံတင်ဖို့ပဲ ကျန်ရှိတော့မှာဖြစ်ပေမယ့် နောက်ဆုံးအချိန်ထိ ဇော်လင်းနဲ့ဝင်းဇော်ထွန်းတို့ သေဒဏ်ကနေလွတ်မြောက်မယ်လို့ ယုံကြည်တယ်လို့လည်း ဦးအောင်မျိုးသန့်က ပြောပါတယ်။

“အယူခံလျှောက်လဲချက်ကကောင်းပေမယ့် ပြစ်ဒဏ်ပြောင်းလဲမှုမရှိဘူးဆိုရင် နောက်ဆုံးဥပဒေအရ တောင်းဆိုခွင့်မရှိတော့ပါဘူး ထိုင်းဘုရင်မင်းမြတ်ထံကို အသနားခံစာတင်ဖို့ပဲရှိပါတယ် ကာလစည်းကမ်းချက် တစ်လအတွင်းမှာ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာတင်နိုင်ဖို့ ကြိုးစားဆောင်ရွက်မှာပါ ဒါပေမယ့် ဒီနေ့အထိတော့ အန်ကယ်မျှော်လင့်ချက်ကတော့ ကလေးတွေက သေဒဏ်ပြစ်ဒဏ်ကနေ ပြောင်းလဲတဲ့အမိန့်ရရှိမယ်လို့ ယုံကြည်ပါတယ်” လို့ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်းလို့လူသိများတဲ့ ကော့သောင်ကျွန်းမှာ ဗြိတိန်ခရီးသွားစုံတွဲ အသတ်ခံရမှုမှာ အလုပ်သမားနှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ဝင်းဇော်ထွန်းတို့ကို လူသတ်မှု မုဒိမ်းမှု ပစ္စည်းလုယက်မှု နိုင်ငံတွင်းတရားမ၀င်နေထိုင်မှုအပါအ၀င် အမှုပေါင်း ၇ ခုနဲ့ စွဲချက်တင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။
Credit.....https://www.myanmarlivenews.com

                                                        

            ထိုင်းမလေးနယ်စပ်မှ မြန်မာနိုင်ငံသားများအား လူကုန်ကူးနေသည့် တောတွင်းစခန်းတခုအား ဖမ်းဆီး

နိုဝင်ဘာလ ၂၇ ရက်နေ့ က ထိုင်းနိုင်ငံ တောင်ပိုင်း စုန်ခလာခရိုင်ဟတ်ရိုင် မြို့  ခွန်လန်ကျေးရွာအနီးကအဝေးပြေးလမ်မ အနီး သစ်တောတွင်းမှာ ယာရီရွတ်ဖြင်တဲတွေထိုးပြီး လူကုန်ကူးသူတွေလာအခေါ်ကိုစောင့်နေကြတဲ့ မြန်မာနိုင်ငံသား ၃၁ ဦး )(အမျိုးသမီးနှစ်ဦး အမျိုးသား ၂၉ ဦး) ကို ဟတ်ယိုင်ရဲနဲ့  လူကုန်ကူးမှု တာဆီးရေး အဖွဲ့ တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ယခုထိုင်းအာဏာပိုင်တွေ တွေ့ သွားတဲ့ လူကုန်ကူးတထောက်နားစခမ်းဟာ မလေးနယ်စပ်ကိုရောက်ဖို့  မိုင် ၄၀ သာကွာဝေးတော့တဲ့နေရာဖြစ်ပါတယ်။

အထောက်အထားမရှိ ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို လူကယ်ရီတွေကမြန်မာနိုင်ငံ ကော့သောင်းကနေ ထိုင်းနိုင်ငံရနောင်းထိုမှတဆင့် လူကုန်ကူးဂိုဏ်းတွေက တောလမ်းတွေသုံးပြီး ကားငယ်တွေနဲ့  တင်ခေါ်လာခဲ့
ကြတာဖြစ်ပါတယ်။

ကော့သောင်းဖက်ကနေ၀င်လာတဲ့ မလေးကိုသွားအလုပ်လုပ်ကြမယ့် မြန်မာနိုင်ငံသားတွေအများစုဟာ ရေး မြိတ် ဓါးဝယ် ဒေသတွေက ကျေးရွာသားတွေ အများဆုံးဖြစ်ပါတယ်။ အလုပ်အကိုင်ရှားပါးမှု ကုန်ဈေးနုန်းတွေမြင့်တက်လာနေတဲ့ အခြေအနေကို အရေးပေါ်ဖြေရှင်းနိုင်တဲ့ နည်းဟာ ရှိတာတွေပေါင်နှံ ရောင်းချပြီး ထိုင်းနဲ့  -မလေးကိုထွက် အလုပ်လုပ် တဲ့လမ်းသာဖြစ်ပြီး အဖမ်းအဆီးတွေကြားက ထိုင်းနိုင်ငံထဲ ခိုးဝင် သူဟာ တနေ့ တခြားပိုများလာနေတာတွေ့ ရပါတယ်။

Credit..........SAW

                အလုပ်သမားဝန်ကြီးနှင့် မလေးရှားရှိ မြန်မာကူညီရေးအဖွဲ့များ တွေ့ဆုံ၊ မြန်မာလုပ်သားများအရေး ဆွေးနွေး

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် မလေးရှားရောက် မြန်မာကူညီရေးအဖွဲ့ တာဝန်ရှိသူ များ တွေ့ဆုံပြီး မလေးရှားနိုင်ငံ တွင် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်နိုင်ရေးကိစ္စ များ ဆွေးနွေးခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းဖော်ပြသည်။


ပြည်ထောင်စုဝန်ကြီးသည် ကွာလာလမ်ပူမြို့တွင် ကျင်းပ သည့် (၂၅)ကြိမ်မြောက် အာဆီ ယံအလုပ်သမားဝန်ကြီးများ အ စည်းအဝေးတက်ရောက်ရန် နိုဝင်ဘာ ၂၇ ရက် ညနေတွင် မလေး ရှားနိုင်ငံသို့ ရောက်ရှိပြီး ယင်းနေ့ ညတွင် မလေးရှားနိုင်ငံရောက် ကပုန်း ခုနစ်ရက်သားသမီး နာ ရေးကူညီမှုအသင်း၊ နှလုံးလှပရ ဟိတလူငယ်များ သွေးလှူရှင် အဖွဲ့၊ ဒါနကုသလနာရေးကူညီ မှုအသင်း (ပီနန်)၊ အာသောက ကျန်းမာရေးဖောင်ဒေးရှင်း (ဂျိုဟိုး)၊ ထိန်းသိမ်းရေးစခန်းတာဝန် ခံ (ဂျိုဟိုး)နှင့် မြန်မာ-မွတ်စလင် အသင်း (မလေးရှား)တို့မှ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းတွင် ဖော် ပြထားသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည် ထောင်စုဝန်ကြီးက မြန်မာရွှေ့ ပြောင်းအလုပ်သမားများအပေါ် အလုပ်ရှင်နှင့် အေဂျင်စီတို့ကမတရားအမြတ်ထုတ်မှုများ မရှိ စေရန်၊ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူစာချုပ်နှင့်အညီ နေရာမှန်၊ အ လုပ်မှန်ဖြစ်ရေး သက်ဆိုင်ရာနိုင်ငံ ၏ တည်ဆဲဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရန် လိုအပ် ကြောင်း ဆွေးနွေးသည်။

ကူညီရေးအဖွဲ့ တာဝန်ရှိသူ များက မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား များအား ကူညီဆောင်ရွက်နေမှု များကို ပြန်လည်ဆွေးနွေးပြီး အ လုပ်သမားများအနေဖြင့် တရားမဝင်ပွဲစားများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်းမပြုရေး အသိပေးရန်လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးထံ တင်ပြသည်။

လူမှုအဖွဲ့အစည်းများအနေ ဖြင့်လည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အလုပ် သမားသံအရာရှိများထံ ဆက် သွယ်ပူးပေါင်းဆောင်ရွက်နိုင် ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ မလေးရှား နိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်သမား အခွင့်အရေး အပြည့်အဝရရှိရေး နှင့် လူမှုကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေး ဆောင်ရွက်နိုင်ရန် အ လုပ်သမားသံအရာရှိနှစ်ဦး ခန့် အပ်ထားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာ သံအမတ် ဦးစိန်ဦးနှင့် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ လည်း တက်ရောက်ခဲ့သည်။
Credit.....http://7daydaily.com/

                                                                      
                                                            (ဓာတ်ပုံ − ထူးချစ်)

 

            ထိုင်းက ဖမ်းဆီးထားသော မြန်မာလုပ်သား ၁၄၅ ဦး ပြန်ပို့စဉ် မြန်မာဘက်က လက်မခံသဖြင့် တရားမ၀င်ပို့ဆောင်ခဲ့ဟုဆို

ထိုင်းနိုင်ငံသို့ တရားမ၀င်ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသောမြန်မာလုပ်သား ၁၄၅ ဦးကို ထိုင်း အာဏာပိုင်များက မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပို့ ဆောင်ရာ ကော့သောင်းမြို့အာဏာပိုင်များက လက်မ ခံသဖြင့်တရားမ၀င်နည်းလမ်းဖြင့်သာ ပို့ဆောင်ပေးခဲ့ ကြောင်း ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED အဖွဲ့မှ ကိုမင်းဦးက ပြောသည်။

နိုဝင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်အတွင်း တရားမ၀င်ရောက်ရှိလာသော မြန်မာလုပ်သား ၁၄၅ ဦးကို တစ်ပတ်ကြာထိန်းသိမ်းပြီး ယမန်နေ့တွင် ထိုင်းအာဏာပိုင်များက ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

ယင်းသို့ပြန်လည်ပို့ဆောင်ရာတွင် ထိုင်းရဲမှူးကြီး ကိုယ်တိုင်စီစဉ်ဆောင်ရွက်ပြီး ရနောင်းအခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးဇော် မင်းအောင်နှင့် FED အဖွဲ့တို့က လိုက်ပါပို့ဆောင်ခဲ့သည်။

သို့သော် မြန်မာပိုင်နက်သို့ရောက်ရှိချိန်တွင် ကော့သောင်းအာဏာပိုင်များက လက်မခံ၍ ပင်လယ်ပြင်၌ အချိန်နှစ်နာရီကြာစောင့်ဆိုင်းခဲ့ရကြောင်း ကိုမင်းဦးက ပြောသည်။

‘‘ထိုင်းဘက်က အားလုံးအ ဆင်ပြေအောင်လုပ်ပေးတယ်။ ပြန်ပို့မပေးဘူးဆိုရင် သူတို့အား လုံးက အကျဉ်းကျခံရမှာ။ သံအ ရာရှိနဲ့ကျွန်တော်တို့က တောင်းဆို လို့ သူတို့ကပြန်ပို့ပေးတာ။ အဲဒါ ကိုလက်မခံဘူးဆိုပြီး အကြောင်း ပြန်တာ။ သူတို့အကြောင်းပြတာ တော့ ကော့သောင်းကတရားဝင် ပြန်လည်လက်ခံတဲ့ဂိတ် မရှိဘူး ပေါ့။ အဲဒါကြောင့် လက်မခံတာ လို့ ပြောတယ်’’ ဟု ၎င်းက ပြော သည်။ မြန်မာလုပ်သား ၁၄၅ ဦး တွင် ကလေးငယ်သုံးဦးအပါအ ၀င် အသက်မပြည့်သူကိုးဦးနှင့် အမျိုးသမီး ၂၁ ဦး ပါဝင်ကာ ဘာသာခြားလူမျိုးများ မပါဝင် ကြောင်း ၎င်းကဆက်လက်ပြော သည်။ ချင်း၊ မွန်၊ ရခိုင်ပြည်နယ် နှင့်ဧရာဝတီတိုင်းမှ မြန်မာနိုင်ငံ သားများဖြစ်ကြောင်း ကိုမင်းဦးက ရှင်းပြသည်။

‘‘တရားဝင်ဖြစ်စေချင်လို့ လက်မခံတာလို့ပြောတယ်။ ကျွန် တော်တို့ကတော့ ပြန်ပို့ခဲ့တယ်။ မနက်ဖြန်(နိုဝင်ဘာ ၂၃ ရက်)မှာ လည်း နှစ်နိုင်ငံဆွေးနွေးပွဲရှိတယ်။ ဒီဟာကို ဆွေးနွေးကြမယ်’’ ဟု အလုပ်သမားသံအရာရှိဦးဇော် မင်းအောင်က ပြောသည်။

‘‘ကိုယ့်နိုင်ငံသားတွေကို လက်မခံလို့ ပြန်ခေါ်လာရင်လည်း ထိုင်းအစိုးရက လက်ခံမှာမဟုတ် ဘူး။ အဲဒါကြောင့် ကော့သောင်း တစ်နေရာမှာ ထားခဲ့ရတယ်ပြော တယ်။ ပြန်ပို့ကတည်းက အများ စုက တိုင်းရင်းသားတွေဖြစ်နေ တယ်။ အဲဒါဟာ ကိုယ့်နိုင်ငံဂုဏ် သိက္ခာကျတာပဲ။ တမင်ကို ဂုဏ် သိက္ခာကျအောင် လုပ်နေသလို ဖြစ်နေတယ်’’ ဟု FED အဖွဲ့ဒါ ရိုက်တာ ဦးထူးချစ်က ပြောသည်။

မြန်မာလုပ်သား ၁၄၅ ဦးကို လက်မခံခြင်း မဟုတ်ဘဲ ထိုင်းအစိုးရက ၎င်းတို့ အစီအစဉ်ဖြင့် ပို့ဆောင်ခြင်း ဖြစ်ကြောင်း ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်သူက ပြောသည်။

‘‘အာလုံးပေါင်း ၁၄၅ ဦး ရောက်ရှိလာတယ်။ ရနောင်းက ကျွန်တော်တို့နဲ့ တရားဝင် ပို့တာ မဟုတ်ဘူး။ သတင်းရရချင်းမှာ ကျွန်တော်တို့သွားပါတယ်။ အခု ညပိုင်းမှာ ကျွန်တော်တို့ အစိုးရအစီအစဉ်နဲ့ လူဦးရေ ၄၈ ဦးကို ရန်ကုန်ကို ပို့ဆောင်လိုက်ပါပြီ။ထိုင်းကနေ ကျွန်တော်တို့နဲ့တရားဝင်လာပို့တာ မဟုတ်ဘဲ ထိုင်းဘက်ကနေ ဒီတိုင်းပဲ ကျွန်တော်တို့ကို ဘာမှအသိမပေးဘဲ လာသွန်ချသွားတဲ့ သဘောပဲ။ ဒီဘက်ရောက်မှ ကျွန်တော်တို့က သိတာ။ နှစ်နိုင်ငံညှိနှိုင်းခြင်းမရှိဘဲ သူတို့ဘာသာသူတို့ လာပို့သွားတဲ့ သဘောပါ’’ ဟု ဦးမြတ်သူက ပြောသည်။

ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်ရှိ သီတာလှေထောက်ကျင်းတွင် ပို့ထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့ က အမျိုးသားလုံခြုံရေးစီမံချက် နှင့်နိုင်ငံခြားသားလုပ်သားများ ဧည့်စာရင်းဥပဒေသစ်အကြောင်း ပြကာ အောက်တိုဘာ ၁ ရက်က စ၍ ရွှေ့ပြောင်းမြန်မာလုပ်သား များကို စစ်ဆေးဖမ်းဆီးနေသည်။ အောက်တိုဘာအတွင်း မြန်မာ လုပ်သား ၂,၅၀၀ ကျော်ကိုထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးပြီးမြန်မာနိုင်ငံ သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ သည်။လက်ရှိတွင် ဖမ်းဆီးခံမြန်မာ လုပ်သားများကို မဲဆောက်-မြ၀ တီဂိတ်မှ တရားဝင်ပြန်လည်လွှဲ ပြောင်းမှုများပြုလုပ်နေသည်။

ထိုင်းနိုင်ငံအပါအ၀င် ပြည် ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံ သားများအနေဖြင့် လူကုန်ကူးမခံ ရရေးနှင့် လိမ်လည်ခံရခြင်းများ ဖြစ်ပွားနေသောကြောင့် မှန်ကန်သော ရွှေ့ပြောင်းသွားလာမှုဖြစ် ရေးပြည်ပနိုင်ငံများသို့ တရားဝင်နည်းလမ်းဖြင့် သွားရောက်လုပ်ကိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိရုံးက နိုဝင်ဘာ ၁၇ ရက်တွင် သတိပေးထုတ်ပြန်ထား သည်။

Credit......http://7daydaily.com/story/142877

 

                                                                            

 

                                  မလေးရှားသွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၅ ဦးကို ထိုင်းက ဖမ်းဆီးပြန်ပို့

မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားရောက်မယ့် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၁၄၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး ဒီကနေ့ပဲ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။

မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်၊ ကလပ်ဘူရီမြို့နယ်ထဲမှာ နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ကို ဒီကနေ့ မြန်မာပြည်ဘက်ခြမ်းကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ပြန်ပို့လိုက်တာလို့ ရနောင်း မြန်မာအလုပ်သမား သံအရာရှိ ဦးဇော်မင်းအောင်က ပြောပါတယ်။

“သူတို့ကို ထိုင်းနိုင်ငံ ရနောင်းခရိုင် ကလပ်ပူရီလို့ခေါ်တဲ့ မြို့နယ်မှာ ဖမ်းမိတာ။ သူတို့က ထိုင်းဘက်ခြမ်းကို ရောက်နေပြီး ထိုင်းက စစ်တပ်တို့၊ ရဲတို့က ဖမ်းတာပေါ့။ လူတွေက အများကြီးဆိုတော့လေ။ သူတို့တွေက မလေးဘက်သွားဖို့ ထိုင်းနိုင်ငံကို ဖြတ်တာပေါ့။ ထိုင်းတောင်ပိုင်းကနေ သူတို့ ဟတ်ရိုင်ဘက်ကနေ မလေးဘက်ကို ကူးကြတာ။ မလေးဘက်ကို မဝင်နိုင်ခင် ဖမ်းလိုက်တာ။”

ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တွေဘက်က ဖြစ်ပြီး အဲဒီ ၁၄၅ ဦးထဲမှာ အမျိုးသမီး ၂၁ ဦးနဲ့ အသက်မပြည့်သေးတဲ့သူ ၉ ဦး ပါဝင်ပါတယ်။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနဲ့ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိတို့ ပူးပေါင်းညှိနှိုင်းပြီး အလုပ်သမားတွေကို မြန်မာပြည်ဘက် ကော့သောင်းမြို့ကို ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ပင်လယ်ထဲရှိနေချိန်  ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးက လက်မခံနိုင်ကြောင်း အကြောင်းကြားလာတယ်လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကသူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်ကတော့ ဒီလူ ၁၄၅ ဦးကိစ္စကို မြန်မာအလုပ်သမားသံအရာရှိဘက်က အကြောင်းကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။

“သူတို့ဘက်က ကျနော်တို့ဆီကို အခုထိ ဘာမှ အလုပ်သမား သံအရာရှိဘက်က ဆက်သွယ်တာ မရှိသေးဘူး။ သူတို့ဘက်က ဆက်သွယ်လာရင် ကျနော်တို့က ဒီဘက်က အကုန်လုံး လုပ်ထားပြီးသား။ လာရင် ကျနော်တို့ လက်ခံမယ်။ ပို့မယ်။ ရန်ကုန်အထိဆိုရင်လည်း တယောက်ကိုဘယ်လောက် အဲဒါတွေ တွက်ထားပြီးသား။ အဲဒါ အခုထိ ကျနော်တို့ဆီကိုတော့ အဆက်အသွယ် မလုပ်သေးဘူး။”

ရနောင်းမြို့မှာရှိတဲ့ အလုပ်သမားသံအရာရှိကတော့ အဲဒီ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းလဝက ကနေ ဦးဆောင်ပြီး နေခင်း ၂ နာရီလောက်က ပို့ဆောင်ပေးခဲ့တာလို့ ပြောပါတယ်။
Credit......http://burmese.dvb.no/archives/301104

                                                                         

 

                    မြန်မာအလုပ်သမားသေဆုံးမှု ပြန်လည်စစ်ဆေးရန် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများတောင်းဆို

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားတဦးသေဆုံးမှုကို အသေးစိတ် ပြန်လည်စုံစမ်းစစ်ဆေးရန် တောင်ကိုရီးယား ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်ပြီး စာရွက်စာတမ်း အထောက်အထားမရှိသော ရွှေ့ပြောင်းလုပ်သားများကို လိုက်လံရှာဖွေဖမ်းဆီးမှု ရပ်စဲရန်လည်း အစိုးရကို တိုက်တွန်းလိုက်သည်။

တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံး ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သော ဂျော့ဂျဲ တောင်ကိုရီးယား ဗုဒ္ဓဘာသာဂိုဏ်း မှ သံဃာတော်များနှင့် ရွှေ့ပြောင်းလုပ်သားအခွင့်အရေး တက်ကြွလှုပ်ရှားသူများသည် နိုဝင်လာလ ၁၉ ရက်နေ့က မြို့တော် ဆိုးလ်ရှိ သမ္မတရုံးသို့ တမိုင်ခန့် လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့သည်။

၎င်းတို့သည် ဖြည်းဖြည်းချင်း ချီတက်ဆန္ဒပြစဉ်အတွင်း တောင်ကိုရီးယား ဗုဒ္ဓဘာသာ ဝတ်ပြုနည်းဖြစ်သော ကိုယ်ကိုကိုင်းညွှတ်ကာ နဖူး၊ လက်ဝါးများ၊ ဒူးများနှင့် ခြေချောင်းများကို မြေကြီးနှင့် ထိတွေ့အောင် ဝတ်ပြုခဲ့ကြသည်။

သြဂုတ်လက သေဆုံးခဲ့သောအသက် ၂၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား သေဆုံးမှုကို ပြန်လည်စစ်ဆေးရန် ၎င်းတို့က အစိုးရကိုတောင်းဆိုသည်။ လူဝင်မှု ကြီးကြပ်ရေးအရာရှိများက တရားမဝင် အလုပ်သမားများကို စီးနင်းရှာဖွေရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထွက်ပြေးရန်ကြိုးစားစဉ် ထိုအလုပ်သမားသည် အဆောက်အအုံတခုမှ ပြုတ်ကျသေဆုံးခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

သူ့ကို ဆေးရုံသို့အမြန်သယ်ဆောင်သွားခဲ့သော်လည်း ဦးနှောက်သေဆုံးသွားပြီဖြစ်ကြောင်း မကြာမီထုတ်ပြန်ကြေညာခဲ့သည်။ သူသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို တောင်ကိုရီးယား လေးဦးသို့လှူဒါန်းခဲ့ပြီး စက်တင်ဘာလတွင် ကွယ်လွန်ခဲ့သည်။

တရားဥပဒေ စိုးမိုးရေး အရာရှိ တဦးက သူ၏ ခြေထောက်ကို ဖမ်းဆွဲလိုက်စဉ် သူပြုတ်ကျသွားခြင်းဖြစ်ကြောင်းသူ၏ လုပ်ဖေါ်ကိုင်ဖက်များကထွက်ဆိုကြသည်။ သို့သော် လူဝင်မှုကြီးကြပ်ရေးအရာရှိများသည် ထိုသေဆုံးမှုအတွက် တာဝန်မရှိကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုက ကောက်ချက်ချပြီး အမှုကို ပိတ်လိုက်သည်ဟု ကျွန်းယန် ရှင်မွမ် သတင်းကဖေါ်ပြသည်။

၎င်းတို့သည် ထိုဖမ်းစီးမှုတွင် ဥပဒေ လုပ်ငန်းအဆင့်ဆင့်အတိုင်း လိုက်နာခဲ့သည်ဟုလူဝင်မှုကြီးကြပ်ရေး အရာရှိများကပြောကြောင်း သတင်းက ဆိုသည်။

“အစိုးရအနေနဲ့ ဒီသေဆုံးမှုအတွက် တာဝန်ရှိတဲ့ အရာရှိကို ဖေါ်ထုတ်ပြီး အစိုးရရဲ့ ဖမ်းဆီးမှုတွေမှာ ရွှေ့ပြောင်းလုပ်သားတွေသေဆုံးတာကို တားစီးနိုင်ဖို့ အပြစ်ပေးသင့်တယ်” ဟု တောင်ကိုရီးယားမှ ပထမဆုံး ရွှေ့ပြောင်းလုပ်သားများ သမဂ္ဂမှ ယူဒါရာ ရိုင်ပြောသည်ဟု ကျွန်းယန် ရှင်မွမ် သတင်းကဖေါ်ပြသည်။

ထိုအလုပ်သမားသမဂ္ဂ၏ အဆိုအရ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ ဖမ်းဆီးမှုများတွင် သေဆုံးသော ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၀ ဦးရှိပြီဟု သိရသည်။

ကိုးကား ။ ။ UPI

Credit....to .....https://burma.irrawaddy.com/news/2018/11/22/175465.html

                                                                 

 

                                                                            လူကုန်ကူးခံရသည့်  မြန်မာနိုင်ငံသား ၇၃ ဦးကို ထိုင်းက ပြန်လည်အပ်နှံ

 

ထိုင်းနိုင်ငံထဲမှာ လူကုန်ကူးခံရပြီး သက်ဆိုင်ရာက ကယ်တင်စောင့်ရှောင်ထားတဲ့ မြန်မာနိုင်ငံသား ၇၃ ဦးကို ထိုင်းတာဝန်ရှိသူတွေက မြန်မာနိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်းပေး အပ်ခဲ့တယ်လို့ အာဆီယံဒေသ သတင်းမှာ ဖော်ပြပါတယ်။

လူကုန်ကူးခံရသူတွေကို ပြန်လည်အပ်နှင်းတဲ့ပွဲကို ကရင်ပြည်နယ်၊ မြ၀တီမြို့ သောင်ရင်းခန်းမမှာ နိုဝင်ဘာ ၁၉ ရက်က ကျင်းပပြီး တရားဝင် ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လူကုန်ကူးမှုပြဿနာကို အလေးထားပြီး အဖွဲ့ပေါင်းစုံ ပူးပေါင်းကာ တားဆီးကာကွယ်ရေးတွေ ဆောင်ရွက်နေတယ်၊ အထူးသဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ အနေနဲ့ နိုင်ငံ့ဝင်ပေါက်ကနေ ၀င်ထွက်သွားလာမှုတွေကို ကြပ်မတ်စစ်ဆေးနေတယ်၊ အခုလွှဲအပ်တဲ့ ၇၃ ဦးဟာ လိမ်လည်လှည့်ဖျား လူကုန်ကူးခံခဲ့ရသူတွေဖြစ်တယ်လို့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ရဲမှူးကြီး ဆူရချိတ် ဟတ်ဖန်းက အခမ်းအနားမှာ ပြောပါတယ်။

ဒါ့အပြင် လူကုန်ကူးခံရသူတွေအနေနဲ့ ကောင်းမွန်တဲ့ဘ၀ ပြန်လည်ထူထောင်နိုင်ရေး အတွက် အသုံးပြုဖို့ ထိုင်းဘတ်ငွေ ၁၄၆၀၀၀ ကိုပါ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ အဆိုပါ လူကုန်ကူးခံရသူ ၇၃ ဦးနဲ့ ထောက်ပံ့ငွေတွေကိုတော့  ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက လက်ခံရယူခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ မြန်မာဘက်က လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံကတော့ ထိုင်းယဉ်ကျေးမှုနဲ့ လူသားရင်းမြစ်တည်တံ့ဖွံ့ဖြိုးရေး ၀န်ကြီးဌာန လက်အောက်ခံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဌာန အရာရှိ  နန်းဆောင်ဆရန်းဖတ် အနုမတ်ရာ့ခ်ျကစ်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Credit......http://burmese.dvb.no/archives/300768

 

                                                                             

                                                               

                                                                            ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မှာ မြန်မာနိုင်ငံမှတင်သွင်းလာသည့် တရားမ၀င်ကုန်ပစ္စည်း အမျိုးပေါင်း၁၂၀ ကို ဖမ်ဆီးခဲ့

မဲဆောက်မြို့ လည်ဈေးကြီးအတွင်းက ဖကျလန်ဈေးမှာ ရောင်းချနေတဲ့ကုန်တွေနဲ့ မဲတောင်ရပ်ကွက်အတွင်းက ကုန်လှောင်ရုံတစ်လုံးအတွင်းက မြန်မာကုန်တွေကို အကောက်အခွံ ဦးစီးအရာရှိ နိုင်ဝါလုပ် ယုထကန် ဦးဆောင်တဲ့ အကောက်အခွန် ၀န်ထမ်းတွေနဲ့  မဲဆောက်ရဲတပ်ဖွဲ့ ဝင်တွေဟာ နို်ဝင်ဘာလ ၁၅ရက်နေ့ ကစပြီး ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။

သိမ်းဆည်းလိုက်တဲ့ ဘတ်ငွေ နှစ်သန်းကျော်တန်ဘိုးရှိတဲ့ မြန်မာနိုင်ငံက ကုန်တွေဟာ တရားဝင် လမ်းကြောင်းကနေ တင်သွင်းလာတာမဟုတ်ပဲ အကောက်အခွန်အဆောင်၊ စစ်ဆေးထားခြင်းမရှိတဲ့ ကုန်ပစ္စည်းတွေလို့  ထိုင်းဖက်ကဆိုပါတယ်။

ထိုင်းအကောက်အခွန်ကသိမ်းဆည်း လိုက်တဲ့ ကုန်အမျိုးပေါင်း ၁၂၀ မှာ လယ်ယာထွက်ကုန် ပြောင်းဆန်၃၅ အိပ် ၊ ကြက်သွန်နီအိပ်ပေါင်း ၆၀၅ အိပ် ၊အလှကုန်၊ခြင်ဆေးခွေ၊ ဆေးဝါး
အပြင် စီးကရက်နဲ့ အရက်တွေပါဝင်တာတွေ့ ရပါတယ်။
ဒါ့အပြင် အဆိုပါကုန်တွေ ရဲ့  ပိုင်ရှင်တစ်ဦးကိုလည်း ဖမ်းဆီးထားပြီး အကောက်အခွန်ဆိုင်ရာ ဥပဒေ ၂၅၂ BE 2560 အရ အရေးယူသွားမှာဖြစ်ကြောင်းသိရပါတယ်။

လက်ရှိချမှတ်ထားတဲ့အစိုးရရဲ့  မုဝါဒနဲ့  ညွှန်ကြားချက်တွေကို လက်တွေ့ အကောင်အထည်ဖေါ်လုပ်ဆောင်နေတာပါ။
ထိုင်းနိုင်ငံအတွင်းကို တရားမ၀င် လမ်းကြောင်းတွေနဲ့  ၀င်လာပြီး နိုင်ငံတွင်းဖြန့် ချိနေတဲ့ မှောင်ခို ကုန်တွေကို ဆက်လက်စစ်ဆေးအရေးယူသွားမှာဖြစ်တယ်လို့  အကောက်အခွန်အရာရှိ ကပြောဆိုသွားပါတယ်။

Credit...Social Action for Children and Women - SAW

                                                                                     

 

အနည်းဆုံးအခကြေးငွေ ထုတ်ပြန်ပြီးနောက်ပိုင်း အနည်းဆုံးအခကြေးငွေပဲပေးပြီး တခြား ခံစားခွင့် ဖြတ်တောက်ထားတဲ့ စက်ရုံ ၉ ရုံရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီက ပြောပါတယ်။

ခံစားခွင့်ဖြတ်တောက်ထားတဲ့ စက်ရုံတွေကတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်နဲ့ မှော်ဘီမြို့နယ်တွေက စက်ရုံတွေ ဖြစ်ပါတယ်။

ဒီစက်ရုံတွေနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ စက်ရုံအလုပ်သမားတွေရဲ့ တိုင်ကြားချက်အရ ကော်မတီက နိုဝင်ဘာ ဒုတိယအပတ်မှာ ပထမဆုံး ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီက အလုပ်သမားကိုယ်စားလှယ် ဦးရဲဝင်းထွန်းက “အနည်းဆုံးအခကြေးငွေ ထုတ်ပြန်ပြီးနောက်ပိုင်း ဒါက ပထမဆုံး အစည်းအဝေးပါ။ အဓိက ကတော့ အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ပဲပေးပြီး အရင်က ပေးထားတဲ့ ခံစားခွင့်တွေ ဖြတ်တောက်ထားတဲ့ စက်ရုံ ၉ ရုံကို ကြားနာကြတာပါ” လို့  ပြောပါတယ်။

တိုင်ကြားခံထားရတဲ့ စက်ရုံ ၉ ရုံကို နိုဝင်ဘာ နောက်ဆုံးပတ်မှာ ဥပဒေနဲ့ ငြိစွန်းတာ ရှိမရှိကို ဆုံးဖြတ်ချက် ချသွားမယ်လို့  ကော်မတီက ဆိုပါတယ်။

အလုပ်ရှင်ရဲ့ ခြေပလွှာကို နိုဝင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး တောင်းခံထားတယ်။ ပြီးရင် ကော်မတီ အစည်းဝေး ထပ်ခေါ်ပြီး ဆုံးဖြတ်ချက်ချမယ်” လို့  ဦးရဲဝင်းထွန်းက ပြောပါတယ်။

အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ကို ၂၀၁၈ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ ကို ၂၀၁၅ ဇူလိုင်လက ထုတ်ပြန်ကြေညာခဲ့တာပါ။Credit....http://burmese.dvb.no/archives/300384

                                                                         

 

ဖုန်းထဲ ညစ်ညမ်းဗွီဒီယိုဖိုင်ထည့်ထားသည့် မြန်မာအလုပ်သမား ၁ ဦး ထိုင်းတွင် အဖမ်းခံရ
-----------------------------------------------
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဟန်ဒုံးမြို့နယ်ထဲမှာ လက်ကိုင်ဖုန်းထဲ ညစ်ညမ်းဗွီဒီယိုဖိုင် ထည့်ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တဦး အဖမ်းခံရတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံက အင်တာနက်အသုံးပြုပြီး အသက် ၁၈ နှစ်အောက်ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအခွင့်အရေး စော်ကားခံရမှု ကာကွယ်ရေးအဖွဲ့ (Thailand Internet Crimes Against Childern) ဟာ Cellebrite လို့ခေါ်တဲ့ တယ်လီဖုန်းအချက်အလက် စုံစမ်းရေး ခေတ်မီကိရိယာကို အသုံးပြုပြီး ကလေးနဲ့ လူငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်တရော်ပြုလုပ်ပုံ၊ ညစ်ညမ်းဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေ လိုက်လံထောက်လှမ်း ရှာဖွေနေပါတယ်။

အဲဒီလိုရှာဖွေရာမှာ VIVO တံဆိပ် 1724 အမျိုးအစား တယ်လီဖုန်းတလုံးဟာ ညစ်ညမ်းဗွီဒီယိုတွေ ဒေါင်းလုတ် လုပ်ထားကြောင်း သိရှိရတဲ့အတွက် ချင်းမိုင်ခရိုင် တရားရုံးခွင့်ပြုချက်နဲ့ ဖုန်းကိုင်ဆောင်သူကို နိုဝင်ဘာ ၁၃ ရက် မနက် ၁၀ နာရီက သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့က ရဲမှူး ချတ်မုံးခွန်း ဝဇီနမွန်းက သတင်းထောက်တွေကို ပြောပါတယ်။

စုံစမ်းထောက်လှမ်းချက်အရ အဲဒီဖုန်းပိုင်ရှင်ဟာ ဟန်ဒုံးမြို့နယ် ဟန်ကယောက် ရပ်ကွက်တွင်းရှိ အိမ်ယာတခုက လုံခြုံရေးအစောင့်ဝန်ထမ်းဖြစ်သူ အသက် ၂၁ နှစ်ရွယ် မြန်မာအလုပ်သမား စိုင်းယုမ့်ခေး ဆိုသူဖြစ်ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။

သူ့ရဲ့လက်ကိုင်ဖုန်းထဲမှာ ၁၈ နှစ်အောက် ကလေးသူငယ်များ မဖွယ်မရာ ဓာတ်ပုံနဲ့ ညစ်ညမ်း ဗွီဒီယိုဖိုင်တွေ တွေ့ရှိကြောင်း၊ တချို့ပုံတွေကိုလည်း စွန့်ပစ်ဖိုင်တွေထဲမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဖုန်းပိုင်ရှင်ကတော့ သူဟာ တဦးတည်းရှိနေချိန် အာသာဖြေလိုစိတ်နဲ့ အဲဒီဖိုင်တွေကို LINE အပလီကေးရှင်းကနေ ဒေါင်းလုတ်ဆွဲယူထားတာဖြစ်ပြီး ဥပဒေအရ တားမြစ်ထားတယ် ဆိုတာလည်း မသိဘူးလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေကတော့ သူ့ရဲ့လက်ကိုင်ဖုန်းနဲ့ ဖုန်းကတ် ၂ ခုကို သိမ်းဆည်းလိုက်ပြီး တည်ဆဲဥပဒေနဲ့ အရေးယူ ဒဏ်ပေးသွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၁၅ ခုနှစ်က ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ ကွန်ပျူတာဥပဒေ ပုဒ်မ ၁/၁၇ အရ မည်သူမဆို အသက် ၁၈ နှစ်အောက် ကလေးများရဲ့ မဖွယ်မရာ (ကိုယ်လုံးတီး)၊ ညစ်ညမ်းဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေကို မိမိအကျိုးစီးပွားအလို့ငှာ သိမ်းဆည်းထားတာ၊ တဆင့်ဖြန့်ဝေတာတွေ ပြုလုပ်တယ်ဆိုရင် ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၁ သိန်းအထိ ပြစ်ဒဏ်ကျခံရမယ်လို့ ဖော်ပြထားပါတယ်။

မူရင်း - ဒီဗွီဘီ http://burmese.dvb.no/archives/299924

Page 3 of 3

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border