in Agenda

                                                                                     

 

အနည်းဆုံးအခကြေးငွေ ထုတ်ပြန်ပြီးနောက်ပိုင်း အနည်းဆုံးအခကြေးငွေပဲပေးပြီး တခြား ခံစားခွင့် ဖြတ်တောက်ထားတဲ့ စက်ရုံ ၉ ရုံရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီက ပြောပါတယ်။

ခံစားခွင့်ဖြတ်တောက်ထားတဲ့ စက်ရုံတွေကတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်နဲ့ မှော်ဘီမြို့နယ်တွေက စက်ရုံတွေ ဖြစ်ပါတယ်။

ဒီစက်ရုံတွေနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ စက်ရုံအလုပ်သမားတွေရဲ့ တိုင်ကြားချက်အရ ကော်မတီက နိုဝင်ဘာ ဒုတိယအပတ်မှာ ပထမဆုံး ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီက အလုပ်သမားကိုယ်စားလှယ် ဦးရဲဝင်းထွန်းက “အနည်းဆုံးအခကြေးငွေ ထုတ်ပြန်ပြီးနောက်ပိုင်း ဒါက ပထမဆုံး အစည်းအဝေးပါ။ အဓိက ကတော့ အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ပဲပေးပြီး အရင်က ပေးထားတဲ့ ခံစားခွင့်တွေ ဖြတ်တောက်ထားတဲ့ စက်ရုံ ၉ ရုံကို ကြားနာကြတာပါ” လို့  ပြောပါတယ်။

တိုင်ကြားခံထားရတဲ့ စက်ရုံ ၉ ရုံကို နိုဝင်ဘာ နောက်ဆုံးပတ်မှာ ဥပဒေနဲ့ ငြိစွန်းတာ ရှိမရှိကို ဆုံးဖြတ်ချက် ချသွားမယ်လို့  ကော်မတီက ဆိုပါတယ်။

အလုပ်ရှင်ရဲ့ ခြေပလွှာကို နိုဝင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး တောင်းခံထားတယ်။ ပြီးရင် ကော်မတီ အစည်းဝေး ထပ်ခေါ်ပြီး ဆုံးဖြတ်ချက်ချမယ်” လို့  ဦးရဲဝင်းထွန်းက ပြောပါတယ်။

အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ကို ၂၀၁၈ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ ကို ၂၀၁၅ ဇူလိုင်လက ထုတ်ပြန်ကြေညာခဲ့တာပါ။Credit....http://burmese.dvb.no/archives/300384

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border