in Agenda

                                                        

ထိုင်းမြန်မာနယ်စပ် ရနောင်းနဲ့ ကမ်ချနဘူရီခရိုင်တွေမှာလူမှောင်ခိုသမားများခေါ်လာတဲ့ မြန်မာနိုင်ငံသား ၅၈ယောက်ကို ထိုင်းအာဏာပိုင်တွေကနိုဝင်ဘာ၁၂ရက်နေ့ကဖမ်းဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံ ကော့သောင်းမြို့ ကနေ စက်လှေနှစ်စင်းနဲ့  ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့ ကအထွက် စွတ်စန်ရန်ခရိုင်အတွင်းမှာအမှတ် ၂၅စစ်တပ် ရဲ့ စစ်ဆေးရေးဂိတ်ကနေ ဖမ်းဆီးခဲ့တာပါ ။

နိုဝင်ဘာလ ၁၂ ရက်နေ့ မှာပဲ ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင် အတွင်းမှတရားမ၀င် မြန်မာနိုင်ငံသား ၂၀ ကို သယ်ဆောင်လာတဲ့ကားတစီးကို နယ်ခြားစောင့် တပ်ရင်းစစ်ဆေးဂိတ်ကဖမ်းဆီးခဲ့ပါတယ် ။ ထိုင်းနိုင်ငံသားလူမှောင်ခိုသမားတဦးကိုလည်းဖမ်းဆီးခဲ့ပါတယ် ။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းမှာအဖမ်းဆီးတွေများနေတဲ့အတွက်ထိုင်းကိုကျော်ပြိး မလေးရှားနိုင်ငံထဲကို သွားကြဖို့ အတွက် လူပွဲစားတွေကို ဘတ်ငွေ ၂၀၀၀၀လောက် အထိပေးပြီး သွားနေကြတာပါ။

ပြိးခဲ့တဲ့ရက်ပိုင်းတွေတုန်းကတော့ လူပွဲစားတွေက ငွေယူပြီး ထိုင်းမလေးနယ်စပ်က ရာဘာတောတွေထဲမှာမြန်မာနိုင်ငံသားတွေကိုစွန့်ပစ်ထားခဲ့ပါတယ် ။ မကြာခနဆိုသလို လူပွဲစားတွေကစွန့် ပစ်ထားတဲ့အတွက်အစာရေစာပြတ်ပြီးဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဟာ ထိုင်းမလေးနယ်စပ်မှာတွေ့ ရှိရပါတယ် ။

မြန်မာနိုင်ငံသားတွေအနေနဲ့ အလုပ်အကိုင် ရှာဖွေဖို့အတွက်လာကြရင်းနဲ့အခုလို မျိုးလူကုန်ကူးသူတွေရဲ့ သားကောင်တွေဖြစ်ကြရပါတယ် ။

Credit   ပုံ- ထိုင်းစစ်တပ်..........SAW


မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border