in Agenda

                                             

ထိုင်းနိုင်ငံတောင်ပိုင်းလိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ်အတွင်းကဖြစ်ပွားခဲ့တဲ့ ဗြိတိန်ခရီးသွားစုံတွဲသတ်ဖြတ်ခံရမှုမှာ ပြစ်မှုကျူးလွန်တယ်ဆိုပြီး သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မြန်မာလုပ်သားနှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ဝင်းဇော်ထွန်းတို့ရဲ့ နောက်ဆုံးအယူခံကို ယခုနှစ်ကုန်ပိုင်းလောက်မှာ ချမှတ်ဖွယ်ရှိပြီးတော့ သူတို့နှစ်ဦးအနေနဲ့ သေဒဏ်ပြစ်ဒဏ်ကနေ လွတ်မြောက်မယ်ဆိုတာယုံကြည်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

ဇော်လင်းနဲ့ဝင်းဇော်ထွန်းတို့ရဲ့ ဥပဒေအရအယူခံအဆင့်ဆင့်ကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ထိုင်းအမြင့်ဆုံး ဗဟိုတရားရုံးချုပ်ကိုရောက်ရှိခဲ့ပြီးဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လ  ၂၉ ရက်နေ့မှာတော့ အယူခံလွှာကို တင်သွင်းခဲ့တာဖြစ်ပြီးတော့ အယူခံအမိန့်ချမှတ်ဖို့ စောင့်ဆိုင်းနေတာလည်းဖြစ်ပါတယ် ထိုင်းအစိုးရတရားရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် အယူခံအမိန့်တွေဟာ ၆ လအတွင်း ချမှတ်လေ့ရှိပေမယ့် ဇော်လင်းနဲ့ဝင်းဇော်ထွန်းတို့ရဲ့ အယူခံကတော့ ၉ လနီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း အမိန့်ချမှတ်သေးခြင်းမရှိသေးပေမယ့် ယခုနှစ်ကုန်ပိုင်းလောက်မှာတော့ အမိန့်ချမှတ်ဖွယ်ရှိကြောင်း မျှော်လင့်ရတယ်လို့ ရှေ့နေဦးအောင်မျိုးသန့်ကပြောပါတယ်။

“ထိုင်းနိုင်ငံရဲ့ဥပဒေအရပေါ့ တကယ်တမ်းဆိုရင် ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်ကတည်းက ထိုင်းအစိုးရရှေ့နေဘက်ကကော ခုခံတဲ့အန်ကယ်တို့ဘက်ကကော လျှောက်လဲချက်တွေပေးပြီးပါပြီ တကယ်တမ်းသူတို့ရဲ့ပြောဆိုချက်အရ ၆ လကြာရင် အမိန့်ချတတ်တယ်လို့ ပြောဆိုချက်တွေရှိပါတယ် ဒါပေမယ့် အခုက ၉ လလောက်ရှိပါပြီ အမိန့်ကထွက်မလာသေးပါဘူး အန်ကယ်ကတော့မြင်တယ် အများဆုံးဒီနှစ်ကုန်လောက်တော့ ဖြစ်မယ်လို့ယုံကြည်ပါတယ်” လို့ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

ဒါ့အပြင် အယူခံအမိန့်ထွက်လာခဲ့ပါက သေဒဏ်အမိန့်ကပြောင်းလဲမှုမရှိခဲ့ပါက ဥပဒေအရ အယူခံခွင့်က ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ထိုင်းဘုရင်မင်းမြတ်ဆီကို အယူခံတင်ဖို့ပဲ ကျန်ရှိတော့မှာဖြစ်ပေမယ့် နောက်ဆုံးအချိန်ထိ ဇော်လင်းနဲ့ဝင်းဇော်ထွန်းတို့ သေဒဏ်ကနေလွတ်မြောက်မယ်လို့ ယုံကြည်တယ်လို့လည်း ဦးအောင်မျိုးသန့်က ပြောပါတယ်။

“အယူခံလျှောက်လဲချက်ကကောင်းပေမယ့် ပြစ်ဒဏ်ပြောင်းလဲမှုမရှိဘူးဆိုရင် နောက်ဆုံးဥပဒေအရ တောင်းဆိုခွင့်မရှိတော့ပါဘူး ထိုင်းဘုရင်မင်းမြတ်ထံကို အသနားခံစာတင်ဖို့ပဲရှိပါတယ် ကာလစည်းကမ်းချက် တစ်လအတွင်းမှာ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာတင်နိုင်ဖို့ ကြိုးစားဆောင်ရွက်မှာပါ ဒါပေမယ့် ဒီနေ့အထိတော့ အန်ကယ်မျှော်လင့်ချက်ကတော့ ကလေးတွေက သေဒဏ်ပြစ်ဒဏ်ကနေ ပြောင်းလဲတဲ့အမိန့်ရရှိမယ်လို့ ယုံကြည်ပါတယ်” လို့ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်းလို့လူသိများတဲ့ ကော့သောင်ကျွန်းမှာ ဗြိတိန်ခရီးသွားစုံတွဲ အသတ်ခံရမှုမှာ အလုပ်သမားနှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ဝင်းဇော်ထွန်းတို့ကို လူသတ်မှု မုဒိမ်းမှု ပစ္စည်းလုယက်မှု နိုင်ငံတွင်းတရားမ၀င်နေထိုင်မှုအပါအ၀င် အမှုပေါင်း ၇ ခုနဲ့ စွဲချက်တင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။
Credit.....https://www.myanmarlivenews.com

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border