Basic Labor Law
September 4, 2026
၁) ပုံမှန်အလုပ်လုပ်ချိန်
- အလုပ်သတ်မှတ်ချိန် ပုံမှန်အလုပ် တစ်နေ့လျှင် ၈ နာရီထက်မကျော်ရ။
- အလုပ်ရှင် နှင့် အလုပ်သမားကြားသဘောတူညီချက်အရ ရက်သတ္တပတ်လျှင် ၄၈နာရီထက်မကျော်ရ။
- အကယ်၍ အနတရာယ်ဖြစ်စေတတ်သောအလုပ်များ (မြေအောက်၊ ရေအောက် လှိုင်ခေါင်းလုပ်ငန်း၊ တွင်းတူးလုပ်ငန်း၊ အလင်းရောင်နည်းသည့်လုပ်ငန်းတွေမှာ တစ်နေ့လျှင် ၇ နာရီထက်မကျော်ရ။

၂) အလုပ်နားချိန်
- ၅ နာရီတိုင်အဆက်မပြတ် အလုပ်လုပ်လာပြီးနောက် တစ်ရက်တွင် အနည်းဆုံးနားချိန် ၁ နာရီ ရရှိရမည်။
- -အလုပ်ရှင်နှင့် အလုပ်သမားကြားသဘောတူညီချက်အရ ၁-၂ နာရီ အလုပ်ကိုလုပ်လာပြီးနောက် ၁၅ မိနစ် နားချိန်ရရှိရမည်။
- အကယ်၍ ကုန်စုံဆိုင်လုပ်ငန်းတွေမှာ အလုပ်ရှင်က ပုံမှန်အလုပ်လုပ်ချိန်နှင့် နားချိန်တွေမှာ အတိအကျမသတ်မှတ်နိုင်ပဲ လုပ်ငန်းရဲ့အခြေအနေပေါ်မှုတည်ပြီး နားနိုင်သည်။
- ပုံမှန်အလုပ်လုပ်ချိန်ထက်ကျော်လွန်ပြီး အချိန်ပိုလုပ်ငန်းတွေမှာ အချိန်ပိုမစမီ အနည်းဆုံး မိနစ် ၂၀ နားချိန်ပေးရမည်။

၃) ခွင့်ရက်
- အလုပ်သမားတိုင်း နေမကောင်းသည့်အခါ နားခွင့်ရှိသည်။ ၃ ရက်နှင့်အထက်နေမကောင်းလျှင် ဆေးရုံထောက်ခံစာပြရမည်။ အကယ်၍ ဆေးထောက်ခံစာမရှိလျှင် ခိုင်လုံသည့်အချက်အလက်များရှင်းပြနိုင်ရမည်။ ဥပမာ – လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရခြင်း။
- အလုပ်သမားတိုင်း အရေးကြီးသည့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များလုပ်ဆောင်နိုင်ရန် အတွက် တစ်နှစ်မှာ ၃ ရက်ခွင့်ယူနိုင်သည်။
- ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားတိုင်း မီးဖွားခွင့်ရက်ပေါင်း ၉၈ ခံစားပိုင်ခွင့်ရှိသည်။ (အဖေက ၃၀ ရက်နားခွင့်ရှိသည်)
- အလုပ်သမားတိုင်း မိမိအသိပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တမ်းများ သွားရောက်သင်ယူလေ့လာခွင့်ရှိသည်။ သို့သော် အလုပ်ရှင်ထံ (၇) ရက်ကြိုတင်ခွင့်တောင်းခံရမည်။

၄) နားရက်အလုပ်လုပ်ခွင့် နှင့် အချိန်ပိုအလုပ်
- အကယ်၍ အချိန်ပိုအလုပ်လုပ်ရန်အတွက် အလုပ်ရှင်က ကြိုတင်ပြီး အကြောင်းကြားရမည် အလုပ်သမား၏ သဘောတူညီမှုလည်းပါရှိရမည်။
- အကယ်၍ အရေးပေါ် အရေးကြီးလုပ်ငန်းမျိုး ဥပမာ ဟော်တယ်လုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ ဆေးရုံအစရှိသော လုပ်ငန်းများအတွက် အလုပ်သမား၏ သဘောတူညီမှုအရ သတ်မှတ်ထားသောအချိန်အထိ လုပ်ဆောင်နိုင်သည်။ သို့သော် တစ်ပတ်လျှင် ၃၆ နာရီထက်မကျော်စေရ။

၅) နားရက်အခွင့်အရေး
- အလုပ်ရက်သတ္တပတ်တွင် ၁ ရက်နားခွင့်ရှိသည်။ ဥပမာ ဟိုတယ်လုပ်ငန်း (သို့) အခြားလုပ်ငန်းတွေမှာ အလုပ်သမားဥပဒေနှင့်အညီ ပုံမှန်အားလပ်ရက်များကို ၄ ပတ်စာအထိ စုဆောင်းနိုင်သည်။
- ဓလေ့ရိုးရာအတွက် တစ်နှစ်တွင် ၁၃ ရက်အထိ ပိတ်ရက်ခွင့်ရမည်။ (အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အပါအဝင်)
- အကယ်၍ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း စသည့် လုပ်ငန်းများတွင် နားရက်ကိုအလုပ်ရှင်နှင့် ညှိနှိုင်းနိုင်သည်။ (သို့) နားရက်တွင်မနားပဲ အလုပ်ဆက်လုပ်ရန်အတွက် အလုပ်ရှင်ကနေ့စားခကို ၂ ဆ ပေးချေရမည်။
- လုပ်သက် ၁ နှစ်ပြည့်သောအလုပ်သမားတိုင်း ၆ ရက်ထက်မပိုသော နှစ်စဉ်နားရက်ခံစားခွင့်ရှိသည်။

၆) လျော်ကြေးနှင့်လုပ်အားခ
- လုပ်ငန်းတိုင်းတွင် တစ်နေ့လုပ်ချိန် ၈ နာရီဖြစ်ပြီး၊ တစ်နေ့လုပ်အားခကို လက်ရှိဥပဒေအတိုင်း ပေးဆောင်ရမည်။
- လုပ်အားခကို ငွေသားအဖြစ် ပေးချေရမည်။
- အကယ်၍ လိုအပ်ချက်အရ အလုပ်နားရက်တွင် အလုပ်လုပ်ရန်အတွက် အလုပ်သမားမှ သဘောတူခဲလျှင် သာမန်လုပ်အားခ၏ ၁ ဆ ထက်မနည်းသော လုပ်အားခ ရပိုင်ခွင့်ရှိသည်။
- အကယ်၍ အလုပ်နားရက်တွင် အလုပ်သမားသည် လုပ်အားခရရှိနေသော်လည်း နားရက်တွင် အလုပ်လုပ်နေရပါက သာမန်လုပ်အားခ၏ ၂ ဆ ထက်မနည်းသော လုပ်အားခရပိုင်ခွင့်ရှိသည်။
- အကယ်၍ အလုပ်နားရက်တွင် အချိန်ပိုအလုပ် လုပ်ရလျှင် အနည်းဆုံး တစ်နာရီလုပ်အားခ၏ ၃ ဆ ထက်မနည်းသော အချိန်ပိုခကိုပေးရမည်။
