
ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေ 2522 အရ ထိုင်းနိုင်ငံတွင် ရက်ပေါင်း 90 ထက် နေထိုင်ခွင့်ပြုထားသော နိုင်ငံခြားသားများ သို့မဟုတ် ရွှေ့ပြောင်းအလုပ်သမားများသည် ရက်ပေါင်း 90 တိုင်း ထိုင်းအာဏာပိုင်များထံသို့ 90 Days Report ( ရက် ၉၀ တိုင်ကြားခြင်း ) ပြုလုပ်ရမည်။
သင်ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးထံ လွှဲအပ် လုပ်ဆောင်နိုင်သည်။
ရက် 90မတိုင်မီ 15 ရက် သို့မဟုတ် 7 ရက်အကြာတွင် ပြုလုပ်တိုင်ကြားနိုင်သည်။
သတ်မှတ်ရက်ထက် နောက်ကျပါက ဒဏ်ငွေ 2,000 ဘတ် ပေးဆောင်ရမည်။

ပြင်ဆင်ရန်လိုအပ်သောစာရွက်စာတမ်းများ
(၁) စာရွက်စာတမ်း ( အလုပ်သမား )
– နိုင်ငံကူးလက်မှတ်မိတ္တူ
– Visa စာမျက်နှာ မိတ္တူ
– Arrival Card မိတ္တူ။
– အိမ်လိပ်စာ မိတ္တူ
– အလုပ်လုပ်ကိုင်ခွင့်လက်မှတ်စာမျက်နှာ မိတ္တူ
(၂) အလုပ်ရှင်ထံမှ စာရွက်စာတမ်း
– အလုပ်ရှင် မှတ်ပုံတင် (ID) မိတ္တူ
– အလုပ်ရှင် အိမ်ထောင်စုစာရင်း မိတ္တူ
– စက်ရုံ သို့မဟုတ် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီခွင့် စာရွက်စာတမ်းပါရမည်။
(၃) ပုံစံ (TM. 47) ကိုဖြည့်ပါ။
– အမည်အပြည့်အစုံ
– နိုင်ငံသား
– ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့်နေ့
– Passport နံပါတ်
– Arrival Card ဂဏန်း ၆ လုံး
– လိပ်စာ
– ထိုင်းနိုင်ငံသို့ ရောက်ရှိလာပုံ (ကား၊ ဘတ်စ်ကား၊ လေယာဉ်)
– ဖုန်းနံပါတ်
– လက်မှတ် (Sign)



