
ထိုင်းနိုင်ငံ ယာဥ်စည်းကမ်းထိန်းသိမ်းရေးဥပဒေ နှင့် ငွေဒဏ်
- ယာဥ်မောင်းနှင်နေချိန် ယာဥ်မောင်းသူနှင့် ယာဥ်ထိုင်ခုံခါးပတ် အမြဲပတ်ထားရမည်။
- ယာဥ်နောက့်ပွင့်တွင် (၆) ဦး အထက် မထိုင်ရန် နှင့် ယာဥ်မောင်းနေချိန်တွင် နောက်ပိတ်တံခါးကို အမြဲပိတ်ရမည်။
- ယာဥ်ပေါ်တွင် လိုက်ပါစီးနှင်းသူ ရှိပါက ၁ နာရီကို ကီလိုမီတာ ၆၀ အထက် မမောင်းရန် နှင့် ယာဥ်ကို ဘယ်ဖက်အစွန်းနဲ့ကပ်ပြီး မောင်းရမည်။
- အသက် (၆) နှစ် မပြည့်သေးသောကလေး နှင့် အရပ် ၁၃၅ စင်တီမီတာအမြင့် မရှိသောသူ ယာဥ်နောက်ပွင့်တွင်မထိုင်ရ။
- ယာဥ်နောက်ခန်းတွင် ၃ ယောက်အထက်မထိုင်ရ။
- ယာဥ်နောက်ပွင့်တွင် လိုက်ပါစီးနှင်းသူများ မတ်တပ်ရပ်ခြင်းမပြုရ။
- ယာဥ်နောက်ပွင့်တွင် တယောက်နှင့်တယောက် ဆင့်မထိုင်ရန်နှင့် ယာဥ်အစွန်းဖြစ်သည့် နေရာတွင်လည်း ကပ်ပြီးမထိုင်ရ။
ထိုင်းနိုင်ငံ ယာဥ်စည်းကမ်းထိန်းသိမ်းရေးဥပဒေ နှင့် ငွေဒဏ်
| သတ်မှတ်နှုန်းထက်အမြန်နှုန်းမြှင့်တင်မောင်းနှင်ခြင်း – | ငွေဒဏ် ဘတ် ၄၀၀၀ |
| ယာဥ်မနားရ သတ်မှတ်နေရာများတွင် ရပ်နားခြင်း – | ငွေဒဏ် ဘတ် ၂၀၀၀ |
| လမ်းပြောင်းပြန်မောင်းနှင်ခြင်း – | ငွေဒဏ် ဘတ် ၂၀၀၀ |
| အခြားသူများ၏ အသက် အိုးအိမ်အန္တရာယ်အား အလေးမထားပဲ မောင်းနှင်ခြင်း – | ထောင်ဒဏ် ၁ နှစ် / ငွေဒဏ် ဘတ် ၅၀၀၀ – ၂၀၀၀၀ / ပြစ်ဒဏ် နှစ်ရပ်စလုံး |
| မီးပွိုင့်နီနေစဥ် ဖြတ်သန်းမောင်းနှင်ခြင်း – | ငွေဒဏ် ဘတ် ၄၀၀၀ |
| ဆိုင်ကယ်မောင်းနေချိန်တွင်ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း – | ငွေဒဏ် ဘတ် ၂၀၀၀ |
| ယာဥ်ထိုင်ခုံခါးပတ် မပတ်ခြင်း – | ငွေဒဏ် ဘတ် ၂၀၀၀ |
| လူကူးမျဥ်းကြားတွင် ယာဥ်မရပ်ပေးခြင်း – | ငွေဒဏ် ဘတ် ၄၀၀၀ |

