in Agenda

                     

                                    အထောက်ထားမဲ့မြန်မာ(၁၉)ဦးအဖမ်းခံရ

ထိုင်းနိုင်ငံ ပါကျွတ်ခီးလီးခံခရိုင် ဟော်(ရ်)စိုင်ရပ်ကွက်ရှိ ထိုင်းစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်လာသည့်
အီဇူဇူး အပြာရောင် (ဘတ ၇၇၄၃ ချွန်ဖော်) ကားတစ်စီကို ရပ်တန့်စစ်ဆေးခဲ့ရာတွင် တရားမ၀င်
ထိုင်းနိုင်ငံသို့ ၀င်ရောက်လာကြသည့် မြန်မာနိုင်ငံသား(၁၉)ဦးနှင့် ကားမောင်းသူအပါဝင် ထိုင်းနိုင်ငံသား
(၃)ဦးတို့ကို ယနေ့(၃၀.၁.၂၀၁၉) နံနက် (၂)နာရီခန့်တွင် ဖမ်းဆီးရမိကြောင်းသိရသည် ။

စစ်ဆေးချက်အရ မြန်မာနိုင်ငံသား (၁၉ )ဦးသည် နိုင်ငံကူးလတ်မှတ်များ မည့်သည့်စာရွက်စာတမ်းများမရှိဘဲ
ထိုင်းမြန်မာနယ်စပ်ကနေတဆင့် မလေးရှားနိုင်ငံသို့သွားကြမည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်းသိရသည် ။

ထိုင်းနိုင်ငံသားကားမောင်းနှင့် တရားခံ(၃)ဦးကိုလည်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Credit.....Labour Hittai
 
 
 

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border