FM 102.5 MHz
  • ပင်မစာမျက်နှာ
  • သတင်း
    • သိကောင်းစရာ ဥပဒေဆိုင်ရာ အချက်အလက်များ
    • မူဝါဒ
  • အသံလွှင့်သူများ
  • နေ့စဥ်အသံလွှင့်အချိန်ဇယား
    • အွန်လိုင်းမှ နားဆင်သူအရေအတွက်
  • လှုပ်ရှားမှုများ
  • ဆက်သွယ်ရန်
Donate
နယ်စည်းမခြားဒို့အသံများ

FM 102.5 MHz

မက်(ပ်) ရေဒီယိုမှ ကြိုဆိုပါသည်

Live Show Image

တိုက်ရိုက်ထုတ်လွှင့်ခြင်

တနင်္လာ - သောကြာ၊ နံနက် ၉ - ညနေ ၆ နာရီ

Live
About Image
ABOUT US

မက်(ပ်) ရေဒီယို ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း

မက်(ပ်) ရေဒီယို ဖြစ်ပေါ်လာပုံ အကျဉ်းသမိုင်း ကျန်းမာရေး နှင့်ရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဘဝအခြေအနေများကို လေ့လာဆောင်ရွက်သည့် အဖွဲ့အစည်းမှ ဖွဲ့စည်းတည်ထောင်ထားသော မက်(ပ်) ရေဒီယိုအသံလွှင့်ဌာနသည် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝအခြေအနေ ပိုမိုကောင်းမွန်လာစေရန်၊ စားဝတ်နေရေးနှင့် လူမှုဘဝဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် ရည်ရွယ်၍ ရေဒီယိုအစီအစဉ်များကို ထုတ်လွှင့်ပေးခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားအများစုသည် မိမိတို့၏ မွေးရပ်နိုင်ငံတွင် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရပြီး ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာကြသည့်အခါတွင် နေထိုင်ရေး၊ အလုပ်သမားကဒ် ရရှိရေးနှင့် ကိုင်ဆောင်ရေး၊ ထိုင်းနိုင်ငံ၏ ဥပဒေများကို နားလည်လိုက်နာရေး၊ ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ဆေးရုံများတွင် ကုသခွင့်ရရှိရေး စသည့် အခက်အခဲများကို ရင်ဆိုင်ကြရသည်။ ထို့အပြင် ထိုင်းလူမှုအသိုင်းအဝိုင်းများနှင့် ဆက်ဆံရေး၊ ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် ဆက်ဆံရေးတို့တွင်လည်း အခက်အခဲများ ရှိတတ်သည်။ ထိုပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် လိုအပ်သည့် အသိပညာများ ရရှိစေရန် မက်(ပ်) ရေဒီယိုမှ အသိပညာပေးအစီအစဉ်များ ထုတ်လွှင့်ပေးခဲ့သည်။ အိမ်တွင်းအလုပ်သမားများ၊ အိမ်အကူများနှင့် ကိုယ်တိုင်အခန်းငှား၍ နေထိုင်ကြသော အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ရေဒီယိုအစီအစဉ်များမှတစ်ဆင့် ကူညီဖြေရှင်းပေးခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် MAP အဖွဲ့သည် ထိုင်းနိုင်ငံမှ ထုတ်လွှင့်သော AM ၁၄၇၆ ရေဒီယိုလှိုင်းမှတစ်ဆင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ရှမ်းဘာသာနှင့် ကရင်ဘာသာတို့ဖြင့် ဇာတ်လမ်းတိုများ၊ သတင်းများ၊ ဆောင်းပါးများနှင့် အသိပညာပေးအစီအစဉ်များကို ထုတ်လွှင့်ခဲ့သည်။ အဆိုပါ AM ၁၄၇၆ ရေဒီယိုလှိုင်းကို ထိုင်းနိုင်ငံအတွင်းသာမက မြန်မာနိုင်ငံအတွင်းရှိ နားဆင်သူများကလည်း ကြားနာနိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ် ဧပြီလတွင် ချင်းမိုင်မြို့၌ ပထမဆုံးတည်ထောင်ခဲ့သည့် FM ၉၃ ရေဒီယိုအသံလွှင့်ဌာနမှ အစီအစဉ်များ ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်းတွင် FM ၉၉ ရေဒီယိုအသံလွှင့်ဌာနအဖြစ် ပြောင်းလဲခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် MAP အဖွဲ့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ FM ၉၉ ရေဒီယိုလှိုင်းမှတစ်ဆင့် “စိန်ထိမ်ဟိန်းမိုင်” အမည်ဖြင့် အသိပညာပေးသတင်းများ၊ သီချင်းများနှင့် အခြားအစီအစဉ်များကို တစ်ပတ်လျှင် တစ်ရက်၊ တစ်နာရီကြာ ထုတ်လွှင့်ခဲ့သည်။ ထိုအစီအစဉ်များကြောင့် မက်(ပ်) ရေဒီယိုသည် တိုင်းရင်းသားရွှေ့ပြောင်းအလုပ်သမားများအတွက် ယုံကြည်အားထားရသည့် မိတ်ဆွေတစ်ဦးကဲ့သို့ ဖြစ်လာခဲ့သည်။ အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကို ရင်ဖွင့်တိုင်ပင်နိုင်သည့် နေရာတစ်ခုဖြစ်လာသည့်အပြင် အသိပညာများ ဖလှယ်နိုင်သည့် ရေဒီယိုလှိုင်းတစ်ခုအဖြစ်လည်း တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့သည်။ ၂၀၀၈ ခုနှစ် ဧပြီလတွင် MAP အဖွဲ့သည် FM ၉၉ ရေဒီယိုအသံလွှင့်ဌာန၌ အချိန်ပြည့် ထုတ်လွှင့်ခွင့်ရရှိခဲ့သည်။ ထို့နောက် အသံလွှင့်ရုံးကို ကျန်းမာရေးနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝအခြေအနေများကို လေ့လာဆောင်ရွက်သည့် MAP ရုံးနှင့် နီးစပ်သည့်နေရာသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် ရေဒီယိုအစီအစဉ်များကို FM ၉၉ ရေဒီယိုလှိုင်းမှတစ်ဆင့် ဆက်လက်ထုတ်လွှင့်ခဲ့ပြီး အသံလွှင့်ဌာနကို “MAP အသံလွှင့်ဌာန FM ၉၉” ဟု ခေါ်ဝေါ်လာခဲ့သည်။၂၀၂၆ ခုနှစ်တွင် FM ၉၉ မှ FM ၉၇.၅ ပြောင်းလဲခဲ့ပြီး အစီအစဉ်များကို ဆက်လက်ထုတ်လွှင့်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် MAP အဖွဲ့သည် မဲဆောက်မြို့နယ်၌ ရုံးခွဲတစ်ခု ဖွင့်လှစ်ခဲ့ပြီး FM ၁၀၂.၅ ရေဒီယိုလှိုင်းမှတစ်ဆင့် အစီအစဉ်များ ထုတ်လွှင့်ခဲ့သည်။ မဲဆောက်ဒေသသည် ရွှေ့ပြောင်းအလုပ်သမားများ ရေရှည်နေထိုင်ကာ စက်ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် ဒေသတစ်ခုဖြစ်သည်။ ထို့ကြောင့် MAP ရေဒီယိုသည် ထိုဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် အသိပညာပေးနှင့် သတင်းအချက်အလက်များ ရရှိနိုင်သည့် အရေးပါသော ရေဒီယိုလှိုင်းတစ်ခု ဖြစ်လာခဲ့ပြီး အလုပ်သမားများကလည်း လက်ခံနှစ်သက်စွာ နားဆင်လာခဲ့ကြသည်။

See More
ON-AIR SCHEDULE

နေ့စဉ်အသံလွှင့်အချိန်ဇယား

  • တနင်္လာ
  • အင်္ဂါနေ့
  • ဗုဒ္ဓဟူးနေ့
  • ကြာသပတေး
  • သောကြာ

09:00 - 10:00

MAP Radio

10:00 - 11:00

ခင်ပြည့်ဝ ၊ မဝေ

11:00 - 12:00

MAP Radio

12:00 - 13:00

MAP Radio

13:00 - 14:00

MAP Radio

14:00 - 15:00

ခင်ပြည့်ဝ

15:00 - 16:00

MAP Radio

16:00 - 17:00

ကိုသုတအောင်

17:00 - 17:30

MAP Radio

17:30 - 17:50

ခင်ပြည့်ဝ

09:00 - 10:00

MAP Radio

10:00 - 11:00

ခင်ပြည့်ဝ ၊ မဝေ

11:00 - 12:00

MAP Radio

12:00 - 13:00

Chit Shane Oo

13:00 - 14:00

MAP Radio

14:00 - 15:00

ခင်ပြည့်ဝ

15:00 - 16:00

MAP Radio

16:00 - 17:00

မေ

17:00 - 17:30

MAP Radio

17:30 - 17:50

ခင်ပြည့်ဝ

09:00 - 10:00

MAP Radio

10:00 - 11:00

ခင်ပြည့်ဝ ၊ မဝေ

11:00 - 12:00

ကိုဝင်းဇော်ဉီး ၊ မဝေ

12:00 - 13:00

MAP Radio

13:00 - 14:00

MAP Radio

14:00 - 15:00

ခင်ပြည့်ဝ

15:00 - 16:00

MAP Radio

16:00 - 17:00

Sayama Paw Paw

17:00 - 17:30

MAP Radio

17:30 - 17:50

ခင်ပြည့်ဝ

09:00 - 10:00

MAP Radio

10:00 - 11:00

ခင်ပြည့်ဝ ၊ မဝေ

11:00 - 12:00

ကိုဝင်းဇော်ဉီး ၊ မဝေ

12:00 - 13:00

Chit Shane Oo

13:00 - 14:00

Jue Jue Safe Space

14:00 - 15:00

ခင်ပြည့်ဝ

15:00 - 16:00

MAP Radio

16:00 - 17:00

ကိုသုတအောင်

17:00 - 17:30

MAP Radio

17:30 - 17:50

ခင်ပြည့်ဝ

09:00 - 10:00

MAP Radio

10:00 - 11:00

ဆရာမိုး

11:00 - 12:00

ခင်ပြည့်ဝ

12:00 - 13:00

MAP Radio

13:00 - 14:00

Aung Paing Oo

14:00 - 15:00

MAP Radio

15:00 - 16:00

MAP Radio

16:00 - 17:00

မေ

17:00 - 17:30

MAP Radio

17:30 - 17:50

ခင်ပြည့်ဝ

MUSIC SHOW

ရွေ့ပြောင်းအလုပ်သမားအတွက် အကောင်းဆုံးရေဒီယို အစီအစဉ်

မက်(ပ်)ရေဒီယိုအသံလွှင့်ဌာနတွင် ထိုင်းနိုင်ငံအတွင်းရှိ နောက်ဆုံးပြည်တွင်းသတင်းနှင့် ပြည်ပသတင်းများကို နားဆင်နိုင်ပါသည်။ ရေဒီယိုအစီအစဉ်များမှာ တရားဓမ္မ၊ ကျား/မ တန်းတူညီမျှမှု၊ ရွှေ့ပြောင်းအလုပ်သမားနှင့် အမျိုးသမီးများ၏ အခွင့်အရေး၊ ကျန်းမာရေးပြဿနာများ စသည်တို့အကြောင်း ဖြစ်ပါသည်။ မက်(ပ်)ရေဒီယိုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးသည့်နေရာသာမက ထင်မြင်ချက်များဖော်ပြသည့်နေရာလည်းဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံမှုများရှိသည်။ မက်(ပ်)ရေဒီယိုသည် ရွှေ့ပြောင်းအလုပ်သမားများကို အားပေးပြီး ထုတ်ဖော်ပြောဆိုရာနေရာလည်း ဖြစ်ပါသည်။

0 +K

သောတရှင်များ

0 +

အသံလွှင့်သူများ

DJ

Our Expert

Explore More
Team Images

ခင်ပြည့်ဝ

Team Images

ကိုသုတအောင်

Team Images

ဝင်းဇော်ဦး၊ မဝေ

Team Images

ပီတာ

TESTIMONIAL

Our Lovely Listener

Team Images

ရွှေဝါနွယ်

Migrant

မင်္ဂလာပါ မက်(ဖ်)ရေဒီယို အဖွဲ့သားတို့ရှင်…
ညီမကတော့ ထာဝရပရိသတ်ပါ။ စိတ်ပညာ ဆရာချစ်ဦးညိုရဲ့ ဟောပြောချက်တွေက အားဆေးတစ်ခွက်လို ဖြစ်ပြီး၊ ရေကြည်ရာ အစီအစဉ်ကြောင့် မိဘတွေရဲ့ ကျေးဇူးနဲ့ သားသမီးတွေရဲ့ ချွေးနဲစာကို ပိုပြီး နားလည်လာပါတယ်။ ကိုယ့်အကြောင်းလေး ပြောခွင့်ရလို့ ကျေးဇူးအထူးပါ။
အားလုံး ကျန်းမာချမ်းသာပြီး ပြည့်စုံသာယာကြပါစေ…

– ထာဝရပရိသတ် (more…)

Team Images

လမင်း

Migrant

မင်္ဂလာပါ မက်ဒ် FM အဖွဲ့သားတို့ရှင်…
ညီမက မက်ဒ် FM ရဲ့ နေ့စဉ် ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေကို နေ့တိုင်း မပျက်မကွက် နားဆင်နေပြီး အထူးသဖြင့် စေတနာအပြည့်နဲ့ တင်ဆက်ပေးတဲ့ စာဖတ်အစီအစဉ်လေးကို အရမ်းသဘောကျပါတယ်။
ပေးစာတွေကို ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ တကယ်လို့ အချိန်မရှိလို့ စာအိတ်မပါဘဲ လက်ထဲမှာပဲ ပေးလိုက်ရတာကို နားလည်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ရပါတယ်။
ညီမရဲ့ စာတွေကို ဖတ်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဒီလိုနားထောင်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ရင်း အားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေရှင်။ (more…)

Team Images

လမ်းပြကြယ်လေး

Migrant

မင်္ဂလာပါ M.A.P. Radio အဖွဲ့သားတို့ရှင်… ပန်းခြံနောက် သုံးဆယ် စက်ရုံက အမြဲအားပေးနေပါတယ်။ အစီအစဉ်တွေက ဝေဖန်စရာမရှိအောင် ကောင်းပြီး အားဆေးတစ်ခွက်လို ခွန်အားဖြစ်ရပါတယ်။ သီချင်းကောင်းတွေနဲ့အတူ ခိုင်လင်းရဲ့ ‘ကျောင်းကြီးပေါ်မှာ မောင်မဆော့ပါ’ ဇာတ်လမ်းလေး လွှင့်ပေးစေချင်ပါတယ်ရှင်။ အမြဲအားပေးနေမှာဖြစ်ပြီး စိတ်လှသူ၊ အကောင်းပြောသူနဲ့ ဆုံးမပေးသူကို ပိုတန်ဖိုးထားပါဆိုတဲ့ စကားလေး လက်ဆောင်ပါးလိုက်ပါတယ်ရှင်။ (more…)

Team Images

သက်ထားနှင်းဆီ

Migrant

 


မင်္ဂလာပါ Map FM အဖွဲ့သားတို့ရှင်… သုံးထပ်စက်ရုံက သက်ထားနှင်းဆီပါ။

စာဖတ်အစီအစဉ်ကို အရမ်းကြိုက်လို့ စာဖတ်ပေးတဲ့ ကိုရောင်စဉ်နဲ့ ကိုချမ်းမြေ့ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင်။ ကျေးဇူးတင်စကားအဖြစ် စာစုလေးတစ်ခု လက်ဆောင်ပေးပါရစေ…

“စေတနာမသိတတ်သူတွေအတွက် အနစ်နာခံမနေဘဲ မသိချင်ယောင်ဆောင်နေလိုက်ပါ”

အားလုံး ဘဝနဲ့ဆန္ဒ တစ်ထပ်တည်းကျပါစေရှင်။ (more…)

BLOG

Our Latest News

View More
saipi 04 Sep 2026

PDPA (ကိုယ်ရေးကိုယ်တာ အချက်အလက်ကာကွယ်ရေးဥပဒေ)

Read More
saipi 04 Sep 2026

မွေးကင်းစ ကလေးများ မီးဖွားလက်မှတ်လျှောက်ရန်အဆင့်ဆင့်

Read More
Donors and Partners

Our Lovely Partner

Sponsor Image
Sponsor Image
Sponsor Image
Sponsor Image
Sponsor Image
Sponsor Image
Sponsor Image
Sponsor Image

Voices without border

MAP Radio serves the Burmeses migrant community in Mae Sot with vital information, culture, and connection.

Useful Link

  • Terms Of Use
  • Privacy Policy
  • Feedback
  • Report An Issue
  • Sitemap
  • FAQ
  • Advertise

contact info.

Phone Number

055-536-381

Email Address

mapradio102@gmail.com

FM 102.5 MHz

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot

Download App

App Downloads for Android

© 2025 radiostation. All Rights Reserved