FM 102.5 MHz
  • ပင်မစာမျက်နှာ
  • သတင်း
    • သိကောင်းစရာ ဥပဒေဆိုင်ရာ အချက်အလက်များ
    • မူဝါဒ
  • အသံလွှင့်သူများ
  • နေ့စဥ်အသံလွှင့်အချိန်ဇယား
    • အွန်လိုင်းမှ နားဆင်သူအရေအတွက်
  • လှုပ်ရှားမှုများ
  • ဆက်သွယ်ရန်
Donate

FM 102.5 MHz

မက်(ပ်) ရေဒီယို ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း

ကျန်းမာရေးနှင့် ရွှေ့ပြောင်း အလုပ်သမား ဘဝကို လေ့လာသော အဖွဲ့အစည်း၏ လက်အောက်ခံတွင်တည်ရှိသောမက်(ပ်) ရေဒီယိုအသံလွှင့်ဌာန (MAP Radio) သည်ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝတိုးတက်ရေး၊ စားဝတ်နေရေး စသည်တို့ကို အားပေးကူညီနိုင်ရန် ရည်ရွယ်ပြီး ရေဒီယိုအသံလှိုင်း၌ အသံထုတ်လွှင့်ခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် မိမိနိုင်ငံမှ ဒုက္ခ မျိုးစုံကြုံကံခဲ့ရပြီး ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း အလုပ်သမားဘဝအဖြစ်ခိုလှုံနေထိုင်ရာတွင်လည်း နေထိုင်ရန်နေရာ၊ အလုပ်သမားကဒ်ကိုင်ဆောင် သည့်ပြဿနာ၊ ထိုင်းနိုင်ငံ၏ ဥပဒေ၊ ကျန်းမာရေးပြဿနာ၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင် ငံအတွင်းရှိ ဆေးရုံံ၌ ကုသနိုင်ရန် အခွင့်အရေး၊ ထိုင်းလူမှု အသိုင်းအဝိုင်းများနှင့် ဆက်ဆံရေး၊ နယ်မြေအုပ်ချုပ်သည့် ထိုင်းတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်ဆံရေး စသည့် ပြဿနာများအတွက် ရေဒီယိုအသံလွှင့်ဌာနမှ အသိပညာပေးအစီအစဉ်ဖြင့် ကူညီပေးနိုင်ရန်အတွက် မက်(ပ်) ရေဒီယိုမှ တဆင့်ထုတ်လွှင့်ပေးပြီး၊ အိမ်တွင်းအလုပ်သမားများ ( အိမ်ဖော်) နှင့် မိမိကိုယ်တိုင် အခန်းဌားပြီး နေထိုင်သော အလုပ်သမားများအတွက် ကြုံတွေ့နေရသည့်အခက်အခဲများကိုလည်း ကူညီဖြေရှင်း ပေးသည်။

၁၉၉၆ ခုနှစ်တွင် မက်(ပ်) အဖွဲ့မှ ထိုင်းနိုင်ငံတွင် ထုတ်လွှင့်သော ရေဒီယိုအသံလွှင့်ဌာန AM ၁၄၇၆ MHz ၌ ဇာတ်လမ်းတိုများ၊ သတင်းများ၊ ဆောင်းပါးများ စသည့် ပညာပေးအစီအစဉ်များကို ရှမ်းဘာသာနှင့် ကရင်ဘာသာတို့ဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ထုတ်လွှင့်ခဲ့သည်။ ဤ AM ၁၄၇၆ MHz အသံလှိုင်းသည် ထိုင်းနိုင်ငံအတွင်းတွင်သာမက မြန်မာနိုင်ငံအတွင်းတွင်လည်းနား ဆင်နိုင်သည်။ ၂၀ဝ၃ ခုနှစ် ဧပြီလ အတွင်းတွင် ချင်းမိုင်၌ ပထမဆုံးတည်ထောင်သည့် ရေဒီယိုအသံ လွှင့်ဌာန FM ၉၃ MHz အားစန် ထန်တဖိတ်အူးထိုင်းဝန် ကန်ဂျမွန် ထိန်းချုပ်ပြီး ကျွန်ပတီပတ်ကန် လင်လူး ရေဒီယို ခုမ်ခွန်ဆိုင်စိမ်ဆန့် ခုမ်ခွန် အမည်ဖြင့် ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်းတွင် FM ၉၉ MHz အမည်ပြောင်းခဲ့သည်။

၂၀ဝ၄ ခုနှစ်တွင် ဖေဖော်ဝါရီလတွင် မက်(ပ်) အဖွဲ့သည် ထိုင်းနိုင်ငံချင်းမိုင်တွင် ပထမဆုံးအ ဖြစ် FM ၉၉ MHz ရေဒီယိုအသံလှိုင်း၌ “စိန်ထိမ်ဟိန်းမိုင်”အမည်ဖြင့် အသိပညာပေး သတင်းများ၊ သီချင်းများ စသည့် အစီအစဉ်ဖြင့် တစ်ပတ်တွင် တစ်ရက် တစ်နာရီ အချိန်ဖြင့် ထုတ်လွှင့်ခဲ့သည်။ ဤသို့ခဲ့သောကြောင့် တိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားများအတွက် သူငယ်ချင်းလိုခင်တွယ် လာခဲ့သလို အလုပ်သမားများကြုံတွေ့ရသည့် အခက်အခဲများကိုလည်း ရင်ဖွင့်ဖော်ဖြစ်လာခဲ့ရုံမက အသိပညာများဖလှယ်သည့် အသံလှိုင်း တစ်လှိုင်းလည်း ဖြစ်လာခဲ့သည်။

၂၀ဝ၈ ခုနှစ်ဧပြီလတွင် မက်(ပ်)အဖွဲ့သည် ရေဒီယိုအသံလွှင့်ဌာန FM ၉၉ MHz ၌ အချိန် ပြည့် အသံလွှင့်ခွင့်ရခဲ့သောကြောင့် အသံလွှင့်ရုံးကို ကျန်းမာရေးနှင့် ရွှေ့ပြောင်းအလုပ်သမားဘဝ လေ့လာသည့်ရုံးနှင့် နီးကပ်သည့်နေရာသို့ ပြောင်းရွှေ့လာသော်လည်း FM ၉၉ MHz ရေဒီယိုအ သံလှိုင်းဖြင့်သာဆက်လက်ထုတ်လွှင့်ပြီး အသံလွှင့်ဌာနကို မက်(ပ်) အသံလွှင့်ဌာန FM ၉၉ MHz ဟုခေါ်လာပြီး ၂၀ဝ၉ ခုနှစ်တွင်မက်(ပ်) ရုံးခွဲကိုမဲဆောက်òမိ့နယ်တွင် FM ၁၀၂.၅ MHz ဖြင့်ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာမြင့်စွာ နေထိုင်ပြီး စက်ချုပ်အလုပ်၊ စိုက်ပျိုးရေး အလုပ်များလုပ်ကိုင်သည့်ဒေသတွင် မက်(ပ်) ရေဒီယိုသည် ရွှေ့ပြောင်းအလုပ်သမားများ အတွက် အသိပညာပေးသည့်အသံလှိုင်းဖြစ်လာပြီးအလုပ်သမားများ လက်ခံပြီး နှစ်သက်နားထောင်သည့် အသံလှိုင်းဖြစ်လာသည်။

Voices without border

MAP Radio serves the Burmeses migrant community in Mae Sot with vital information, culture, and connection.

Useful Link

  • Terms Of Use
  • Privacy Policy
  • Feedback
  • Report An Issue
  • Sitemap
  • FAQ
  • Advertise

contact info.

Phone Number

055-536-381

Email Address

mapradio102@gmail.com

FM 102.5 MHz

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot

Download App

App Downloads for Android

© 2025 radiostation. All Rights Reserved