မင်္ဂလာပါ မက်ဒ် FM အဖွဲ့သားတို့ရှင်…
ညီမက မက်ဒ် FM ရဲ့ နေ့စဉ် ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေကို နေ့တိုင်း မပျက်မကွက် နားဆင်နေပြီး အထူးသဖြင့် စေတနာအပြည့်နဲ့ တင်ဆက်ပေးတဲ့ စာဖတ်အစီအစဉ်လေးကို အရမ်းသဘောကျပါတယ်။
ပေးစာတွေကို ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ တကယ်လို့ အချိန်မရှိလို့ စာအိတ်မပါဘဲ လက်ထဲမှာပဲ ပေးလိုက်ရတာကို နားလည်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ရပါတယ်။
ညီမရဲ့ စာတွေကို ဖတ်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဒီလိုနားထောင်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ရင်း အားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေရှင်။
21.7.2018…
မင်္ဂလာပါ…….
မက်(ပ်)FMမှ အကို အမများ အားလုံးမင်္ဂလာပါ…
ညီမလေးကတော့ မက်(ပ်)FMကို နေ့စဉ် မှးနားထောင်ဖြစ်ပါတယ်…
ညီမလေးနဲ့အတူ နေ့စဉ်တိုင်းမှာ အားပေးနေတဲ့ တီလေးတစ်ယောက် ရှိတယ်။
အလုပ်တက်ချိန်ကနေ အလုပ်ဆင်းသွားတဲ့အထိဖွင့်ထားတယ် မက်(ပ်)FM ကို…. ကိုယ့်ထက်တောင်ဇွဲကောင်းနေသေးတယ်။ ညီမလေးက FM တွေ နားထောင်ရတာကို သဘောကျတယ် သူကအစုံကြားရတယ် တရားတွေ ၊ ဓမ္မပူဇာတေးလေးတွေ ၊ တေးသီချှင်းလေးတွေ ၊ ဗဟုသုတပြောင်းစုံ ၊ သတင်းတွေရောပေါ့ ၊ ဒီစာဖတ်အစီစဉ် လေးကို အရမ်းကြိုက်တယ်။ ပြီးတော့ စာနည်းလည်းစေတနာထားပြီး အစီစဉ် လေးကို တင်ဆက်မြဲတင်ဆက်ပေးတာကိုလည်း ၊ ကိုချမ်းမြေ့အောင် ၊ အကိုရောင်စဉ် မမဝါဝါနိူင်နဲ့အတူ အကိုအမများကို လေးစားပါတယ်။
ဖုန်းဆက်လာကြတဲ့ ပရိသတ်ထဲက တစ်ချို့ ပြောတယ် စာရေးပြီးအားမပေး ပေမယ့် စာဖတ်အစီစဉ်လေးကို အမြဲနားထောင် ဖြစ်ပါတယ်လို့ ဖုန်းဆက်ပြောလာတဲ့ ပရိသတ်ကို ဝမ်းသာမိတယ်…
ညီမတို့ ပေးစာလေးတွေကို ပြင်ပြီး ဖတ်ပေးတာလေး တွေကိုလည်းကျေးဇူးပါ…
တစ်ခါတစ်လေကျရင် စာအိတ်ထဲ မထည့်ဖြစ်ဘဲ စာရွက်နဲ့စာအိတ်တချားဆီပေးလိုက်မိတာလည်း ရှိပါတယ်လာယူပေးတဲ့အကိုများက ဘာမှမပြောဘူး သည်းခံတယ် ယူသွားကြတာပဲ မလေးစားတာမဟုတ်ပါဘူး၊ တစ်ခါတစ်လေကျရင် အချိန်မရတဲ့အခါ ဒီတိုင်းပေးလိုက်ရတာတွေလည်း ရှိပါတယ်၊ ကျေးဇူးတင်ပါတယ်။
မက်(ပ်)FM မှ တင်ဆက်ကြသူ နားဆင်ကြသူ နှစ်ဦးလုံးကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ အားပေးလျှက်…
ထဝရ ပရီသတ်
လမင်း


