yz

yz

 

                               သင်္ကြန်ကာလနေရပ်ပြန်မည့် ထိုင်းရောက်မြန်မာအလုပ်သမားများအတွက်

ထိုင်းနိုင်ငံတွင်ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံနေရပ်ဒေသအသီးသီးသို့
ပြန်ကြမည် မြန်မာအလုပ်သမားများအတွက် မြန်မာနဲ့ထိုင်းနှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုအရနေရပ်ပြန်အလုပ်သမားများ နေရပ် သို့ ပြန်ပါက ဘတ် ၁၀၀၀ ကုန်ကျပြီး ဆောင်ရွက်ရသည့်
အိမ်ပြန် တုံးကြီး (Re-entry) ထုရန်မလိုဘဲ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အတွင်း ၀င်/ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်
အိမ်ပြန် တုံးကြီး ထုရန်မလိုဘဲ သတ်မှတ်စာရွက်စာတမ်း အပြည့်အစုံဖြင့် မိမိတို့၏ နေရပ်ဒေသများကိုပြန်နိုင်ကြောင်း အသိပေးကြေညာ အပ်ပါသည်။

သို့သော်လည်း ယခင်နှစ်များတွင် နေရပ်သို့ ပြန်သည့်အလုပ်သ မားများ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား ယခုနှစ်တွင်
ဆက်လက်မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

(က) ထိုင်းနိုင်ငံ အလုပ် သမားဝန်ကြီးဌာနက သင်္ကြန်ကာလအတွင်း အိမ်ပြန်ရန် သတ်မှတ်ရက်က ဧပြီလ ၅ ရက်နေ့မှ ဧပြီလ
၃၀ ရက်နေ့အထိသာ ခွင့်ပြု ထားသည့်အတွက် ယင်းကာလအတွင်းမှာ မပျက်မကွက် ပြန်လည် ၀င်ရောက်ရန်၊

(ခ) သတ်မှတ်ရက်ထက် စော၍ပြန်လိုသူများ အနေဖြင့် လည်းကောင်း၊ သက်မှတ်ရက်ထက် နောက်ကျပြီးမှ ထိုင်းနိုင်ငံသို့
ပြန်လိုသူများအနေဖြင့် လည်းကောင်း ပုံမှန်အတိုင်း အိမ်ပြန်တုံး (Re-entry) ထုသွားကြရန်၊

(ဂ) ထိုင်းနိုင်ငံ၊ အစိုးရမှ ဗီဇာနှင့်ပတ်သက်ပြီး အဆင်ပြေစေရန် ကာလသတ်မှတ် ၍ ဖြေလျော့ဆောင်ရွက်ပေးထားသော်လည်း
မိမိတို့ အလုပ်ရှင်များထံမှ ခွင့်ရရှိသည့် ကာလထက် ကျော်လွန် နေထိုင်ခြင်းကြောင့် အလုပ်ထုတ်ခံရခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်ရန်
ခက်ခဲခြင်းတို့ နှစ်စဉ် ဖြစ်ပေါ်ခဲ့သဖြင့် အလားတူ ပြသနာများ မဖြစ်ပေါ်စေရေးအတွက် အလုပ်ရှင်မှ ခွင့်ပြုသော အလုပ်ပိတ်ရက်
အတိုင်းသာ နေထိုင်၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် ကြရန်နှင့် အကြောင်းကြောင်းကြောင့် အလုပ်ဝင်ရန် နောက်ကျလို သဖြင့်
မိမိတို့၏ အလုပ်ဌာနများသို့ ခွင့်တိုင်ကြားလိုပါကလည်း သေချာစွာ ချိတ်ဆက်ဆောင်ရွက်ကြရန်၊

(ဃ) နိုင်ငံကူးလက်မှတ်အပါအ၀င် အခြားအရေးကြီးသည့် စာရွက် စာတမ်းများကို တာဝန်ရှိသူများ စစ်ဆေးစဉ် ပြသနိုင်ရန်အတွက်
ပြည့်စုံစွာ ယူဆောင်သွား ကြရန်နှင့် ရေစိုခြင်း၊ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းမရှိစေရေး အထူးဂရုပြုရန်၊

(င) အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံး ပျက်စီးပါက ယင်း မိတ္တူများဖြင့် ပြန်လည်လျောက်ထားနိုင်ရန်အတွက် မိမိတို့၏ နိုင်ငံကူး
လက်မှတ် အပါ အ၀င် စာရွက်စာတမ်းအားလုံးကို အနည်း ဆုံး နှစ်စုံခန့် မိတ္တူကူးထားပြီး နေရာခွဲကာ သိမ်းထားရန်လို အပ် သကဲ့သို့
တယ်လီဖုန်းဖြင့် ဓါတ်ပုံရိုက်ကာ သိမ်းဆည်ထား ကြရန်နှင့် ပတ်စပို့တွင်ပါသည့် ကိုင်ဆောင်သူ ဖြည့်သွင်း ရမည့် စာမျက်နှာတွင်
ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်ကို ဖြည့်သွင်း ထားရန်၊

(စ) နှစ်နိုင်ငံ သတ်မှတ်ထားသည့် စစ်ဆေးရေးဂိတ်များမှသာ ၀င်ထွက်ကြရန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနများမှ ရိုက်နှိပ်သော
အ၀င်တုံး နှစ်တုံး၊ အထွက်တုံး နှစ်တုံး ပြည့်စုံခြင်းရှိမရှိ စိစစ်ရန်နှင့် ပြည့်စုံမှု မရှိပါက သက်ဆိုင်ရာသို့ မေးမြန်းဆောင်ရွက်ရန်၊
(မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် စာရွက်စာတမ်းများ ပြည့်စုံစွာ ပါရှိသော်လည်း နှစ်နိုင်ငံ လ၀ကဌာနများတွင်
အ၀င်/အထွက် တုံးမထုခြင်း၊ တရားဝင် ၀င်ပေါက်များမှ ထွက်ခွာမှုမရှိခြင်း၊ အထူးသဖြင့် မဲဆောက်-မြ၀တီ လမ်းကြောင်းမှ
ပြန်သူများအနေဖြင့် တံတားပေါ်မှ ဖြတ်သန်းခြင်းမပြုဘဲ တံတားအောက်မှ လှေဖြင့်ကူးကာ ထွက်ခွာခြင်းနှင့် ၀င်ရောက်လာခြင်း ကြောင်း
လမ်းခရီးရှိ စစ်ဆေးရေးဂိတ်များမှ စစ်ဆေးချိန်တွင် နှစ်နိုင်ငံ အ၀င်အထွက် တံဆိပ်တုံးများ ပါလာမှုမရှိခြင်းကြောင့် ဖမ်းဆီးခံရခြင်း၊
ပြန်လည်စေလွှတ်ခြင်းများကို ယခင်နှစ်က တွေ့ကြုံခဲ့ရပါသည်။)

(ဆ) တရားဥပဒေအရ ကန့်သတ်ထားသည့်ပစ္စည်းများ နှင့် Custom ၏ သတ်မှတ်ချက်နှင့် မကိုက်ညီသော ပစ္စည်းများး သယ်ဆောင်ခြင်းမပြုရန်၊

ထို့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ညှိနှိုင်းမှုများအရ မဟာသင်္ကြန်ကာလအတွင်း သတ်မှတ်ထားသည့် စာရွက်စာတမ်း အထောက်အထား
ပြည့်စုံစွာဖြင့် နေရပ်သို့ပြန်မည့် အလုပ်သမားများအနေဖြင့် အိမ်ပြန်ခရီးတွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက အလုပ်သမားသံအရာရှိများထံ
ဖုန်းဆက်သွယ်မှုအပြင် Line၊ Viberနှင့် အလုပ်သမားသံအရာရှိရုံး၏ Facebookစာမျက်နှာဖြစ်သည့် LA-Thailand Pageတို့မှ
တဆင့် ဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်။

ဦးစန်းမောင်ဦး(ဘန်ကောက်)
Phone | Viber | Line - 09 4884 5484
ဦးသန်းနိုင် (ဘန်ကောက်)
Phone | Viber | Line - 06 5220 6952
ဦးဇော်မင်းအောင်(ရနောင်း)
Phone | Viber | Line -06 5220 6951
ဦးအောင်မင်း(မဲဆောက်)
Phone | Viber | Line - 06 5220 6953
ဦးဦးခင်မောင်(ချင်းမိုင်)
Phone | Viber | Line - 09 9059 2352

အလုပ်သမားသံအရာရှိရုံး
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

Credit.......LA-Thailand

                      

                      ထိုင်းနယ်စပ်ဖြတ်ကူးခွင့်(၁)နှစ်သက်တမ်း စာအုပ်တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာများလုပ်ခွင့်ရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်အတွင်းရှိ၊မြို့နယ်၊မြို့များနှင့်ကျေးရွာများတွင်နေထိုင်သောသူများအနေဖြင့်ထိုင်းနိုင်ငံသို့(၁)နှစ်သက်တမ်းရှိနယ်စပ်ဖြတ်ကူးခွင့်စာအုပ်လုပ်ခွင့်ရရှိပြီဖြစ်ကြောင်းတာချီလိတ်လွှတ်တော် ကိုယ်စားလှယ်များနှင်လ၀ကဌာနများ
ထံမှ ယနေ့သိရသည်။

”ခရိုင်က မိတ္တူပို့လာပါတယ်။ ကမ်းကူးစာအုပ် တစ်နှစ်အတွက် မြို့ပေါ်သာမကကျေးရွာတွေအထိအပြင် တာချီလိတ်ခရိုင်တစ်ခုလုံးတစ်နှစ်သက်တမ်းရှိစာအုပ်လုပ်ခွင့်ရပါပြီ။
အသေးစိတ်ကတော့ခရိုင်ကနေလုပ်ဆောင်နေပါတယ်”ဟုတာချီလိတ်မြို့နယ် လ၀ကဦးစီးအရာရှိဦးစိုင်းဆမ်တစ်က ယနေ့တွင်ပြောသည်။

”ဟုတ်ပါတယ်။ တာချီလိတ်ခရိုင်တစ်ခုလုံးပါဘဲ။ တစ်နှစ်သက်တမ်းရှိစာအုပ်လုပ်ခွင့်ပါ၊ အရင်ကတော့ တာချီလိတ်မြို့ပေါ် တစ်ခုဘဲ လုပ်ခွင့်ရှိပါတယ်။ ခုကတော့ ကျေးရွာတွေပါ ပါပါတယ်။

စ တာကတော့ ဒီနေ့စတာပါ။ သက်ဆိုင်ရာမြို့နယ်တွေကိုလည်း စာတွေပို့ထားပါပြီ`ဟု တာချီလိတ်ခရိုင် လ၀က ဦးစီးဌာနမှ တာဝန်ကျ အရာရှိတစ်ဦးကလည်း ပြောသည်။

ယခင်က ထိုင်းနိုင်ငံသို့(၁)နှစ်သက်တမ်းရှိစာအုပ်ဖြင့် သွားလာခွင့်ကို တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက်ရှိ တရားဝင်အိမ်ထောင်စုဇယားပါသူများကိုသာ ခွင့်ပြုပေးခဲ့ရာမှ ယခုအခါ တာချီလိတ်မြို့နယ် ကျေးရွာများသာမက တာချီလိတ်ခရိုင်ရှိမြို့နယ်များ၊ မြို့များ၊ ကျေးရွားများနေ ပြည်သူများအထိ စာအုပ်လုပ်ခွင့်ရရှိသွားခြင်းဖြစ်သည်။

”ပြည်ထဲရေးက ဒုဝန်ကြီးခရီးစဉ်၊ ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်၊ စတဲ့ ခရီးစဉ်တွေမှာ ခုလို ခွင့်ပြုပေးဖို့ တင်ပြခဲ့တာပါ။
မြို့နဲ့ကျေးလက်ကွာဟမှုကအစ လူ့အခွင့်အရေးအရ ခွဲခြားသလိုဖြစ်နေတာကို မရှိအောင်လို့ လုပ်ဆောင်နေတာပါ။

ကျန်တဲ့ခရိုင်တွေလဲ လုပ်ခွင့်ရလာဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်”ဟု ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၇)မှလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။

တံတားကူးခွင့်စာအုပ်ဖြင့်ဆိုလျှင် တန်းစီစရာမလိုသည့်အပြင် ကမ်းကူးခမှာ ကျပ် ၃၀၀ သာရှိသဖြင့်လည်းကောင်း၊ နေ့စဉ်ကူးသန်းနေရသူများအနေဖြင့်

နေ့စဉ် တစ်ခါကူးလျှင် ကျပ် ၁၀၀၀ ကျသင့်နေသဖြင့်ယခုခွင့်ပြုချက်က တာချီလိတ်ခရိုင်အတွင်းသက်ရောက်သည်ဖြစ်ရာတာချီလိတ်ခရိုင်အတွင်းနေပြည်သူများအနေဖြင့်အခွင့်အလမ်းများပိုမိုရရှိလာစေသည်ဖြစ်ကြောင်း သူက ပြောသည်။

”မြို့နဲ့ရွာခွဲခြားခံနေရတယ်လို့မြင်လို့ တာဝန်ရှိသူတွေရဲ့ခရီးစဉ်တိုင်းမှာ တိုက်ရိုက်တင်ပြတာတွေရှိခဲ့ပါတယ်။ တာချီလိတ်ခရိုင်သာမကပါဘူး၊ ရှမ်းအရှေ့သာမက ၁၃/ကိုင်ဆောင်သူ ရှမ်းပြည်နယ်သားတွေကိုလည်း စာအုပ်နဲ့ဖြတ်သန်းသွားလာနိုင်ဖို့ တင်ပြခဲ့တာရှိပါတယ်”ဟု တာချီလိတ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်က ပြောပါသည်။

ထိုင်းနိုင်ငံသို့(၁)နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ပြုလုပ်ရာတွင် အိမ်ထောင်စုဇယား မူရင်း/မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကပ်ပြား မူရင်း/မိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံနှင့်လူကိုယ်တိုင် ခရိုင်လ၀ကရုံးတွင်သွားရောက်လုပ်ကိုင်ရန်လိုအပ်ကြောင်းနှင့်တာချီလိတ်
ခရိုင်အတွင်းရှိ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊တာလေမြို့၊ ကျိုင်းလတ်မြို့များနှင့်ကျေးရွာများနေပြည်သူများအထိလုပ်ခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့သည်ထိုင်းနိုင်ငံမယ်ဆိုင်မြို့နှင့်နယ်စပ်ချင်းထိတွေ့နေသည့်မြို့ဖြစ်ရာနယ်စပ်ချောင်းပေါ်တွင်ဖြတ်သန်းဆောက်လုပ်ထားသည့်ချစ်ကြည်ရေးအမှတ်(၁)တံတားမှတဆင့်နေ့စဉ် လူထောင်ချီဖြတ်ကူးနေသည့်အတွက် တစ်ရက်စာနယ်စပ်ယာယီဖြတ်သန်း
ခွင့်လက်မှတ်(TBP)အစားယခုလို စာအုပ်ဖြင့်ဖြတ်သန်းရပါကအချိန်ကုန်သက်သာခြင်း၊ငွေကုန်သက်သာခြင်းတို့ကြောင့် ဒေသခံတို့အတွက် အလွန်ပင်အကျိုးရှိသည်ဟုဒေသခံများကပြောကြသည်။

Credit .......#Popular News Journal

                 

                 ထိုင်းနိုင်ငံရှိ ခရိုင်အလိုက် ကွာခြားသည့် နေ့စာလုပ်အားခများ တနေရာနဲ့ တနေရာမတူညီတဲ့ လုပ်ခလစာ

ထိုင်းနိုင်ငံရှိ ခရိုင်အလိုက် ကွာခြားသည့် နေ့စာလုပ်အားခများတနေရာနဲ့ တနေရာမတူညီတဲ့ လုပ်ခလစာတွေကို ရွှေရွှေ့ပြောင်းတွေသိရအောင် တင်ပေးလိုက်ပါတယ်။

ဒါလေးတွေသိထားမယ်ဆိုရင် ကိုယ်အလုပ်လုပ်မယ့် နေရာမှာ ဘယ်လောက်ထိ ရနိုင်တယ်ဆိုတာကို သိပြီး အလုပ်တွေသေချာရွေးလိုပ်နိုင်ပါစေလို့ Shwe Migrant ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

- နရာထိဝါ့ခရိုင်၊ ယလာခရိုင်၊ ပတ်တနီခရိုင် = 308 ဘတ်

- စင်ဘူလီခရိုင်၊ နခေါ်စီထမလားခရိုင်၊ တလန်ခရိုင်၊ မဲဟွန်စွန်ခရိုင်၊ လန်ပန်ခရိုင်၊ လန်ဖူခရိုင်၊ ချင်းလိုင်ခရိုင်၊ စူခိုထိုင်ခရိုင်၊ ကန်ဖင်လ်ဖစ်ခရိုင်၊ ဖိကျီခရိုင်၊ ဥထိုင်ဌာနီခရိုင်၊ စီစကစ်ခရိုင်၊ တာ့ခ်ခရိုင်၊ ချိုင်ယဖူခရိုင်၊ အမ်နားကျလြွေခရိုင်၊ ဖဲခရိုင်၊ လားခ်ျဘူလီခရိုင်၊ ရနောင်းခရိုင်၊ မဟာစာရခမ်ခရိုင်၊ ချုဖွန်ခရိုင်၊ နောင့်ဘိုဝါလမ်ဖူခရိုင်၊ စတူခရိုင် = 310 ဘတ်

- လွိုက်အေ(စ်)ခရိုင်၊ ပလကျွစီလီခမ်ခရိုင်၊ နခွန်စ၀မ်ခရိုင်၊ စလကဲယို့ခရိုင်၊ ဖထလုံခရိုင်၊ ဥတတစ်ခရိုင်၊ ဥဒွန်ဌာနီခရိုင်၊ နခွန်ဖနုံခရိုင်၊ ဘူလီလမ်ခရိုင်၊ စူလင်ခရိုင်၊ ဖစ်ခ်ျဘူလီခရိုင်၊ ဖိစနုလိုးခရိုင်၊ ဖစ်ခ်ျဘူလ်ခရိုင်၊ ချိုင်နားခရိုင်၊ လိမ်ခရိုင်၊ ယစိုထွန်ခရိုင်၊ ဖယောင်ခရိုင်၊ ပီင်ကမ်ခရိုင်၊ နမ်ခရိုင်၊ ကမ်ကျနဘူလီခရိုင်၊ အန်ထောင်ခရိုင် = 315 ဘတ်

- ကျန်ထဘူလီ၊ စမူစွန်ခလမ်ခရိုင်၊ စကွန်နခေါ်ခရိုင်၊ မုတာဟန်ခရိုင်၊ နခွန်နာယွတ်ခရိုင်၊ ကာလစင်ခရိုင်၊ ပလာကျင်ဘူလီခရိုင် = 318 ဘတ်

- အူဘွန်လားခ်ျဌာနီခရိုင်၊ စူဖန်ဘူလီခရိုင်၊ စလဘူလီခရိုင်၊အယုထရာခရိုင်၊ နောင်ခိုက်ခရိုင်၊ လွတ်ဘူလီခရိုင်၊ တလခရိုင်၊ ခွန်ကင်ခရိုင်၊ စောင်ခလာခရိုင်၊ စူလားဌာနီခရိုင်၊ ကဘီခရိုင်၊ ချင်းမိုင်ခရိုင်၊ နခွန်လားခ်ျစီမာခရိုင်၊ ဖန်ငါခရိုင် = 320 ဘတ်

- ဘန်ကောက်ခရိုင်၊ နခွန်ပထုံခရိုင်၊ နွန်ထဘူလီခရိုင်၊ ပထုံဌာနီခရိုင်၊ စမူပလာကန်ခရိုင်၊ စမူစာခွန်ခရိုင်၊ ချချီစောင်ခရိုင် = 325 ဘတ်

- ဖူကစ်ခရိုင်၊ ချွန်ဘူလီခရိုင်၊ လယောင်ခရိုင် = 330 ဘတ်

Credit.......Shwe Migrants

                     

                      အလုပ်သမားဥပဒေပြင်ဆင်ရာတွင် အလုပ်သမားဆန္ဒသဘောထား ပါဝင်ရေး ဆန္ဒပြ

အလုပ်သမား ဥပဒေ​တွေပြင်ဆင်တဲ့အခါ အလုပ်သမားထုရဲ့ ဆန္ဒသဘောထား​တွေပါဝင်​ဖို့ မန္တလေးမြို့ ပြည်​ကြီးတံခွန်​မြို့နယ်​မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်​က အလုပ်သမား ၇၀၀ ​ကျော်​က ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။

အလုပ်သမားရေးရာ ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) နဲ့ အလုပ်သမားအဖွဲ့အစည်းဥပဒေ​တွေကို ဒုတိယအကြိမ် ပြင်ဆင်ခဲ့တဲ့ ဥပဒေ (မူကြမ်း)​တွေမှာ အလုပ်သမားထုရဲ့ အသံများပါဝင်စေရေး နိုင်ငံ့ဝန်ထမ်း​တွေကို အလုပ်သမားအဖြစ် သတ်မှတ်ပေးရေး၊ ထိရောက်တဲ့ ပြစ်ဒဏ်​တွေ ထည့်သွင်းပေးရေး စတဲ့အချက်​​တွေကို တောင်းဆိုခဲ့ကြပါတယ်​။

မြန်​မာနိုင်​ငံ စက်​မှုလက်​မှုနဲ့ ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားများ သမဂ္ဂအဖွဲ့ချုပ်​က လက်ထောက်အတွင်းရေးမှူး (၁) ကိုနေလင်းအောင်က “ကျနော်တို့ ရန်ကုန်မှာလည်း တောင်းဆိုပြီးပြီ၊ ခုမန္တလေးမှာ ဆက်လက်တောင်းဆိုတာ ဖြစ်တယ်။ အလုပ်သမား ဥပဒေတွေမှာ အလုပ်သမားအသံတွေ မပါတာရယ်၊ အလုပ်သမား ခေါင်းဆောင်တွေ အလုပ်ထုတ်ခံရမှု နှုန်းထား​တွေ မြင့်တက်​လာတာရယ်တွေကြောင့် အခုလို ဆန္ဒပြတောင်းဆိုရတာ​” လို့ ​ပြောပါတယ်​။

ဆန္ဒပြ​အလုပ်​သမား​တွေကို ပြည်​ကြီးတံခွန်​၊ ချမ်းမြသာစည်​၊ မဟာ​အောင်​​မြေမြို့နယ်​က မြို့နယ်​ရဲတပ်​ဖွဲ့မှူး၊ မြို​နယ်​အုပ်​ချုပ်​​ရေးမှူးနဲ့ တာဝန်​ရှိသူများက တားမြစ်​ခဲ့​ပေမယ့် ဆက်​လက်​ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။

“ကျ​နော်​တို့က သက်​ဆိုင်​ရာကို ငြိမ်းစုစီတင်​ခဲ့ပါတယ်​။ ဒါ​ပေမယ့် ​ဒေသန္တရဥပ​ဒေအရ ခွင့်မပြုဘူးတဲ့။ ကျ​နော်​တို့အလုပ်​သမားတွေ မြို့နယ်​တိုင်းမှာရှိ​နေတယ်၊ အများအပြား အလုပ်​ဖြုတ်​ခံထားရတယ်။ ​အလုပ်​ဖြုတ်​ခံရတာကလည်း သမဂ္ဂအဖွဲ့ဝင်​​တွေချည်းပါပဲ။ အမျိုးသားဒီမိုက​ရေစီ အစိုးရလက်​ထက်​မှာ အလုပ်​သမားသမဂ္ဂအဖွဲ့ချုပ်​​ခေါင်း​ဆောင်​​တွေ အလုပ်​ထုတ်​ခံရတဲ့နှုန်းထားက အင်​မတန်​မှ မြင့်​တက်​လာပါတယ်​။ ဒါ​တွေကို​လည်း​ ပြေလည်​​အောင် ​​ဖြေရှင်းမ​ပေးနိုင်​ဘူး။ ဒါ​​ကြောင့် အခုလိုဆန္ဒပြ​တောင်းဆိုရတာဖြစ်​တယ်” ​လို့ မြန်​မာနိုင်​ငံစက်​မူလက်​မှုနဲ့ ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားသမဂ္ဂ အ​ထွေ​ထွေ အတွင်း​ရေးမှူးချုပ် ​ကိုသက်​နှင်း​အောင်​က ​ပြောပါတယ်​။

အလုပ်သမားတရားရုံးများပေါ်ပေါက်ရေး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းရေး၊ နိုင်ငံ့ ဝန်ထမ်းများအား အလုပ်သမားအငြင်းပွာမှု ဥပဒေတွင် ထည့်သွင်းရေး၊ အလုပ်သမား ဥပဒေများကို ILO စံနှုန်းနဲ့အညီ ပြင်ဆင်ရေး၊ မန္တလေးတိုင်းအတွင်း အလုပ်သမားဝန်ကြီး ခန့်အပ်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ပြည်​ကြီးတခွန်​မြို့နယ်​ ၆၂လမ်း​အေးသုခလမ်းက​နေပြီး ချမ်းမြသာစည်​နဲ့ မဟာ​အောင်​​မြေမြို့်​နယ်​တို့ကိုဖြတ်​ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

ခွင့်ပြုမိန့်မရဘဲ လမ်း​လျှောက်​​ဆန္ဒပြ​တောင်းဆိုခဲ့ကြတဲ့ ​ခေါင်းဆောင်​ ၇ ​ဦးဖြစ်​တဲ့ ကိုသက်​နှင်း​အောင်​၊ ကို​နေလင်း​အောင်​ ကိုတင့်ရှိန်​စိုး၊ ​ဒေါ်စုစုနိုင်​၊ ​မစိုး၊ စန္ဒမြင့် ​ဒေါ်ဖြိုးစန္ဒာစိုး ဦးသူရ တို့ကို ငြိမ်းစုစီပုဒ်​မ (၁၉)နဲ့ အမှုဖွင့်အ​ရေးယူသွားမယ်​လို့ မန္တ​လေးခရိုင်​ရဲတပ်ဖွဲ့မှူး ဦးမျိုး​အောင်​က ​ပြောပါတယ်။

Credit .......http://burmese.dvb.no

Page 3 of 13

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border