yz

yz

                           

                                  ထိုင်းနိုင်ငံသားအသတ်ခံရမှု မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်ကို ထိုင်းရဲဖမ်းဆီးစစ်ဆေး

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ရှိ ပတ္တယားမြို့တွင် ထိုင်းနိုင်ငံ သားတစ်ဦး အသတ်ခံရမှုနှင့်ပတ် သက်ပြီး မြန်မာလုပ်သား ၁၃ ဦး အပါအဝင် အခြားရွှေ့ပြောင်း လုပ်သား ၁၀၀ ကျော်ကို ထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေ သည်။

ပရိဘောဂအရောင်းဆိုင်ပိုင် ရှင် အသက် (၆၂) နှစ်အရွယ် ထိုင်းနိုင်ငံသားကို သတ်ပြီး  မီးခံ သေတ္တာအတွင်းရှိ  ငွေများယူ ဆောင်သွားမှုနှင့်ပတ်သက်၍  လူ သတ်မှုဖြစ်ပွားရာအနီးရှိ ပတ္တ ယားဈေးတွင် အလုပ်လုပ်ကိုင်နေ သော ရွှေ့ပြောင်းလုပ်သားများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး နေခြင်းဖြစ်သည်။

ရွှေ့ပြောင်းမြန်မာလုပ်သား ၁၃ ဦး အပါအဝင် လာအိုနှင့် ကမ္ဘောဒီးယားလုပ်သား စုစု ပေါင်း ၁၀၅ ဦးကို ထိုင်းရဲတပ်ဖွဲ့ က ဒီဇင်ဘာ ၁၂ ရက်တွင် ဖမ်း ဆီးစစ်ဆေးခဲ့သည်။

 ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွား သော လူသတ်မှုကို တရားခံများ ဖမ်းဆီးမရသေး၍ ထိုင်းရဲတပ်ဖွဲ့ က အခင်းဖြစ်ပွားရာအနီး အ လုပ်လုပ်ကိုင်နေသောရွှေ့ပြောင်း လုပ်သားများကို ဖမ်းဆီးစစ်ဆေး ခြင်းဖြစ်ကြောင်း ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီ ပေးနေသော လေဘာဟစ်တိုင်မှ ကိုစိုးလင်းဦးက ပြောသည်။

‘‘ထိုင်းနိုင်ငံသားအသတ်ခံရ တော့ အနီးဈေးမှာ အလုပ်လုပ်နေ တဲ့သူတွေကို စစ်ဆေးတာပေါ့’’ ဟု ၎င်းက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့က မြန်မာ လုပ်သားကို လူသတ်မှုသံသယ တရားခံအဖြစ် ဖမ်းဆီးထားခြင်းမဟုတ်ဘဲ  ခေါ်ယူမေးမြန်းစစ် ဆေးခြင်းသာဖြစ်ကြောင်း ထိုင်း နိုင်ငံဆိုင်ရာ  မြန်မာသံရုံးမှ  အ လုပ်သမားသံအရာရှိ  ဦးစန်း မောင်ဦးက ပြောသည်။

‘‘ဖမ်းဆီးတဲ့သဘောမဟုတ် ပါဘူး။ အခင်းဖြစ်ပွားတော့ ဒီလို ပဲ မေးမြန်းတဲ့သဘောပါ။ မြန်မာ လုပ်သားတွေပဲ မဟုတ်ပါဘူး။ တ ခြားလုပ်သားတွေလည်း အများ ကြီးပါ’’ ဟု ဦးစန်းမောင်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၌ လူသတ်မှုဖြစ် ပွား၍ တရားခံမမိပါက ရွှေ့ ပြောင်းမြန်မာလုပ်သားများကို လူ သတ်တရားခံအဖြစ် ဖမ်းဆီးခြင်း သည် ထိုင်းရဲတပ်ဖွဲ့၏ လုပ်ထုံး လုပ်နည်းသာဖြစ်ကြောင်း ထိုင်း ရောက် မြန်မာလုပ်သားများအ ရေးကူညီပေးသော  မြန်မာအဖွဲ့အစည်းများက ပြောသည်။

၂၀၁၄ က ဖြစ်ပွားသည့် ဗြိတိန်စုံတွဲ  အသတ်ခံရမှုတွင် လိပ်ကျွန်း၌  အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီးခြင်း သာဖြစ်ကြောင်း နိုင်ငံတကာ မီဒီ ယာများက ဝေဖန်ခဲ့သည်။
Credit.....http://www.7daydaily.com

                       

                                  ထိုင်းအချုပ်မှ ပြန်လွတ်လာသည့် မြန်မာအလုပ်သမား ၄၀ ကျော် ကော့သောင်းရောက်ရှိ

ထိုင်းနိုင်ငံ ဥပဒေအရ ပြစ်ဒဏ်ကျခံပြီး ပြန်လွှတ်ပေးလိုက်တဲ့ မြန်မာအလုပ်သမား ၄၀ ကျော်ဟာ ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့ကို ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက ရောက်ရှိလာခဲ့ကြပါတယ်။

ပြန်လွတ်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂ ဦးကို ကော့သောင်းမြို့ မဥူသကခန်းမမှာ ယာယီထားရှိပြီး နာမကျန်းဖြစ်နေသူတွေကို ကျမ်းမာရေး စောင့်ရှောက်မှုပေးပြီး အစားအသောက်တွေကျွေးမွေးကာ သက်ဆိုင်ရာဌာနတွေက စာရင်းကောက်ယူကြပါတယ်။

“ဒီရောက်လာတဲ့လူ ၄၂ ဦးမှာ များသောအားဖြင့် နိုင်ငံ မတရားခိုးဝင်မှုပေါ့။ တကယ်တော့ သူတို့က အနယ်နယ်အရပ်ရပ်က ဖမ်းမိထားတဲ့သူတွေစုပြီး ထိုင်းလ၀ကကို ပို့တာပါ၊ အနယ်နယ်အရပ်ရပ်က အသွင်အမျိုးမျိုးနဲ့ အဖမ်းခံရတာတွေပါ” လို့ နယ်ခြားကော်မတီဝင်တဦးက ပြောပါတယ်။

ပြန်ရောက်လာတဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့မှ ကိုသန်းဝေက “ကျနော်က မလေးရှားကို သွားမလို့ပါ။ မြန်မာကနေအထွက် ထိုင်းထဲအဝင်မှာ အဖမ်းခံရတာပါ။ ထိုင်းနိုင်ငံ ရနောင်းအချုပ်မှာ တလကျော်ကြာပါတယ်” လို့ ပြောပါတယ်။

လွတ်မြောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တွေက ဖြစ်ပြီး မော်တော်ယာဉ်တွေ စီစဉ်ပေးပြီး နေရပ်ပြန်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

ထိုင်းအချုပ်မှ ပြန်လွတ်လာသူတွေကို လက်ခံပြီး နေရပ်ပြန်ပို့ပေးနေတာ နိုဝင်ဘာ နဲ့ ဒီဇင်ဘာ ပထမပတ်အထိ လူဦးရေ ၂၀၀ နီးပါးရှိသွားပြီလို့ လဝကစာရင်းတွေအရ သိရပါတယ်။
Credit.....http://burmese.dvb.no

                       

                         မြက်ပင်များဖြင့် ဖုံးအုပ်တင်ဆောင်လာသည့် တရားမ၀င် မြန်မာ ၅ ဦးကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျူတ်ခီရီခန်ခရိုင်ထဲမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ကားတစီးနဲ့ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅ ဦး အဖမ်းခံရတယ်လို့  Workpoint ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမ၀င်သူတွေ သယ်ဆောင်လာမယ့်အကြောင်း ကြိုတင်သတင်းပေး ချက်အရ ပရကျူတ်ခီရီခန်ရှိ ဒုမြို့နယ်မှူး၊ နယ်မြေခံစစ်တပ်နဲ့ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင် တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က ခလောင်းဝပ်အုပ်စုရှိ လိုက်ခလော့ကျေးရွာလမ်း တ၀ိုက် စောင့်ကြပ်စစ်ဆေးနေစဉ် အီဇူးဇူးငွေရောင်ဟိုင်းလပ်ကား တစီးရောက်လာလို့ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်ခိုင်းပေမယ့် ရပ်မပေးဘဲ မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

တနေရာအရောက်မှာ ကားသမားဟာ ကားရပ်ပြီး တံခါးဖွင့်ကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ကားရှေ့ခန်းမှာတော့ မြန်မာအမျိုးသမီး တဦးကျန်ခဲ့ပြီး နောက်ခန်းကို စစ်ဆေးရာမှာ မြက်ပင်တွေဖုံး အုပ်ထားတဲ့အောက်မှာ လဲလျောင်းလိုက်ပါလာတဲ့  မြန်မာ ၄ ဦးကို တွေ့ရှိခဲ့တယ်လို့ ပရကျူတ်ခီ ရီခန် ဒုမြို့နယ်မှူးက ဒီဇင်ဘာ ၉ ရက်သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

သူတို့ထဲက ကိုဇော်မင်းဆိုသူတဦးသာ မြန်မာနိုင်ငံကူးလက်မှတ်ရှိပြီး ကျန်သူတွေက ဘာအထောက်အထားမှ မရှိဘဲ ပွဲစားကို တဦးကို ဘတ် ၃၀၀၀၀ ပေးကာ ဆင်းခေါင်န်ဂိတ်အနီး တောလမ်းကနေ ၀င်လာတာလို့ ဆိုပါတယ်။

ကိုဇော်မင်းရဲ့ ပတ်စပို့ကိုစစ်ဆေးရာမှာ ထိုင်းနိုင်ငံမှာ ၂၀၁၉ မတ် ၃၁ ရက်ထိ နေထိုင်ခွင့် ဗီဇာတုံးထုထားပြီး ငွေလက်ခံဖြတ်ပိုင်းတစောင်လည်းရှိပေမယ့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ကွန်ပြုတာကွန်ရက်ထဲမှာတော့ အချက်အလက်တွေ ရှာမတွေ့ဘူးလို့ ထိုင်းရဲက ဆိုပါတယ်။

ကိုဇော်မင်းကတော့ သူ့အနေနဲ့ ထိုင်းနိုင်ငံထဲကို ပထမဆုံးအကြိမ်ဝင်လာတာလို့ ၀န်ခံပြီး ပတ်စပို့နဲ့ တကွ နေထိုင်ခွင့်ရ ဗီဇာတွေကတော့ ပဲခူးမြို့အထိ  လာရောက်ဆက်သွယ်တဲ့ ပွဲစားက ဘတ် ၃၀၀၀၀ နဲ့ အကုန်လုပ်ပေးတာလို့ ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ သူတို့ကို နိုင်ငံထဲတရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူသွားမှာဖြစ်ပြီး ထွက်ပြေးသွားတဲ့ ကားသမားနောက်ကိုလည်း လိုက်လံရှာဖွေဖမ်းဆီး မယ်လို့ ဒုမြို့နယ်မှူးက ပြောပါတယ်။

Credit.......http://burmese.dvb.no

              

                   ထိုင်းတောင်ပိုင်းတွင်  မြန်မာမိန်းကလေး ၁ ဦး အသတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ တရန်းခရိုင်၊ ကတန်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်ညက  အသက် ၁၉နှစ်အရွယ် မြန်မာမိန်းကလေး တဦး အသတ်ခံခဲ့ရပါတယ်။

အဆိုပါ မိန်းကလေးဟာ မနန္ဒအောင် ဆိုသူဖြစ်ပြီး ခင်ပွန်းဖြစ်သူ ရေလုပ်သားက ငါးဖမ်းလှေနဲ့ လိုက်သွားလို့ အခန်းထဲမှာ တယောက်တည်းကျန်ခဲ့စဉ် အသတ်ခံရတာလို့  ကတန်န ယ်မြေရဲစခန်း တာဝန်ကျရဲဝန်ထမ်းက ဒီဗွီဘီကို ပြောပါတယ်။

“မိန်းကလေး အသတ်ခံရတဲ့ အကြောင်းကြားချက်ကို မနေ့မနက်စောစောက  ရရှိတယ်။ ဒါပေမယ့် ၃ ရက်နေ့ ညကတည်းက သေဆုံးတယ်လို့ ခန့်မှန်းရတယ်။ လည်ပင်းမှာ ဓားနဲ့ ထိုးသွင်း ခံရတဲ့ ဒဏ်ရာတွေနဲ့ ဆုံးတာပါ၊ အလောင်းက ကတန်မြို့ စည်ပင်သာယာနယ်မြေထဲက သူတို့ အိမ်ခန်းထဲမှာဘဲ၊  မုဒိမ်းကျင့်မှုမြောက်မမြောက်တော့ ဆေးရုံကစစ်ဆေးတုန်းဘဲ၊ မျက်မြင်သက်ေ သတွေ ပြောပြချက်အရ တရားခံလို့ ယူဆရတဲ့ လူတယောက်ကိုလည်း မနေ့က ဖမ်းထားပါတယ်။ သူလည်း ထွက်မပြေးဘဲ အဲဒီရပ်ကွက်ထဲမှာပဲ ရှိနေတာ။”

လူသတ်မှုသံသယနဲ့ ဖမ်းဆီးခံထားရသူမှာ အသက် ၂၈ နှစ်ရှိ မြန်မာအလုပ်သမား  မြ၀င်း ခေါ် ကုလားဖြစ်တယ်လို့ ကတန်ရဲစခန်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သေဆုံးသူ မိန်းကလေးရဲ့ ခင်ပွန်း ကိုထက်မြက်က သူဟာ လွန်ခဲ့တဲ့ ၇ ရက်လောက်က ငါးဖမ်းလှေပေါ်လိုက်သွားပြီး ဇနီးကို ဆက်သွယ်လို့ မရလို့ သူငယ်ချင်းကို သွားကြည့်ခိုင်းရာမှာ ဇနီးသည် အသတ်ခံရတယ်လို့ ပြောလို့လှေဆိုက်တာနဲ့ ချက်ချင်း အိမ်ပြန်ခဲ့တာလို့ ဒီဗွီဘီကိုပြောပါတယ်။

“မနေ့မနက်က ကျနော်အိမ်ပြန်ရောက်တော့ ရဲတွေရောက်နေပြီး အခင်းဖြစ်တဲ့နေရာကို ကြိုးတွေနဲ့ တားထားပြီခင်ဗျ။ အလောင်းကိုကြည့်ခွင့်ရတဲ့ အခါကျတော့ လည်ပင်းလှီးထားတာ ပြတ်လုနီးပါးပဲ။ တကိုယ်လုံးလည်းဓားခြစ်ရာတွေနဲ့ တော်တော်ရက်ရက်စက်စက်လုပ်ထားတာ။ ရဲကဖမ်းထားတဲ့တယောက်ကလည်း အရင်က အိမ်ကိုအမြဲဝင်ထွက်သွားလာတယ်။ သူသော က်စားပြီးသွားရင် ဘယ်သူ့မှမမြင်တော့ဘူး။  ကျနော့်မိန်းမကို သတ်တာတော့ သူတယောက်တည်း လို့ မထင်ဘူး။ သူတယောက်တည်းမလုပ်နိုင်ဘူး။ နောက်ထပ်ရှိဦးမယ်လို့ထင်တယ်။ ကျနော်တို့ ရန်ငြိုးရန်စမရှိခဲ့ပါဘူး။ ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကိုလည်း စဉ်းစားလို့ကိုမရဘူး”

သေဆုံးသူမိန်းကလေးဟာ ထားဝယ်မြို့နယ် ဆင်ဖြူပြင်ရွာကဖြစ်ပြီး ငါးရွေးတဲ့ အလုပ် လုပ်ကိုင်နေတာဖြစ်ပါတယ်။  အဖမ်းခံထားရတဲ့ မြ၀င်းကတော့ ရေလုပ်သားတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်ဘက်က ဖြစ်ပါတယ်။

သေဆုံးသူ မနန္ဒအောင်ကို မနက်ဖန်မှာ သဂြုင်္ိဟ်ဖို့ရှိပြီး အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားခံကို ထိုက်တန်စွာအရေးယူ အပြစ်ပေးဖို့ မိသားစုဝင်တွေက လိုလားနေပါတယ်။

လူသတ်မှုနဲ့ ဖမ်းဆီးခံထားရသူကတော့ လက်ရှိ အပြစ်ကိုဝန်မခံဘဲ ငြင်းဆန်နေကြောင်း၊ ကျန်ရစ်သူ ဆွေမျိုးသားချင်းတွေကလည်း ထိုင်းရဲတွေနဲ့ တိုက်ရိုက်ဆက်သွယ် ပြောဆိုရာမှာ ဘာသာစကားအခက်အခဲရှိလို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ကို အကူအညီ တောင်းခံထားတယ်လို့ ကွန်ရက်အဖွဲ့ဝင် ဦးသိန်းထွန်းက ပြောပါတယ်။

Credit......http://burmese.dvb.no

 

Page 7 of 13

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border