yz

yz

                       

                                         သရပါဟိုတယ်​ အလုပ်​ဖြုတ်​ခံ အလုပ်​သမားများ ၇ ကြိမ်​​မြောက်​ ဆန္ဒပြ

မန္တလေးတိုင်း၊ ညောင်​ဦးမြို့နယ်​၊ ပု​ဂံ​ရှေး​ဟောင်းယဉ်​​ကျေးမှု​ဒေသရှိ သရပါဟိုတယ်​မှ အလုပ်​ဖြုတ်​ခံရ​တဲ့ အလုပ်​သမားတွေဟာ  အလုပ်အကိုင်ပြန်လည်ရရှိရေးအတွက် သရပါဟိုတယ်​ အနီးမှာ မနေ့က ၇ ကြိမ်​ ​မြောက်​ ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်။

ဟော်​တယ်​ချစ်​သူ မြို့နယ်​လုံးဆိုင်​ရာ အလုပ်​သမားအဖွဲ့အစည်း HLOB  ဥက္ကဋ္ဌ ဦးသိန်းရွှေက “ဒီအလုပ်​ကို မလုပ်​လို့ ငတ်​သွားမှာ​တော့ မဟုတ်​ဘူး။ ဒါ​ပေမယ့် အလုပ်​သမား အဖွဲ့အစည်းကို ဖြိုခွဲတာ ​ပေါ်လွင်​တယ်​။ အခုလိုလုပ်​​နေရင်​ ​နောက်​ဆက်​တွဲ ​ဟော်​တယ်​​တွေမှာ လုပ်​​နေတဲ့ အလုပ်​သမား​တွေအ​ပေါ် ဖိနှိပ်​ခံရလာနိုင်​လို့ အခုလို ဆန္ဒ​ဖော်​ထုတ်​ရခြင်းဖြစ်​တယ်​”လို့ ပြောပါတယ်။

ဆန္ဒ​ဖော်​ထုတ်​ရာမှာ သရပါ ဟိုတယ်​မှ အလုပ်​ထုတ်​ခံရ​တဲ့ အလုပ်​သမား ​ခေါင်း​ဆောင်​တွေ ပြန်​လည်​ခန့်​ထား​ရေး၊ မတရားအလုပ်​ထုတ်​ခြင်းများ ရပ်​တန့်​​ရေး၊ အလုပ်​သမားသမဂ္ဂ ဖြိုခွင်းသူများ အလိုမရှိ၊ ပုဂံ​ဒေသခံများအ​ပေါ် ဂုတ်​​သွေးစုတ်​ အမြတ်​ထုတ်​​သော ခရိုနီများအလိုမရှိ၊သရပါ ဟိုတယ်​​မြေအငှားချထားမှုအ​ပေါ် အစိုးရက ပြန်​လည်​စိစစ်​​ပေး​ရေး စတာတွေ ​ကြွေး​ကြော်​ပြီး အင်​အား ၃၀ လောက်နဲ့  ဆန္ဒ​ပြခဲ့ကြတာပါ။

HLOB မှ အလုပ်​အမှု​ဆောင်​ ဦးညိုက “မန္တ​လေးတိုင်း ဝန်းကြီးဌာနအဖွဲ့ က အဆင်​​ပြေ​အောင်​ကူညီ​ပေးမယ်​လို့ အာမခံထားပြီး အချိန်နှစ်လ ကြာတဲ့အထိ ​မျှော်​မှန်းသလို ဖြစ်​မလာဘူး။ လှုပ်​ရှားမှုတခုခုလုပ်​မှ အသိပြန်​ဝင်​မယ်​ဆိုတဲ့ အ​နေအထားနဲ့ ပြန်​လည်​ ​ဆောင်​ရွက်​ရခြင်းဖြစ်​တယ်​”လို့ ပြောပါတယ်​။

ပုဂံသရပါဟိုတယ် အလုပ်သမာတွေအနေနဲ့ အလုပ်ပြန်လည်ရရှိဖို့အတွက် ၂၀၁၈  အောက်တိုဘာ ၁၂ ရက်က စတင်ပြီး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာမှာ ၂လအကြာမှာ သပိတ်စခန်းဖြိုခွင်းခံခဲ့ရပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလည်း  သရပါဟိုတယ်က အလုပ်ထုတ်ခံအလုပ်သမားများ အပြင် ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနဲ့  ပါဝါဓာတ်ခဲစက်ရုံက အလုပ်ထုတ်ခံ အလုပ်သမားတွေ စုပေါင်းပြီး ပုဂံကနေ နေပြည်တော် ချီတက်ဆန္ဒပြခဲ့ရာမှာလည်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပါတယ်​။

သပိတ်စခန်းဖွင့်လှစ်မှုကြောင့် ပုဂံသရပါဟိုတယ်အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုနေမျိုးဝင်း အပါအ၀င် သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ အလုပ်ထုတ်ခံ အလုပ်သမား ၁၃ ဦးတို့ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုရင်ဆိုင်နေရပါတယ်​။

 

Credit........http://burmese.dvb.no  ကိုလင်း(​ချောက်​)

      

                           မလေးရှားကိုခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာ ၁၇ ဦး ထိုင်းနယ်စပ်မှာ ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီခရိုင်တွင်းပကျွတ့်  ခီရီခန် ကလောင်လွိုင် ကျေးရွာ အနီး တောလမ်းအတိုင်း ဖြတ်ပြီး ထိုင်းနိုင်ငံကနေ မလေးနယ်စပ်ဆီသွားကြမယ့် မြန်မာနိုင်ငံသား၁၇ ဦးကိုဖေဖေါ်ဝါရီလ ၄၇က်နေ့က ထိုင်းနယ်ခြားစောင့်တပ်ရင်း ၁၄၇ နဲ့  ကျေးရွာပြည်သူ့ စစ်တွေ ပူးပေါင်းပြီးဖမ်းဆီးခဲ့ပါတယ်။ အားလုံးဟာရခိုင်ပြည်နယ်က လာကြတဲ့ ရခိုင်လူမျိုးများဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း- မြန်မာနယ်စပ် ထိုင်းတောင်ပိုင်းကနေ မလေးရှားနယ်စပ်အထိ သွားဖို့ အတွက်လာကြတဲ့ မြန်မာနိုင်ငံသား ၁၇ဦးကို ထိုင်းနယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူစစ်တွေ ပူးပေါင်းပြီး ဖမ်းဆီး ခဲ့ပါတယ်။ သူတို့တွေဟာ လူကုန်ကူးသမားတွေနဲ့ ချိတ်ဆက်ပြီး မလေးရှားနယ်စပ်အထိသွားဖို့ စောင့်ဆိုင်းနေတုန်းမှာပဲ ဖမ်းမိခဲ့တာဖြစ်ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးေ၇းဖောင်ဒေးရှင်းရဲ့  မှတ်တမ်းနဲ့ အလုပ်သမားရေးရာ တာဝန်ခံဦးမင်းဦးကပြောပြပါတယ်။

" ၁၆ယောက်ရယ် လမ်းပြတဲ့သူက ၁ယောက်နဲ့ ဆို ၁၇ယောက်မိသွားတာပေါ့ ။ ထိုင်းဘက်ခြမ်း ကမ်ချနာဘူရီအပိုင်းထဲကို ဖြတ်ပြီး ရေကာတာနားမှာ စောင့်နေတာ ထိုင်းဘက်ခြမ်းဘက်က လူမှောင်ခို လူကုန်ကူးသူတွေကိုစောင့်နေတာ မလေးနယ်စပ်ထိသွားမယ် ဆိုရင် တယောက်ကို ဘတ်ငွေ ၂သောင်းပေးရမယ်လို့ ဆိုတယ်။ သူတို့ ကရခိုင်သားစစ်စစ်တွေပဲ"

ထိုင်းတောင်းပိုင်း မှာလည်း တရားဝင်ဝင်ပေါက် ၂ပေါက်ကလွဲရင် တရားမ၀င်တဲ့ ၀င်ပေါက်တွေ အများအပြားရှိတာမို့ တောလမ်းတွေကိုသုံးပြီး အလုပ်အကိုင်ရှာဖို့ အတွက်လာကြတဲ့သူတွေက အမြဲတမ်း ခိုးဝင်လာနေကြတာဖြစ်တယ် လို့ဆိုပါတယ်။

"ပကျွတ်ကနေ ရနောင်းထိ ထိုင်းဘက်ခြမ်းမှာ နော်ဝင်ထွက်လို့ရတဲ့ လူဝင်ပေါက် ၂၁ နေ၇ာရှိတယ် ။ ဒီနေရာတွေက အချိန်မရွေးဝင်လို့ ရတယ်လေ။ မြစ်ကလေးပဲခြားထားတော့ အပေါ်ကဆို တောင်ကလေးပဲခြားထားတာ တောကနေဖြတ်ပြီးဝင်လို့ ရတယ်။"

စစ်ဆေးရေးဂိတ်တွေများတဲ့လမ်းတွေကိုရှောင်ကွင်းပြိး စစ်ဆေးရေးဂိတ်နည်းတဲ့လမ်းကိုသုံးလာတာဖြစ်တယ်လို့လည်းဦးမင်းဦးးကဆိုပါတယ်။

"ချုံဖော်ကနေဇုံပေါ့၊ လမ်းထဲက လမ်းခွဆုံချုံဖော်ကနေ စူရာတ်ဌာနီနဲ့ ရနောင်းကိုခွဲရတာပွဲစားတွေက ရနောင်းလမ်းကိုသိပ်မသုံးဘူး။ ရနောင်း ကနေ ဖူးခက်နဲ့ ဖန်ငကိုဆို စစ်ဆေးရေးဂိတ်တွေတအားများတာ ချုံဖော်ကနေ စူရာတ်ဌာနရီ အဲဒီကနေ နကွန်ဆီဌာမရကိုဖြတ်တာအဲဒီ လမ်းကိုအများဆုံးသုံးတာ"

အခုဆိုရင် ၂၀၁၉ခုနှစ်အစကစပြီး ထိုင်းတောင်ပိုင်းမှာ လူကုန်ကူးမူ ၆ကြိမ်ထက် မနည်းဖမ်းဆီးမိပြီး လူကန်ကူးခံရသူ ၁၅၀လောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်ထဲမှာတော့ ထိုင်းတောင်ပိုင်းကနေ မလေးနယ်စပ်ကို သွားကြတဲ့ လူကုန်ကူးခံရသူ တထောင်ထက်မနည်းဟာ ဖမ်းဆီးခံခဲ့ရပါတယ်။

ထိုင်းတနိုင်ငံလုံးမှာ တရားမ၀င်နိုင်ငံခြားသားတွေကို အဖမ်းအဆီးတွေ ဆက်တိုက်လုပ်လာတဲ့ အခုရက်ပိုင်းအတွင်းမှာပဲ ထိုင်းမြောက်ပိုင်း ချင်းမိုင် ခရိုင် ဒွိုင်စကက် လမ်းမပေါ်မှာ လူကုန်ကူးလာတဲ့ ကားနှစ်စီးနဲ့ အတူ ထိုင်းနိုင်ငံသား နှစ်ဦးကို နယ်မြေ စစ်ဆေးရေးဂိတ်မှာ ဖမ်းမိသွားခဲ့ပါတယ်။ ကားနှစ်စီးပေါ်မှာ မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ ကလေးငယ်အများဆုံးပါဝင်တဲ့ လူအယောက်(၃၀) ကို စိုက်ပျိုးခြံတွေမှာ သုံးဖို့ နဲ့  အိမ်ဖေါ်အဖြစ် အလုပ်သွင်းပေးဖို့  ခေါ်လာခဲ့ကြတာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံသားတွေဆီက အလုပ်အကိုင်ရှာဖွေပေးမယ် ဆိုပြီးတဦးကို ဘတ် ငွေ ၅၀၀၀ ကနေ ၁၀၀၀၀ အထိယူပြီး လူပွဲစားတွေဟာ ချင်းမိုင်ဒေသက မြို့ နယ်တွေမှာ အလုပ်ကြမ်းသမားတွေအဖြစ် လိုက်ရောင်းစားနေကြတာဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
Credit .....burmese.voanews.com

                     

                                                မြန်မာ နိုင်ငံ ရှမ်းပြည်နယ်မှာ ထိုင်းနိုင်ငံသား ၈၁ ဦးဖမ်းဆီးခံရ

February 4,2019

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်နဲ့ အနီးဆုံး မြန်မာနိုင်ငံဖက် မိုင်းဆပ် မြို့ နယ်အတွင်းက လားဟူ တိုင်းရင်းသား တွေအများဆုံးနေထိုင်နေတဲ့ရပ်ကွက်တွေ- တည်းခိုးခန်း ကာရာအိုကေ စတဲ့နေရာတွေမှာ မူးယစ်နဲ့  မှုခင်းထိမ်းချုပ်ရေး အဖွဲ့ တွေက ပိုက်စိတ်တိုက် ရှာဖွေစစ်ဆေး ပြီး ထိုင်းနိုင်ငံသား ၈၁ ဦး (အမျိုးသမီး ၃၃ဦး အမျိုးသား ၄၈ဦး) ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိ ရဲမှူး အေကွန် ဘွန်စပါဒင်က အတည်ပြုပြောကြားခဲ့ပါတယ်။

ခုလို ထိုင်းနိုင်ငံသားအစုလိုက်အပြုံလိုက်ရှမ်းပြည်နယ်အတွင်းမှာ အဖမ်းခံရတာဟာ ယခုအကြိမ်းဟာ ပထမဆုံးဖြစ်ပါတယ်။

ဖမ်းမိထားတဲ့ ထိုင်းနိင်သားတွေကို မိုင်းဆပ် မြို့  နယ်ရုံး ဟောခန်းဆောင်မှာထိမ်းသိမ်းထားပြီး တဦးချင်းရဲ့  ကိုယ်ရေးရာဇ၀င် အသေးစိတ်ကို စစ်ဆေးနေတယ်လို့  သိရပါတယ်။
ဖမ်းဆီးထားတဲ့သူတွေမှာ ထိုင်းကအလိုရှိနေတဲ့ မှုခင်းနဲ့  မူးယစ်တရားခံတွေ ပါလာရင် ထိုင်းအာဏာပိုင်တွေထံ အသိပေးအကြောင်းကြားမှာဖြစ်တယ်လို့  သိရပါတယ်။

လတ်တလောမှာ ထိုင်းက အလိုရှိနေတဲ့ ဆိုလိုနတ်သား မူးယစ်ဂိုဏ်းခေါင်းဆောင် ကိုကယ်(ခ) ပန်န၀စ် အသက်(၃၀)နဲ့ သူ့ ဂိုဏ်းဝင်တွေမြန်မာနိုင်ငံဖက်ထွက်ပြေးသွားတာကြောင့် မြန်မာအာဏာပိုင်တွေကိုဖမ်းပေးဖို အကူအညီတောင်းခံထားပါတယ်။

ဆိုလို မူးယစ်ဂိုဏ်းဟာ ရာဘ စိတ်ကြွဆေးတွေကို ၁၀ ဘီးကုန်တင်ကားနဲ့  စင်းလုံးပြည့် သယ်တဲ့ ဂိုဏ်းလို့  နာမည်ကြီးပါတယ်။ဂိုဏ်ခေါင်းဆောင်ဟာ မြန်မာနိုင်ငံက လူမျိုးစု လက်နက်ကိုင်အဖွဲ့ တခုနဲ့  ရင်းနှီးဆုံး သူတစ်ဦးဖြစ်တယ်လို့  ထိုင်းသတင်းတွေမှာရေးသားဖေါ်ပြထားပါတယ်။

Credit...........SAW.......Nation

 

                                    

                   ထိုင်းအစိုးရက မိဘမဲ့မြန်မာကလေးငယ်များကို ပထမဆုံးအကြိမ် နိုင်ငံသားမှတ်ပုံတင်ထုတ်ပေး

ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ SAW ဖောင်ဒေးရှင်း၏ ChildrenCrisis Center တွင် စောင့်ရှောက် ထားသော မြန်မာမိဘမဲ့ကလေး ၅၀ ကျော်ကို ထိုင်းအစိုးရက ပထမအကြိမ် ထိုင်းနိုင်ငံသား မှတ်ပုံတင်ထုတ်ပေးခဲ့သည်။


မြန်မာရွှေ့ပြောင်းလုပ်သား များက မွေးဖွားပြီး အကြောင်း အမျိုးမျိုးဖြင့် မိဘမဲ့ဖြစ်ခဲ့သော ကလေး ၅၂ ဦးကို ထိုင်းနိုင်ငံသား မှတ်ပုံတင်ပေးအပ်ပွဲ အခမ်းအနားကို မဲဆောက်မြို့ပိုင်ရုံး၌ ယနေ့ (ဖေဖော်ဝါရီ ၄ ရက်)တွင် ပြုလုပ် မည်ဖြစ်ကြောင်း SAW ဂေဟာ တာဝန်ရှိသူ ဒေါ်အေးအေးမာက ပြောသည်။

SAW ဂေဟာတွင် စောင့်ရှောက်ထားသော မြန်မာကလေးငယ်များသည် မိဘသေဆုံးသူများ၊မိဘများ၏ စွန့်ပစ်ခံရသူများ နှင့် မိဘများက ဂေဟာတွင်ထားရှိပြီးနောက် လာရောက်ဆက်သွယ်ခေါ်ယူမှု မလုပ်သူများဖြစ်ကြောင်း ဒေါ်အေးအေး မာက ပြောသည်။

‘‘ထိုင်းနိုင်ငံမှာတော့ မြန်မာ မိဘမဲ့ကလေးတွေကို နိုင်ငံသား အဖြစ် မှတ်ပုံတင်ထုတ်ပေးတာ ပထမဆုံးအကြိမ်ပဲ’’ဟု ဒေါ်အေး အေးမာက ပြောသည်။

နိုင်ငံသား မှတ်ပုံတင်ရရှိ သည့် မြန်မာကလေးငယ်များ သည် ထိုင်းနိုင်ငံသားနည်းတူ အ ခွင့်အရေး အားလုံးရရှိမည်ဖြစ် ပြီး ကျန်းမာရေး၊ ပညာရေးအ ထောက်အပံ့များအပြင် တက္က သိုလ်များသို့ တက်ရောက်ပါက အစိုးရထံမှ ငွေချေး၍ရကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံသား မှတ်ပုံတင် လျှောက်ထားရန် ထိုင်းနိုင်ငံတွင် မွေးဖွားခြင်းနှင့် ထိုင်းစာသင်ကျောင်းများ၌ ပညာသင်ကြားနေ သော ကလေးများဖြစ်ရမည်ဟု ထိုင်းအစိုးရက သတ်မှတ်ထား သည်။

‘‘ကျွန်မတို့ ကျောင်းရဲ့ ဥက္ကဋ္ဌလူ့အခွင့်အရေးရှေ့နေက ဒီလိုမျိုး လုပ်လို့ရတယ်ဆိုတာ နမူနာဖြစ် အောင် မြန်မာကလေးတွေကို လုပ်ပေးတာ’’ဟု ဒေါ်အေးအေး မာက ပြောသည်။

SAW ဂေဟာတွင် မြန်မာ ကလေးငယ် ၂၀၀ ခန့်ရှိပြီး ၎င်းတို့အနက် အချို့ကလေးငယ်များ သည် ထိုင်းအစိုးရက ထုတ်ပေး ထားသော ၁၀ နှစ် သက်တမ်းရှိ ကတ်ပြားရရှိထားသည်။ အဆိုပါ ၁၀ နှစ်ခံ ကတ်ပြားများ ရရှိထား သော ကလေးငယ်များသည် ထိုင်းနိုင်ငံသားခံယူခွင့် ဆက်လက် လျှောက်ထားနိုင်ကြောင်း ဒေါ် အေးအေးမာက ပြောသည်။

ထို့အပြင် ကတ်ပြားရရှိထား သော ကလေးငယ်များသည် ထိုင်းအစိုးရစာသင်ကျောင်းများတွင် အခမဲ့ ပညာသင်ကြားနိုင်ပြီး နောက်ပိုင်း၌ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများပါ ရရှိလာမည်ဟု SAW ဖောင်ဒေးရှင်းက ထုတ် ပြန်သည်။

ထိုင်းနိုင်ငံ၌ မွေးဖွားသည့် မြန်မာကလေးများသည် ထိုင်း နိုင်ငံသားများနည်းတူ ကျောင်း ဆရာ၊ ဆရာဝန်နှင့် အစိုးရဝန် ထမ်းများအထိ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းရှိကြောင်း ထုတ် ပြန်ထားသည်။
Credit.....http://7daydaily.com/

Page 4 of 13

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border