ရွှေဝါနွယ်

0 Comments

မင်္ဂလာပါ မက်(ဖ်)ရေဒီယို အဖွဲ့သားတို့ရှင်…
ညီမကတော့ ထာဝရပရိသတ်ပါ။ စိတ်ပညာ ဆရာချစ်ဦးညိုရဲ့ ဟောပြောချက်တွေက အားဆေးတစ်ခွက်လို ဖြစ်ပြီး၊ ရေကြည်ရာ အစီအစဉ်ကြောင့် မိဘတွေရဲ့ ကျေးဇူးနဲ့ သားသမီးတွေရဲ့ ချွေးနဲစာကို ပိုပြီး နားလည်လာပါတယ်။ ကိုယ့်အကြောင်းလေး ပြောခွင့်ရလို့ ကျေးဇူးအထူးပါ။
အားလုံး ကျန်းမာချမ်းသာပြီး ပြည့်စုံသာယာကြပါစေ…

– ထာဝရပရိသတ်

14.1.2018

မက်(ပ်)ရေဒီယို လေးစားခင်မင် ရပါသောအစီစဉ် တင်ဆက်ကြသူ အကို အမများအားလုံပဲ မင်္ဂလာပါ… နားဆင်အားပေးကြတ့် ပရိသတ်များအားလုံးလဲ မင်္ဂလာပါ… ညီမလေးကတော့ ထာဝရပရိသတ် တစ်ယောက်ဖြစ်တဲ့ စာဖတ်အစီစဉ်လေးရဲ့ ဝါသနာရှင် စာရေးသူလေးပါ… မက်(ပ်) ရေဒီယိုရဲ့ပြီးခဲ့တဲ့ စနေနေ့မှာ လွှင့်ပေးခဲ့တဲ့ (စိတ်ပညာ) ဆရာချစ်နှိုင်ရဲ့ စာပေဟောပြောလေး သိပ်ကောင်းပါတယ်.. မှတ်သားစရာတွေ့အများကြီးကျန်ခဲ့ပါတယ် တကယ့်ကို တန်ဖိုးရှိတဲ့စကားတွေကြီးပါပဲ ပရဟိတလုပ်ဆောင်ကြသူတွေကို အားဆေးတိုက်လိုက်သလိုပါပဲ ဆရာပြောသွားတာတွေက.. ကျေးဇူးအထူးပါ.. မက်(ပ်)ရေဒီယိုရေ.. မက်(ပ်)ရေဒီယိုက ကိုကြီးရောင်စဉ် မမဝါတို့ ပရိသတ်နဲ့စကားပြောကြတဲ့ အခါမှာ မက်(ပ်) FM ရဲ့ အစီစဉ်တစ်ခုဖြစ်တဲ့(ရေကြည်ရာ) အစီစဉ်လေးရဲ့ အကြောင်းကို မေးပါတယ်။ ဟုတ်ကဲ့ပါ… စကားစပ်မိလို့ ပြောပါစေ၊ ရေကြည်ရာအစီစဉ်ရဲ့တစ်ပတ် တင်ဆက်သွားတာက၊ မိဘနဲ့ခွဲပြီး ၊ တိုင်းတစ်ပါးကို အလုပ်လုပ်သွားကြတဲ့သားသမီးတွေပို့ကြတဲ့ငွေတွေကို ဘာတွေလုပ်ကြလဲတဲ့ ၊ သမီးနားထောင်လိုက်ရတာကတော့ ၊ သားဖြစ်သူပို့လိုက်တဲ့ငွေကို မခင်ဖြစ်သူက ၊ သရက်ခြံကြီးစိုက်ထားတယ်တဲ့ ၊ သမီးမေမေ အကြောင်းဖလးကို ဆုပြီး မေမေ့ပိုက်ဆံနဲ့ အခုအိမ်လေးတစ်လုံးနဲ့ နွားလှည်းလေးရသွားပြီ ကြွားတာ မဟုတ်ပါဘူး၊ မိဘတွေဟာ သားသမီးတွေ ချွေးနဲစားကို တန်ဖိုးရှိရှိ ပြုလုပ်ကြတယ် ဆိုတာကို ရေကြည်ရာ အစီစဉ်လေးနဲ့ စပ်မိလို့ပြောပြတာပါ… သမီးတော်တာ မဟုတ်ပါဘူး၊ မေမေတော်တာပါ.. ပီတိလဲ ဖြစ်ရတယ် မေမေကြောင့် မက်(ပ်)FMကိုလဲ ကျေးဇူးတင်ပါတယ်.. ရေကြည်ရာ အစီစဉ်လေးကိုလည်း ကျေးဇူးတင်တယ် ကိုယ်နဲ့တိုက်ဆိုင်တဲ့အကြောင်းလေးကိုပြောခွင့်ရလို့ ၊ ကျေးဇူးအထူးပါ… မက်(ပ်)FM က ချစ်သောအကိုအမများနဲ့အတူ ကိုကြီးရောင်စဉ် ၊ ကိုချမ်မြေ့ မမဝါဝါ မမိခေးနဲ့အတူ ချစ်ပရိသတ်အားလုံး ကျန်မာချမ်းသာပြည့်စုံသာယာကြပါစေ… သမီးရဲ့စာလေးမှာ အမှားများပါသွားခဲ့ရင် တောင်းပန်ပါတယ်… ထုံးစံအတိုင်း စာစုလေးနဲ့အဆုံးသတ်ပါရစေ။

                                                                           (စွမ်းဆောင်မှုတခုတော့ရှိပါစေ… ။

                                                                            ကိုယ့်ရဲ့မိသားစုအကျိုးအများရဲ့

                                                                          ကောင်းကျိုးတွေအတွက်ဖြစ်ကြပါစေ

                                                                                         ဆရာကြီးနန္ဒသိန်းဇံ

အားလုံးကို ကျေးဇူးအထူးပါ…

ထာဝရ ပရိသတ် ရွှေဝါနွယ်

Categories: