မင်္ဂလာပါ M.A.P. Radio အဖွဲ့သားတို့ရှင်… ပန်းခြံနောက် သုံးဆယ် စက်ရုံက အမြဲအားပေးနေပါတယ်။ အစီအစဉ်တွေက ဝေဖန်စရာမရှိအောင် ကောင်းပြီး အားဆေးတစ်ခွက်လို ခွန်အားဖြစ်ရပါတယ်။ သီချင်းကောင်းတွေနဲ့အတူ ခိုင်လင်းရဲ့ ‘ကျောင်းကြီးပေါ်မှာ မောင်မဆော့ပါ’ ဇာတ်လမ်းလေး လွှင့်ပေးစေချင်ပါတယ်ရှင်။ အမြဲအားပေးနေမှာဖြစ်ပြီး စိတ်လှသူ၊ အကောင်းပြောသူနဲ့ ဆုံးမပေးသူကို ပိုတန်ဖိုးထားပါဆိုတဲ့ စကားလေး လက်ဆောင်ပါးလိုက်ပါတယ်ရှင်။
(M.A.P) Radioက အကိုအမများအားလုံး မင်္ဂလာပါ။
သမီးက ပန်းခြံနောက် သုံးထပ်စက်ရုံကပါ အစီစဉ် အားလုံးကို ကြိုက်နှစ်သက်ပါတယ်။ ဝေဖန်စရာမရှိအောင်ကောင်းပါတယ်။ အမြဲထမ်းလဲ အားပြေနေပါတယ် ပျော်ရွှင်စရာတွေဖန်တီးပေးတဲ့ (M.A.P. Radio)ကမ္ဘာလေးက သမီးတို့အတွက်တော့ အားဆေးတစ်ခွက် လိုပါပဲ ဗဟုသုတလဲရတယ်။ အသိဥာက်တွေလည်း တိုးပွါးစေပါတယ် ဇာတ်လမ်းလေးတွေ နေ့တိုင်း ထုပ်လွှင့်ပေးလို့ ကျေးဇူးတင်ပါတယ်။ သီချင်းကောင်းလေးတွေ ထုပ်လွှင့်ပေးစေချင်ပါတယ်။ စာရေးမလို့စဉ်းစားနေတာအချိန်တွေလဲ ကြာပါပြီ အခုမှ ရေးဖြစ်တော့တယ်။ မရေးချင်လို့မဟုတ်ပါဘူး စာကစီရသေးတယ်လေ အမြဲတမ်းအားပေးနေမှာပါ ထဝရ ပရိသတ်သစ်ယောက်ပါ ဇာတ်လမ်းလေး တစ်ပုဒ်ထုပ်လွှင့်ပေးပါနိုင်လင်းရဲ့ (ကြောင်းကြီးပေါ်မှာ မောင်မဆော့ပါ) ဇာတ်လမ်းလေးပါအမြဲအားပေးနေပါတယ်။
သိပ်လှသူထက် စိတ်လှသူကို ရွေးပေါင်းပါ။
အပြောကောင်းသူထက် အကောင်းပြောသူကို
ပိုခင်ပါ ပြုံးပြတတ်သူတတ် ဆုံမသူကိုပိုလေးစားပါ
လမ်းပြကြယ်လေး


