in Agenda

                     

                      အလုပ်သမားဥပဒေပြင်ဆင်ရာတွင် အလုပ်သမားဆန္ဒသဘောထား ပါဝင်ရေး ဆန္ဒပြ

အလုပ်သမား ဥပဒေ​တွေပြင်ဆင်တဲ့အခါ အလုပ်သမားထုရဲ့ ဆန္ဒသဘောထား​တွေပါဝင်​ဖို့ မန္တလေးမြို့ ပြည်​ကြီးတံခွန်​မြို့နယ်​မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်​က အလုပ်သမား ၇၀၀ ​ကျော်​က ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။

အလုပ်သမားရေးရာ ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) နဲ့ အလုပ်သမားအဖွဲ့အစည်းဥပဒေ​တွေကို ဒုတိယအကြိမ် ပြင်ဆင်ခဲ့တဲ့ ဥပဒေ (မူကြမ်း)​တွေမှာ အလုပ်သမားထုရဲ့ အသံများပါဝင်စေရေး နိုင်ငံ့ဝန်ထမ်း​တွေကို အလုပ်သမားအဖြစ် သတ်မှတ်ပေးရေး၊ ထိရောက်တဲ့ ပြစ်ဒဏ်​တွေ ထည့်သွင်းပေးရေး စတဲ့အချက်​​တွေကို တောင်းဆိုခဲ့ကြပါတယ်​။

မြန်​မာနိုင်​ငံ စက်​မှုလက်​မှုနဲ့ ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားများ သမဂ္ဂအဖွဲ့ချုပ်​က လက်ထောက်အတွင်းရေးမှူး (၁) ကိုနေလင်းအောင်က “ကျနော်တို့ ရန်ကုန်မှာလည်း တောင်းဆိုပြီးပြီ၊ ခုမန္တလေးမှာ ဆက်လက်တောင်းဆိုတာ ဖြစ်တယ်။ အလုပ်သမား ဥပဒေတွေမှာ အလုပ်သမားအသံတွေ မပါတာရယ်၊ အလုပ်သမား ခေါင်းဆောင်တွေ အလုပ်ထုတ်ခံရမှု နှုန်းထား​တွေ မြင့်တက်​လာတာရယ်တွေကြောင့် အခုလို ဆန္ဒပြတောင်းဆိုရတာ​” လို့ ​ပြောပါတယ်​။

ဆန္ဒပြ​အလုပ်​သမား​တွေကို ပြည်​ကြီးတံခွန်​၊ ချမ်းမြသာစည်​၊ မဟာ​အောင်​​မြေမြို့နယ်​က မြို့နယ်​ရဲတပ်​ဖွဲ့မှူး၊ မြို​နယ်​အုပ်​ချုပ်​​ရေးမှူးနဲ့ တာဝန်​ရှိသူများက တားမြစ်​ခဲ့​ပေမယ့် ဆက်​လက်​ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။

“ကျ​နော်​တို့က သက်​ဆိုင်​ရာကို ငြိမ်းစုစီတင်​ခဲ့ပါတယ်​။ ဒါ​ပေမယ့် ​ဒေသန္တရဥပ​ဒေအရ ခွင့်မပြုဘူးတဲ့။ ကျ​နော်​တို့အလုပ်​သမားတွေ မြို့နယ်​တိုင်းမှာရှိ​နေတယ်၊ အများအပြား အလုပ်​ဖြုတ်​ခံထားရတယ်။ ​အလုပ်​ဖြုတ်​ခံရတာကလည်း သမဂ္ဂအဖွဲ့ဝင်​​တွေချည်းပါပဲ။ အမျိုးသားဒီမိုက​ရေစီ အစိုးရလက်​ထက်​မှာ အလုပ်​သမားသမဂ္ဂအဖွဲ့ချုပ်​​ခေါင်း​ဆောင်​​တွေ အလုပ်​ထုတ်​ခံရတဲ့နှုန်းထားက အင်​မတန်​မှ မြင့်​တက်​လာပါတယ်​။ ဒါ​တွေကို​လည်း​ ပြေလည်​​အောင် ​​ဖြေရှင်းမ​ပေးနိုင်​ဘူး။ ဒါ​​ကြောင့် အခုလိုဆန္ဒပြ​တောင်းဆိုရတာဖြစ်​တယ်” ​လို့ မြန်​မာနိုင်​ငံစက်​မူလက်​မှုနဲ့ ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားသမဂ္ဂ အ​ထွေ​ထွေ အတွင်း​ရေးမှူးချုပ် ​ကိုသက်​နှင်း​အောင်​က ​ပြောပါတယ်​။

အလုပ်သမားတရားရုံးများပေါ်ပေါက်ရေး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းရေး၊ နိုင်ငံ့ ဝန်ထမ်းများအား အလုပ်သမားအငြင်းပွာမှု ဥပဒေတွင် ထည့်သွင်းရေး၊ အလုပ်သမား ဥပဒေများကို ILO စံနှုန်းနဲ့အညီ ပြင်ဆင်ရေး၊ မန္တလေးတိုင်းအတွင်း အလုပ်သမားဝန်ကြီး ခန့်အပ်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ပြည်​ကြီးတခွန်​မြို့နယ်​ ၆၂လမ်း​အေးသုခလမ်းက​နေပြီး ချမ်းမြသာစည်​နဲ့ မဟာ​အောင်​​မြေမြို့်​နယ်​တို့ကိုဖြတ်​ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

ခွင့်ပြုမိန့်မရဘဲ လမ်း​လျှောက်​​ဆန္ဒပြ​တောင်းဆိုခဲ့ကြတဲ့ ​ခေါင်းဆောင်​ ၇ ​ဦးဖြစ်​တဲ့ ကိုသက်​နှင်း​အောင်​၊ ကို​နေလင်း​အောင်​ ကိုတင့်ရှိန်​စိုး၊ ​ဒေါ်စုစုနိုင်​၊ ​မစိုး၊ စန္ဒမြင့် ​ဒေါ်ဖြိုးစန္ဒာစိုး ဦးသူရ တို့ကို ငြိမ်းစုစီပုဒ်​မ (၁၉)နဲ့ အမှုဖွင့်အ​ရေးယူသွားမယ်​လို့ မန္တ​လေးခရိုင်​ရဲတပ်ဖွဲ့မှူး ဦးမျိုး​အောင်​က ​ပြောပါတယ်။

Credit .......http://burmese.dvb.no

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border