in Agenda

                 

                               တရားမ၀င် မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ကားတိမ်းမှောက် ၄ ဦးသေဆုံး ၁၉ ဦးဒဏ်ရာရ

January 23, 2019

ဇန်န၀ါရီလ ၂၂ရက် ည ၈ နာရီက ထိုင်း နိုင်ငံ ချွန်ဖုန်းခရိုင် ခွန်ကထင် မြို့ နယ် ကျေးရွာအမှတ် (၁၃) အမှတ် ၄၁ အာရှ လမ်းမကြီးမှာ တရားမ၀င် မြန်မာနိုင်ငံသား ၂၃ ဦးတင်ဆောင်လာတဲ့ တိုရိုတာ ၄၆၆၁ (ရပ်ချဘူရီ) ပစ်ကပ်ကားတစ်စီး တိမ်းမှောက်သွားခဲ့ကြောင်း
သိရပါတယ်

အရှိန်မြင့်မောင်းလာတဲ့ ပစ်ကပ်ကားဟာ လမ်းမဘေးက သစ်ပင်ကိုဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေ ကားပေါ်ကနေ လွှင့်စင်ပြုတ်ကျခဲံ့ကြတာပါ ဖြစ်ပွားတဲ့နေရာမှာတင် မြန်မာနိုင်ငံသား အမျိုးသား (၄) ဦး ပွဲချင်းပြီး
သေဆုံးကာ တခြားမြန်မာနိုင်င့သား ( ၁၉) ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

လူကုန်ကူးကားမောင်းသမား နိုင်ပရမစ် အသက် ၂၃ နှစ် ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ကားသမားရဲ့  ၀န်ခံချက်အရ မြန်မာနိုင်ငံ လူကုန်ကူးသူတစ်ဦး က သူ့ ကိုဌာရမ်းခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်း ဘတ်ငွေ ၁၀၀၀ သယ်ဆောင်ခပေးပြီး ထိုင်းမြန်မာနယ်စပ် ရနောင်းကနေ စစ်ဆေးရေး ဂိတ်တွေကိုကွေ့ ရှောင် ဖြတ်ပြီး တောင်ပိုင်း စူလဌာနီကို မောင်းပို့ ခဲ့တာဖြစ်ပါတယ်။

သေဆုံး ဒဏ်ရာရသူအားလုံးကို ချွန်ဖုန်း ခရိုင် အူဒုန်ဆပ် ဆေးရုံကိုပို့ ဆောင်ပြီး ဒဏ်ရာရသူတွေကို အရေးပေါ် ဆေးကုသပေးနေပါတယ်။ချွန်ဖုန်းခရိုင်ဒုရဲမှူး ၀ီချစ် ခန်ကို့ ချကန် ကတော့ ခုလို တရားမ၀င်သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အဓိက လူကုန်ကူးသူတွေကို ဆက်လက် ဖေါ်ထုတ်အရေးယူသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

Credit .....SAW

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border