in Agenda

                 

                              မြန်မာလုပ်သားများကို စိစစ်နေစဉ် (ဓာတ်ပုံ − စိုးလင်းဦး)

ထိုင်းနိုင်ငံရောက်မြန်မာ လုပ်သားများ ထိုင်းနိုင်ငံတွင် ပတ်စ်ပို့စာအုပ် ပြုလုပ်နိုင်ရန် မဟာချိုင်မြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ဗဟိုစင်တာဖွင့်၍ ၀န်ဆောင်မှုပေးရန် ထိုင်းအစိုးရက ခွင့်ပြုခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။

 မြန်မာလုပ်သားများသည် မြန်မာနိုင်ငံသို့ပြန်၍ ပတ်စ်ပို့ပြု လုပ်ရန် မလိုအပ်တော့ဘဲ ပတ်စ် ပို့နှင့်အတူ ဗီဇာနှင့် အလုပ်ပါမစ်   တစ်ပါတည်းပြုလုပ်ပေးမည်ဟု ဦးစန်းမောင်ဦးက  ပြောကြား သည်။


အဆိုပါ စင်တာကို ဒီဇင်ဘာ အတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ပတ်စ်ပို့လျှောက် ထားသူများ၊ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်သူများနှင့် မည် သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ပျောက်နေသူ များအတွက်လည်း ပါဝင်ကြောင်း သံအရာရှိက ပြောသည်။

‘‘MoU နဲ့လာပြီး လုပ်နေကြတဲ့သူတွေလည်း သက်တမ်းတိုးဖို့အတွက် အရင်ကသုံးကြိမ်လောက် ပြန်ပြီး လုပ်နေရတယ်။ အဲဒီလူတွေအတွက်ရော ဒီစင်တာမှာ လုပ်လို့ရတယ်။ ပတ်စ်ပို့လျှောက်ချင် တဲ့သူတွေက ဒီမှာပဲ လျှောက်လို့ ရသွားတာပေါ့။ ထိုင်းအစိုးရက တော့ နှစ်နိုင်ငံချစ်ကြည်ရေးအ ရ ခွင့်ပြုပေးတာပေါ့’’ဟု ဦးစန်း မောင်ဦးက ပြောသည်။

ထိုင်းရောက် မြန်မာလုပ် သားများအရေး ဆောင်ရွက်ပေး နေသော ပညာရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့မှ ကိုမင်းဦးက ‘‘မြန်မာလုပ် သားတွေအတွက် အချိန်ကုန်တာ ရော၊ ငွေကုန်တာရော သက်သာ သွားမယ်။ နောက်ပြီးထိုင်းက အ လုပ်ရှင်တွေက သူတို့အလုပ်သ မားတွေကို ခွင့်အကြာကြီးပေးချင် တာ မဟုတ်ဘူး။ ခုတော့ ဒီမှာပဲ ပတ်စ်ပို့တွေ လုပ်လို့ရပြီဆိုတော့ အလုပ်ရှင်တွေအတွက်လည်း အ ကျိုးရှိတယ်’’ဟု ပြောသည်။

စာချုပ်ဖြင့် လာရောက်လုပ်ကိုင်သော မြန်မာလုပ်သားများသည် သက်တမ်းတိုးဆောင်ရွက်ရန် တစ်လလျှင် လူနှစ်ထောင်ခန့် နေရပ်ပြန်နေရသည်။

Credit.......http://7daydaily.com/

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border