in Agenda

                                                   

ရွှေလီမြို့ ဖုန်းအပိုပစ္စည်းစက်ရုံတစ်ခုတွင် ပိတ်လှောင်ခံခဲ့ရသော မြန်မာအလုပ်သမားများအနက် မြန်မာနိုင်ငံသို့ ခြောက်ဦး ပြန်ရောက်

တရုတ်နိုင်ငံ၊ ရွှေလီမြို့ ဖုန်းအပိုပစ္စည်းစက်ရုံတစ်ခုတွင် ပိတ်လှောင်ခံခဲ့ ရသော မြန်မာနိုင်ငံသား ၃၉ ဦးအနက် ခြောက်ဦးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်ခရိုင်၊ မူဆယ်မြို့ မြန်မာ-တရုတ်နယ်စပ် ဂိတ်တစ်ခုဖြစ်သော နန်းတော် ဂိတ်မှတစ်ဆင့် ယနေ့ နံနက် ၁၀ နာရီခန့်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။
အဆိုပါမိန်းကလေး ခြောက် ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၉ ဦးသည် ရွှေလီမြို့ရှိဖုန်းအပို ပစ္စည်းတပ် ဆင်သည့် တရားမဝင်စက်ရုံတွင် ဆက်လက်လုပ်ကိုင်လို စိတ်မရှိတော့သဖြင့် အခြားနေရာသို့ပြောင်း ရွှေ့ လုပ်ကိုင်ခွင့်ရရေး စက်ရုံပိုင်ရှင်နှင့် ညှိနှိုင်းခဲ့ကြသော်လည်း ညှိနှိုင်းမှုအဆင်မပြေ သဖြင့်အဆောက် အဦး တစ်ခု အတွင်းပိတ်လှောင်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်းသိရ သည်။
ယင်းသို့ ပိတ်လှောင်ခံရသူများအနက်မှ Online အသုံးပြုသူတစ်ဦးက FaceBook page မှတစ်ဆင့် မိမိ တို့ပိတ်လှောင် ခံနေရကြောင်း နှင့် တရုတ်နိုင်ငံတွင် နေထိုင်ခွင့်ကတ်များကိုလည်း သိမ်းဆည်းထား ကြောင်း၊ ရေမတိုက်၊ ထမင်းမကျွေး ကြောင်းကို Live လွှင့် အသိပေးခဲ့ ကြောင်းသိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၊ မူဆယ်မြို့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံရွှေလီမြို့ရှိ သက်ဆိုင်ရာသို့ဆက် သွယ်ကာ စုံစမ်းမူများပြုလုပ်ခဲ့ပြီး နောက် တရုတ်နိုင်ငံလူကုန်တားအဖွဲ့နှင့်ဆက်သွယ်၍ ပိတ်လှောင်ခံ နေရသော မြန်မာနိုင်ငံသားများကိုနာရီပိုင်းအတွင်း ကယ်ဆယ်ခဲ့ကြောင်း နှင့် ယင်းသို့ပြုလုပ်သည့် စက်ရုံ ပိုင်ရှင်ကိုလည်း ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။
ယင်းနောက် မြန်မာနိုင်ငံသားများ၏ဆန္ဒအရ တရုတ်နိုင်ငံတွင် ဆက်လက်အလုပ်လုပ်ကိုင်လိုသူ ၃၃ ဦးအားရွှေလီစက်မှုဇုန် ရှိ တရားဝင်အလုပ်ရုံများသို့ပြောင်းရွှေ့လုပ်ကိုင်ခွင့်ပြုထားသည့်အပြင် မြန်မာနိုင်ငံ သို့ ပြန်လိုသူ အမျိုးသမီး ၆ ဦးကိုလည်း မူဆယ်နယ်စပ်နန်းတော်ပေါက်မှ တစ်ဆင့် မြန်မာနိုင်ငံ ဘက်သို့ ပြန်လည်ပို့ဆောင်ပေးထားကြောင်းနှင့် ယခုအခါ မူဆယ်မြို့၊ ပြည်ထောင်စုဘော်လုံးကွင်းရှိ Covid-19 Q စင်တာတွင် ဆေးစစ်မှုများပြုလုပ်နိုင်ရန် ပို့ဆောင် ပေးထားကြောင်း သိရသည်။
Pyi Myanmar
swh(ဓာတ်ပုံ-AI)

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border