in Agenda

                                

                      မြန်မာနိုင်ငံသား အလုပ်သမားကဒ်ပြား အတုဂိုဏ်း အား ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်

ထိုင်းနိုင်ငံ စမုဆာကွန် ခရိုင်အတွင်း မှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို အလုပ်အကိုင်လျှောက်တဲ့အခါ အဆင်ပြေပြီး ရဲမဖမ်း ထိုင်းနိုင်ငံ တနိုင်ငံလုံးသွာလို့ ရတယ်ဆိုတဲ့ ကဒ်ပြားကို တစ်ဦးကို ဘတ်ငွေ ၅၆၀၀ နဲ့  လုပ်နေတဲ့ မြန်မာနိုင်ငံသား အတုဂိုဏ်းဖြစ်တယ်လို့  ထိုင်းရဲတပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

အလိမ်ခံရသူအများစုဟာ ကရင်တိုင်ရင်းသားတွေဖြစ်ကြပါတယ်။ခုလို အလုပ်သမားကဒ်အတုဂိုဏ်းကို ဖမ်းပေးဖို့  တိုင်တန်းချက်ကြောင့် စကန်ငန် လမ်း ဘန်ဘိုထရင်ရပ်ကွက် က တိုက်ခန်းအမှတ်၇၉ ကို လူဝန်မှု ကြီးကြပ်ရေးအဖွဲ့ နဲ့ စမယ်ဒန် နယ်မြေရဲတပ်ဖွဲ့ က ပူးပေါင်း ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

တရားခံ မိုးဇော် ၃၈ နှစ် စောအောင်မြင် ၊စောထန်၊နဲ့ အတူ လေးငယ်၂၄နှစ် (အမျိုးသမီး) တို့ လေးဦးကိုနေအိမ်ခန်းအတွင်းမှာ အတုလုပ်နေတဲ့ ကွန်ပြူတာ၊ ဘရောင်စာ၊ ပရင်တာစက်တွေ အတု တွေနဲ့  လုပ်ထားပြီးသား ကပ်ပြားပေါင်း ၈၀နဲ့ အတူ သက်သေခံပစ္စည်းတွေပါ ဖမ်းဆီးခဲ့ပါတယ်။ကဒ်ပြားအတုဂိုဏ်းဟာ စကားပြောစက်တစ်လုံးနဲ့  လက်ထိတ်ပါအခန်းတွင်းမှာ ဆောင်ထားတာလည်းတွေ့ ရပါတယ်။
သတင်းစာ၇ှင်းလင်းပါမှာ လူဝန်ကြီးကြပ်ရေး အဆင့်မြင့်အရာရှိ ရဲချုပ် ဆူရချေ့  ဟတ်ဖန် ကိုတိုင် မြန်မာ နိုင်ငံသား အတုဂိုဏ်ကို ဖမ်းမိတဲ့အကြောင်း ကို ကိုယ်တိုင်သတင်းစာရှင်းလင်းသွားခဲ့ပါတယ်။
ယခုဖမ်းဆီးလိုက်တဲ့ အတုဂိုဏ်းဝင်တွေကို အာမခံ ပေးမှာမဟုတ်ပဲ ထိုင်းတည်ဆဲဥပဒေအရ အရေယူပြီး ပြည်နှင်ဒဏ်ပေးမှာဖြစ်ပြီးတရားခံတွေကို ဘလက်လစ် စာရင်းဝင်အဖြစ် ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့်ကိုပါ ပိတ်ပင်သွားမယ်လို့  ရဲချုပ် ဆူရချေ့  ကသတင်းထောက်တွေကို
ထုတ်ပြန်ပြောဆိုသွားပါတယ်။

ဒီကနေ့  သောကြာနေ့ နံနက် ပိုင်းကစပြီး ဘန်ကောက်မြို့  နေရာပေါင်း ၂၁၇နေရာမှာ ရဲတပ်ဖွဲ့ အပါဝင်အဖွဲ့ ပေါင်းစုံ ပူးပေါင်းနယ်မြေရှင်းလင်း
ရေး နိုင်ငံခြားသား စကင်ဖတ် စစ်ဆင်ရေး ပြုလုပ်ခဲ့ရာမှာ နိုင်ငံပေါင်းစုံက လူ၅၀၀ ကျော်ဖမ်းဆီးခဲ့ရာမှာ တရာမ၀င် မြန်မာနိုင်ငံသား ၈၆ ယောက် ပါဝင်ကြောင်း သိရပါတယ်။


Credit.......SAW

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border