in Agenda

                         

  ထိုင်းနိုင်ငံအတွင်း ပတ်စ်ပို့ကိုင်ဆောင်၍ ဗီဇာအတုများ တွေ့ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးခြင်းမပြုဘဲ ထုတ်ပေးသည့် ပွဲစားများကို နှစ်နိုင်ငံ ပူးပေါင်း ဖော်ထုတ်မည်

ထိုင်းနိုင်ငံအတွင်း ပတ်စ်ပို့ကိုင်ဆောင်၍ ဗီဇာအတုများနှင့်အတူ တွေ့ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များကို ဖမ်းဆီးခြင်းမပြုဘဲ ပညာပေးကာ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲ ပြောင်းပေးပြီး ထုတ်ပေးသည့် ပွဲစားများကို နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်မည်ဟု နိုဝင်ဘာလ တတိယပအပတ်အတွင်းက ကျင်းပပြုလုပ်ခဲ့သည့် (၁၂)ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ်လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာဆက်ဆံရေးအစည်းအဝေးမှ သိရသည်။

”ပတ်စ်ပို့ကိုင်ဆောင်ပြီး ဗီဇာအတုများကိုင်ဆောင်တာ မြန်မာ နိုင်ငံဘက်၊ မြဝတီ၊ ထိုင်းမှာတော့ မဲဆောက် ဘက်မှာအများဆုံးတွေ့ရတယ်။ မယ်ဆိုင်-ချင်းရိုင်းမြို့နယ် အတွင်းမှာတော့ တစ်ဦးတည်းပဲ ဖမ်းမိတာရှိပါတယ်။ ဒါတွေက ပွဲစားတွေ ကြောင့် ဘာမှမသိတဲ့ရွှေ့ပြောင်း အလုပ်သမားတွေခံရတာ များပါတယ်။ နောက်ပိုင်း တွေ့ရှိရင် ဖမ်းဆီးခြင်းမပြုဘဲ ပညာပေးပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးမှာဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံ၊မယ်ဆိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ရဲမှူးကြီး Acecal botster Dinn က ပြောသည်။

အဆိုပါအစည်းအဝေးတွင် တာချီလိတ်-ချင်းရိုင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးအဖွဲ့ ကိုယ်စားလှယ်များက နှစ်နိုင်ငံနယ်စပ်ဒေသတွင်း မြန်မာရွှေ့ပြောင်း လုပ်သားများ ကိုင်ဆောင်နေသည့် ပတ်စ်ပို့၌ ဗီဇာအတုများ တွေ့ရှိပါကနိုင်ငံတာဝန်ရှိသူများဝိုင်းဝန်းပူးပေါင်းဖြေရှင်းဆောင်ရွက်သွားရန်၊ ဗီဇာအတုများ ကိုင်ဆောင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရှိပါက ဖမ်းဆီးခြင်းမပြုဘဲ ပညာပေးမှုပြုလုပ်ပြီး ပြန်လည်လွှဲပြောင်းပေးသွားရန်၊

မြန်မာရွေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များကို မြန်မာ-ထိုင်းနှစ်ဘာသာဖြင့် ရေးသားဖြန့်ဝေသွားရန်နှင့် ပညာပေးမှုကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်၊ ရွှေ့ပြောင်းလုပ်သားများ အကူအညီ လိုအပ်သည့်အခါ နှစ်နိုင်ငံဆက် သွယ်နိုင်မည့် ဖုန်းနံပါတ်များဖြန့်ဝေပေးသွားရန်၊ လူကုန်ကူးခံရသူများ လွှဲပြောင်းသည့်အခါ စစ်ဆေး တွေ့ရှိချက်နှင့် ထူးခြားမှုများကို သတင်းဖလှယ်သွားရန်၊

လူကုန်ကူးမှု အသိပညာပေးဆောင်ရွက် မှုများကို ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စာသင်ကျောင်းများတွင် အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ ထိုင်းနိုင်ငံအတွင်းမှ အမှုဖြင့် အလိုရှိသော တရားခံများတာချီလိတ်မြို့နယ်အတွင်း ရောက်ရှိနေပါက ပူးပေါင်းရှာဖွေ ဖမ်းဆီးပေးရန်နှင့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် ဒေသန္တရအမိန့်ထုတ်ပြန်ပါက ချိတ်ဆက်ပေးပို့သွားရန်နှင့် စီမံချက်အရ စစ်ဆေးဆောင်ရွက်စဉ် တရားမဝင် အလုပ်သမားတွေ့ရှိပါက အမြန်ဆုံးလွှဲပြောင်းပေးရန်စသည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ နှစ်နိုင်ငံနယ်စပ်လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး ဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်းဦးဆောင်သည့် အဖွဲ့ဝင် ၁၅ ဦး၊ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ရဲမှူးကြီး Acecal botsterDinn ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ် ၂၈ ဦး၊ စုစုပေါင်း ၄၃ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Credit....https://www.myanmarlivenews.com/

 

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border