PDPA (ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ရေးဥပဒေ) B.E. 2562 (2019) သည် အမည်၊ လိပ်စာနှင့် ဆိုရှယ်မီဒီယာ အကောင့်များကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ပေးသည့် ဥပဒေတစ်ခုဖြစ်သည်။ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ ပုံ နှင့် မှတ်ပုံတင် သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခွင့်ပြုချက်မရှိ အသုံးပြုခြင်း၊ အသရေဖျက်စေခြင်း သို့မဟုတ် တရားမ၀င်အသုံးပြုမှုဖြစ်စေသောအမှုများကို တားဆီးရန် ရည်ရွယ်ပါသည်။ ထို့ကြောင့် ဤဥပဒေသည် အွန်လိုင်းခေတ်တွင် နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်ရန်ဖြစ်ပါသည်။
ကိုယ်ရေးကိုယ်တာအချက်အလက် - အမည်၊ လိပ်စာအချက်အလက်များ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ ဆိုရှယ်မီဒီယာအကောင့်၊ ပညာရေးဆိုင်ရာအချက်အလက်၊ အလုပ်အကိုင်၊ ဓာတ်ပုံများ၊ ကျန်းမာရေးအချက်အလက်၊ တိုင်းရင်းသားနှင့် လူမျိုးစုများအကြောင်း၊ ဘာသာရေးများဖြစ်သည်။
PDPA သည်
ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းမှ ကာကွယ်ရန်
အွန်လိုင်းဒေတာအသုံးပြုမှုကို ထိန်းချုပ်ရန်
ဥပဒေနှင့် ညီညွတ်သောအွန်လိုင်းပေါ်အပြုအမှု စံချိန်စံညွှန်းများသတ်မှတ်ရန်
ဒေတာစုဆောင်းခြင်းနှင့် အသုံးပြုခြင်းနည်းလမ်း၊ အချက်အလက်များ ထုတ်ဖော်ခြင်းများ စစ်ဆေးရန်
အွန်လိုင်းပေါ်တွင် ယုံကြည်စိတ်ချရမှု၊ ဘေးကင်းမှုနှင့် လုံခြုံရေးရှိစေရန်တို့ဖြစ်သည်။
မူပိုင်ခွင့် ပိုင်ဆိုင်မှု (ကိုယ်ရေးကိုယ်တာအချက်အလက်ပိုင်ရှင် အခွင့်အရေး)
အသိပေးပိုင်ခွင့် (သိရှိပိုင်ခွင့်)
အချက်အလက်/သတင်းများရယူပိုင်ခွင့်
ဆန္ဒထုတ်ဖော်ခွင့် သို့မဟုတ် ငြင်းဆန်ခွင့်
ဒေတာကို ဖျက်ပစ်ခြင်း သို့မဟုတ် ဖျက်ဆီးပိုင်ခွင့်
ပြန်လည်ပြင်ဆင်ပိုင်ခွင့်
PDPA ပြစ်ဒဏ်များ
ဆုံးရှုံးမှုများအတွက် လျော်ကြေးများပေးဆောင်ရမည်
ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်မျိုးလုံး ကျရောက်နိုင်သည်။
ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေဒဏ် ၅၀၀,၀၀၀ (၅ သိန်း) ဘတ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး
ပြစ်ဒဏ် ပြင်းထန်ပါက - ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ငွေဒဏ် ၁,၀၀၀,၀၀၀ (၁ သန်း) ဘတ် ဆောင်ရမည်။