ရွှေ့ပြောင်းအလုပ်သမားများနှင့် လူမှုဖူလုံရေးခံစားခွင့်

 

ရွှေ့ပြောင်းအလုပ်သမားများနှင့် လူမှုဖူလုံရေးခံစားခွင့်

 

လူမှုဖူလုံရေးအာမခံ ဆိုသည်မှာ ၀င်ငွေရှိသော လူမှုဖူလုံရေးရန်ပုံငွေသို့ ငွေပေးသွင်းသည့် အသင်း၀င် အုပ်စုတွင် ဖျားနာခြင်း၊ မီးဖွားခြင်း၊ မသန်မစွမ်း ဖြစ်ပွားခြင်း၊ အလုပ်လုပ်မဲ့ဖြစ်ခြင်းကြောင်း ဖြစ်ပွား နိုင်သည့် အန္တယ်ရာယ်များအတွက် ပျမ်းမျှတာ၀န်ယူရန်၊ ဆေးကုသမှု ခံယူရန်နှင့် ၀င်ငွေပြတ်လတ်ခြင်း အတွက် စဥ်ဆက်မပြတ် လျော်ကြေးရရှိစေရန်အတွက် နေထိုင်စားသောက်ရေးအတွက် အာမခံခြင်း ဖြစ်သည်။ အလုပ်ရှင်သည် ၀န်ထမ်းအလုပ်၀င်ရောက်လုပ်ကိုင်သည့်နေ့ရက်မှစတင်၍ ၃၀ ရက်အတွင်း လူမှုဖူလုံရေးရန်ပုံငွေစာရင်း မှတ်ပုံတင်ရမည်။ အလုပ်ရှင်သည် ၀န်ထမ်းအတွက် လူမှုဖူလုံရေးအာမခံ လျှောက်မပေးခြင် (၀န်ထမ်းသည် အသက် ၁၅ နှစ်ထက်မနည်း မှ ၆၅ နှစ်ထက်မကျော်ရှိရမည်)

 

ထည့်၀င်ကြေး

ထည့်၀င်ကြေးသည် အလုပ်ရှင်နှင့်အလုပ်သမားမှ လူမှုဖူလုံရေးရန်ပုံငွေသို့ လစဥ်ပေးသွင်းရသောငွေကိုဆိုလိုသည်။ အာမခံထားရှိသူ၏လုပ်အားခ တစ်ရာလျှင် ၅ ရာခိုင်နှုန်း တစ်ဖက်စီမှ တူညီစွာပေးသွင်းရမည်။ ဥပမာ - မောင်မောင်က လစာ တစ်လလျှင် ၁၀၀၀၀ ဘတ် (၁၀၀၀၀ x ၅ = ၅၀၀ ဘတ်)ဖြစ်သည်။ အလုပ်ရှင် ၅၀၀ ဘတ် နှင့် မောင်မောင် ၅၀၀ ဘတ် လတိုင်းထည့်၀င်ပေးရမည်။

 

လူမှုဖူလုံရေးရန်ပုံငွေ အကျိုးခံစားခွင့်

၁) အန္တယ်ရာယ်ကျရောက်ခြင်း (သို့မဟုတ်) ဖျားနာခြင်း

အလုပ်လုပ်ကိုင်ခြင်းကြောင့် အန္တယ်ရာယ်ကျရောက်ခြင်း (သို့မဟုတ်) ဖျားနာခြင်း ဆေးကုသရေး၀န်ဆောင်မှုရယူရန် မိမိတို့စာရင်းသွင်းထားသောဆေးရုံ၌ဦးစားပေကုသရမည်။ ထိုခံစားခွင့်ရရန်အတွက် အလုပ်သမားသည် လူမှုဖူလုံရေးရံပုံငွေဌာနသို့ အနည်းဆုံး ၃ လ စာရံပုံငွေပေးသွင်းပြီးသားဖြစ်ရမည်။

၂) မီးဖွားခြင်း

အမျိုးသမီးအလုပ်သမားများအတွက် မီးဖွားစဥ်ကာလနှင့် အလုပ်နားသည့်ကာလအတွက် သတ်မှတ်ထားသည့် ငွေကြေးပမာဏနှင့် ဆေးကုသစရိတ်အတွက် ခံစားခွင့်ရရှိမည်ဖြစ်ပြီး၊ အနည်းဆုံး ၅ လ ငွေပေးသွင်းပြီးသူမှသာလျှင် ခံစားခွင့် ရမည်ဖြစ်သည်။

၃) မသန်မစွန်းဖြစ်ပွားခြင်း

ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာရပြီး ခွဲစိတ်ကုသမှုကုန်ကျစရိတ် နှင့် အလုပ်နားရသည့် ကာလအတွက်သတ်မှတ်ထားသော နှစ်နာကြေးအတွက် ခံစားခွင့်များရရှိသည့်အပြင် နေကောင်းကျန်းမာလာချိန်ထိ စောင့်ဆိုင်းနေရသည့် အချိန်အတွက်လည်း ခံစားခွင့်ရရှိမည်ဖြစ်သည်။ သို့သော် ထိုခံစားခွင့်များအတွက် အလုပ်သမားသည် အနည်းဆုံး ၃ လ ငွေပေးသွင်းပြီးသူသာ ခံစားခွင့်ရမည်ဖြစ်သည်။ ဆရာ၀န်ထံမှ ထောက်ခံစာနှင့်တကွသွားရောက်ထုတ်ယူနိုင်ပါသည်။

၄) သေဆုံးခြင်း

လူမှုဖူလုံရေးတွင် အဖွဲ့၀င်ထားသောအလုပ်သမားသည် သေဆုံးခဲ့သော် ထိုအလုပ်သမားအတွက် အသုဘစရိတ်နှင့် နှစ်နာကြေးကို ရရှိမည်ဖြစ်သည်။ သို့သော်ထိုခံစားခွင့်ရရှိရန်အတွက် အလုပ်သမားသည် လူမှုဖူလုံရေးရုံးသို့ ၆လအတွင်း အနည်းဆုံး ၁ လစာ ရံပုံငွေပေးသွင်းထားသောသူဖြစ်ရမည်။

၅) ကလေးမွေးဖွားခြင်း

သန်ခေါင်စာရင်းသွင်းထားသူနှင့်သက်ဆိုင်သောသားသမီးများအတွက်ကလေးတဦးလျှင် တစ်လ ဘတ် ၁၀၀၀ ခံစားခွင့်ရရှိမည်ဖြစ်ပြီး ကလေးအသက် ၆နှစ်အထိထုတ်ယူနိုင်ပါသည်။ သို့သော်လည်း သားသမီး ၃ ယောက်အတွက်သာခံစားခွင့်ရမည်ဖြစ်သည်။ ထိုခံစားခွင့်အတွက်အလုပ်သမားသည် ၃၆ လအတွင်း အနည်းဆုံးရံပုံငွေ ၁၂ လ သွင်းထားပြီးမှသာ သွားရောက်ထုတ်ယူနိုင်သည်။

၆) သက်ကြီးရွယ်အိုဖြစ်ခြင်း

အသက်ကြီး ပင်စင်ခံစားခွင့်အတွက် အသက် ၅၅ နှစ်ပြည့်သည့်အချိန်မှ စတင်ခံစားခွင့်ရရှိမည်ဖြစ်ပြီး အနည်းဆုံး ၁၈၀ လ ရံပုံငွေထည့်သွင်းပြီးသားသူဖြစ်ရမည်။ (သက်ကြီးကြေးငွေ တလုံးတခဲတည်းပေးမည်)

၇) အလုပ်လက်မဲ့ဖြစ်ခြင်း

လုပ်ငန်းမှရပ်နားခြင်းခံရသော အလုပ်သမားတစ်ဦးသည် မိမိရရှိသောလစာ၏ ၅၀ ရာခိုင်နှုန်းနှင့်ရက်ပေါင်း ၁၈၀ အတွက်နစ်နာကြေးခံစားခွင့်ရရှိမည်ဖြစ်သည်။ အလုပ်သမားသည်လုပ်ငန်းခွင်မှ ကိုယ်တိုင် နှုတ်ထွက်ခဲ့လျှင်သော်လည်းကောင်း၊ အလုပ်ရှင်နှင့်ချုပ်ဆိုထားသော စာချုပ်ပြီးဆုံးသွားခဲ့လျှင် သော်လည်းကောင်း လုပ်ငန်းအသစ်ရှာရန်စောင့် ဆိုင်းနေရသည့်ကာလအတွက် လစာမှ ၃၀ ရာခိုင်နှုန်းကို ရက်ပေါင်း ၉၀ ထက်မကျော်သည့် နစ်နာကြေးခံစားခွင့်များရရှိမည်ဖြစ်သည် (၁၅ လ အတွင်း အနည်းဆုံးရံပုံငွေ ၆လ ထည့်ပြီးသားသူဖြစ်ရမည်)။

 

Read 686 times Last modified on Monday, 19 May 2025 03:55

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border