အလုပ်ငှားရမ်းခြင်းမှ နုတ်ထုတ်မှုဖြင့် ရသင့်ရထိုက်သော နှစ်နာကြေးရံပုံငွေ အခွင့်အရေး

 

အလုပ်ငှားရမ်းခြင်းမှ နုတ်ထုတ်မှုဖြင့် ရသင့်ရထိုက်သော နှစ်နာကြေးရံပုံငွေ အခွင့်အရေး

နှစ်နာကြေးရပိုင်ခွင့် ၂ ချက်

၁) နှစ်နာကြေး ပထမအချက်

အကယ်၍ အလုပ်ရှင်မှ အလုပ်သမားကို ရက် (၆၀) မတိုင်ခင် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အလုပ်မှ နုတ်ထုတ်ပစ်ခြင်း သို့မဟုတ် ရက် (၆၀) ထက်နည်းပြီး အကြောင်းမကြားပါက အလုပ်ရှင်မှ နောက်ဆုံးပေးခဲ့သော (၂) လစာအတိုင်း နှစ်နာကြေးပေးရန် သို့မဟုတ် အောင်မြင်ပြီးဆုံတဲ့လုပ်ငန်းအတိုင်း နှစ်နာကြေးပေးရန်။

 

၂) နှစ်နာကြေး ဒုတိယအချက်

အကယ်၍ အပြစ်မဲ့တဲ့ အလုပ်သမားဖြစ်ဖြစ် ဘာအမှားမှ မလုပ်ဖူးပဲ အလုပ်ရှင်မှာ နင်ထုတ်ခံရ မယ်ဆိုရင် အလုပ်ရှင်မှ အလုပ်သမား၏ အလုပ်သက်တမ်းအရ နှစ်နာကြေးပေးရန်။

 

စဥ်  အလုပ်သက်တမ်း  အလုပ်ရှင်ပေးချေရမည့်ငွေပမာဏ 
 ၁)   ၁၂၀ ရက်မှ ၁ နှစ်  ရက် ၃၀ (၁ လစာ)
 ၂)  ၁ နှစ်မှ ၃ နှစ်  ရက် ၉၀ (၃ လစာ)
 ၃)  ၃ နှစ်မှ ၆ နှစ်  ရက် ၁၈၀ (၆ လစာ)
 ၄)  ၆ နှစ်မှ ၁၀ နှစ်  ရက် ၂၄၀ (၈ လစာ)
 ၅)  ၁၀ နှစ်မှ ၂၀ နှစ်  ရက် ၃၀၀ (၁၀ လစာ)
 ၆)  နှစ် ၂၀ အထက်  ရက် ၄၀၀

 

 Supported by

Read 500 times Last modified on Wednesday, 05 February 2025 03:12

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border