ဥပဒေအကြောင်း သိကောင်းစရာများ

in Agenda

                               

                                        မြန်မာလုပ်သား ၅၀ ကျော်လိုက်ပါလာသည့်ဘတ်စ်ကား မဲဆောက်လမ်းတွင် မီးလောင်

                                             

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အ၀င်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၂ ဦး စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားတစီး ဇွန်လ ၃၀ ရက်က  မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါ နှစ်ထပ်ဘတ်စ်ကားကားကြီးဟာ  မဲဆောက်မြို့ အ၀င်လမ်းမကြီးအမှတ် ၁၂  မဲဆောက်နဲ့ ကီလိုမီတာ ၆၀ ကျော်မှာ မနေ့ မွန်းလွဲပိုင်းအချိန်က ကားမောင်းနေစဉ်  စက်ခန်းထဲက မီးလောင်ခဲ့ပြီး မြန်မာရွှေ့ေ့ပြာင်း အလုပ်သမားတွေကတော့ ကားပေါ်က ဆင်းပြီး ထွက်ပြေးခဲ့ ကြလို့ အသက်ဘေးက လွတ်မြောက်သွားပါတယ်။

 

ဘတ်စ်ကားပေါ်မှာ မြန်မာအလုပ်သမား အမျိုးသား၄၂ ဦး၊ အမျိုးသမီး  ၉ ဦးနဲ့ ကလေး ၁ ဦး စုစုပေါင်း ၅၂ ဦးလိုက်ပါလာတာပါ။

မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်းကနေ လာရောက်တာဖြစ်ပြီး မဲဆောက်နယ်စပ်ကတဆင့် မြန်မာနိုင်ငံ မြ၀တီမြို့သို့သွားရောက်ကာ နေရပ်ပြန်ကြမှာ ဖြစ်ပါတယ်။

Credit ....DVB

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border