ဥပဒေအကြောင်း သိကောင်းစရာများ

in Agenda

                           

                                        အုတ်ကျင်း ဂုန်နီ လျှော်ရွေးလျှော်ထုပ် စက်ရုံအလုပ်သမားများဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အုတ်ကျင်းဂုန်နီစက်ရုံနဲ့ အုတ်ကျင်း လျှော်ရွေးလျှော်ထုပ်စက်ရုံက အလုပ်သမားတွေဟာ စက်ရုံပိတ်သိမ်းမှုကြောင့် ထိခိုက်နစ်နာတာတွေအတွက် ဒီမနက်က ရန်ကုန်မှာ စီတန်းလှည့်လည် ဆန္ဒပြနေကြပါတယ်။

အလုပ်သမားတွေက “အလုပ်ရှင်တည်ငြိမ်မှု ရရှိရေး၊ နိုင်ငံပိုင်စက်ရုံများ ငှားရမ်းရာတွင် ခိုင်မာသော မူဝါဒများ ချမှတ်ရေး၊ ငှားရမ်းစာချုပ်မလိုက်နာပါက နိုင်ငံပိုင်စက်ရုံများကို ပြန်သိမ်းယူရေး” စတဲ့ကြွေးကြော်သံတွေ ဟစ်ကြွေးဆန္ဒပြခဲ့ကြပါတယ်။

အုတ်ကျင်းဂုန်နီစက်ရုံဟာ လုပ်ငန်းအရှုံးပေါ်နေတဲ့အတွက် စက်ရုံပိတ်သိမ်းပြီး  စက်ရုံမြေနေရာမှာ ဘက်စုံစီးပွားရေးလုပ်ငန်း ပြောင်းလဲလုပ်ကိုင်သွားမယ်လို့ ဒီစက်ရုံကို တာဝန်ယူ လုပ်ကိုင်နေတဲ့ ကျော်ထက်ကျော် ကုမ္ပဏီက ဇန်န၀ါရီ ၁၀ ရက်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပ ပြောကြားထားပါတယ်။

အဆိုပါစက်ရုံနှစ်ရုံကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ထံကနေ ကျော်ထက်ကျော်ကုမ္ပဏီက ၂ဝ၁၂ ခုနှစ် ဧပြီလကတည်းက စတင်ကာ နှစ်ရှည်စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။

Credir ......DVB

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border