ဥပဒေအကြောင်း သိကောင်းစရာများ

in Agenda

               

မသန်စွမ်းသူများအလုပ်ခန့်ထားရေး လက်တွေ့ကျသည့်အကြံဉာဏ်များ ရရှိတော့မည်ဖြစ်သည် (ဓာတ်ပုံ−နစ်ကီ)

မသန်စွမ်းသူများလက် လှမ်းမီသော အလုပ်အကိုင်အ ခွင့်အလမ်းများ ဖန်တီးရန်နှင့် မသန်စွမ်းသူများအား အလုပ်ပိုမို ခန့်အပ်နိုင်ရန် မြန်မာနိုင်ငံရှိ အ လုပ်ရှင်များသို့ လက်တွေ့အကြံ ဉာဏ်များပေးနိုင်မည့် စာအုပ်ကို ဒီဇင်ဘာ ၃ ရက်က စတင်ထုတ် ဝေသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်တို့၏အကူအညီ ဖြင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရရှိရေးအထောက်အကူ ပြုကော်မတီ(MCRB)နှင့်ဂျပန် အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေးအသင်း (AARJapan)တို့က စီစဉ်ရေးသားသည့်     ‘မသန်စွမ်းသူများအား  အလုပ်ခန့်ထားခြင်း-အလုပ်ရှင်များအတွက် လက်စွဲစာအုပ်’ ကို  အပြည်ပြည် ဆိုင်ရာ   မသန်စွမ်းသူများနေ့ အခမ်းအနားတွင်   မိတ်ဆက်ခဲ့ သည်။

MCRB ၏အတွေ့အကြုံအ ရ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း များသည် မသန်စွမ်းသူများကို ပိုမိုအလုပ်ခန့်ထားလိုသော်လည်း မည်သို့ စတင်ဆောင်ရွက်ရမည် ကို မသိကြောင်းနှင့် ယခုစာအုပ် တွင် လက်တွေ့ကျသည့် အကြံ ဉာဏ်ပေးရန် ဦးတည်ရေးသား ထားကြောင်း ယင်းအဖွဲ့ဒါရိုက် တာ ဗစ်ကီဘိုးမန်းက ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ ၂ ဒသမ ၃ သန်းသည် မသန်စွမ်းသူများဖြစ်သည်။ မသန် စွမ်းမှုဆိုင်ရာ ကမ္ဘာ့အစီရင်ခံစာ အရ မသန်စွမ်းအမျိုးသားများနှင့် အမျိုးသမီးများ၏အလုပ်အကိုင် အခွင့်အလမ်းရရှိနှုန်းသည် သန် စွမ်းသူအမျိုးသား၊ အမျိုးသမီးများ ထက် နိမ့်ကျနေကာ ၂၀၁၄ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာအရ အသက်(၁၅) နှစ်နှင့် (၆၄)နှစ်အတွင်းရှိ မသန် စွမ်းသူများ လုပ်သားဈေးကွက် အတွင်း ဝင်ရောက်လုပ်ကိုင်မှုနှုန်း လျော့နည်းဆဲဖြစ်သည်။

စာမျက်နှာ ၅၀ ပါ ‘မသန် စွမ်းသူများအား အလုပ်ခန့်ထား ခြင်း- အလုပ်ရှင်များအတွက် လက်စွဲစာအုပ်’ တွင် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများနှင့် သက်ဆိုင် သော သတင်းအချက်အလက် များ၊ လုပ်ငန်းခွင်၌ မသန်စွမ်းသူ များကို ခွဲခြားဆက်ဆံမှု ဥပမာ များ၊ မသန်စွမ်းသူများအား အကာ အကွယ်ပေးခြင်းနှင့် လူမှုအသိုက် အဝန်းအတွင်း ၎င်းတို့၏ ပါဝင် ဆောင်ရွက်မှုများကို မြှင့်တင်ပေး နိုင်မည့် မြန်မာနိုင်ငံရှိ တရားရေးရာမူဘောင်များ၊ မသန်စွမ်းမှုဆိုင် ရာ စကားလုံးအသုံးအနှုန်း၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အလုပ်ရှင်များနှင့် မသန်စွမ်းအဖွဲ့အစည်း များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဆက်သွယ်နိုင်မည့် လိပ်စာနှင့် သတင်းရင်းမြစ်များပါဝင်သည်။ ယင်းစာအုပ်ကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် MCRB ဝက်ဘ်ဆိုက်၌ ဝင်ရောက်ဖတ်ရှုနိုင် သည်။

အလုပ်အကိုင် အခွင့်အ လမ်းဖန်တီးပေးမှုဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ပေး ခြင်း၊ အလုပ်လုပ်နိုင်စွမ်းရှိသူ (သို့မဟုတ်)အလုပ်လုပ်ရန် ဆန္ဒ ရှိသော မသန်စွမ်းသူများနှင့် ချိတ် ဆက်ပေးခြင်းနှင့် မသန်စွမ်းသူ များ အကျုံးဝင်လုပ်ငန်းခွင်ဖြစ် ပေါ်လာစေရေး အသိပညာပေး သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် အပြည့်အဝဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ မသန်စွမ်း သူများအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်းက စာအုပ်တွင် အမှာစကားဆိုထား သည်။
Credit......http://7daydaily.com

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border