ဥပဒေအကြောင်း သိကောင်းစရာများ

in Agenda

                                       

               ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာသည့် မြန်မာအလုပ်သမားများ ကော့သောင်းရောက်ရှိ

ထိုင်းနိုင်ငံဥပဒေအရ ပြစ်ဒဏ်ကျခံပြီး ပြန်လွှတ်လိုက်ပေးလိုက်တဲ့ မြန်မာအလုပ်သမားတွေ ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့ကို နိုဝင်ဘာ ၃၀ ၇က်နေ့ ညနေပိုင်းက ပြန်ရောက်ရှိလာပြီး ကော့သောင်းခရိုင်တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပါတယ်။

ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အယောက် ၆၀ ကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မဉ္စူသကခန်းမမှာ ယာယီထားရှိပြီး နာမကျန်းဖြစ်နေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးထားပါတယ်။

“ဒီရောက်လာတဲ့ လူအယောက် ၆၀ မှာ များသောအားဖြစ်ကတော့ နိုင်ငံ တရားမ၀င်ခိုးဝင်မှုပေါ့။ တကယ်တော့ သူတို့က အနယ်နယ်အရပ်ရပ်က ဖမ်းမိထားတဲ့သူတွေစုပြီး ထိုင်းလ၀ကကို ပို့တာပါ။ အနယ်နယ်အရပ်ရပ်က အသွင်အမျိုးမျိုးနဲ့ အဖမ်းခံရတာတွေပါ” လို့ နယ်ခြားကော်မတီအဖွဲ့ဝင် ဦးထင်လင်းဆွေက ပြောပါတယ်။

“ကျနော်က ပန်းရန်လုပ်တာပါ။ အမှန်အတိုင်းပြောရရင်တော့ ကျနော်တို့က အာဆီယံသောက်နေတာပါ။ သောက်နေရင်းနဲ့ မသောက်ချင်တော့လို့ လွှင့်ပစ်လိုက်တာကို ထိုင်းရဲက ကျနော့်ကို အမှုဖွင့်တာပါ” လို့ ပြန်လွတ်လာသူတဦးကပြောပါတယ်။

ပြန်လွတ်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တွေက ဖြစ်ပြီး သူတို့ကို့ မော်တော်ယာဉ်စီစဉ်ပေးပြီး နေရပ်ဒေသတွေကို ပြန်ခိုင်းခဲ့ပါတယ်။

Credit....သတင်းနှင့်ဓာတ်ပုံ -လတ်ကိုကိုဦး http://burmese.dvb.no/archives/302418

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border