You are here:Home Agenda သရပါဟိုတယ် အလုပ်ဖြုတ်ခံ အလုပ်သမားများ ၇ ကြိမ်မြောက် ဆန္ဒပြ
in Agenda

                       


မန္တလေးတိုင်း၊ ညောင်​ဦးမြို့နယ်​၊ ပု​ဂံ​ရှေး​ဟောင်းယဉ်​​ကျေးမှု​ဒေသရှိ သရပါဟိုတယ်​မှ အလုပ်​ဖြုတ်​ခံရ​တဲ့ အလုပ်​သမားတွေဟာ  အလုပ်အကိုင်ပြန်လည်ရရှိရေးအတွက် သရပါဟိုတယ်​ အနီးမှာ မနေ့က ၇ ကြိမ်​ ​မြောက်​ ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်။

ဟော်​တယ်​ချစ်​သူ မြို့နယ်​လုံးဆိုင်​ရာ အလုပ်​သမားအဖွဲ့အစည်း HLOB  ဥက္ကဋ္ဌ ဦးသိန်းရွှေက “ဒီအလုပ်​ကို မလုပ်​လို့ ငတ်​သွားမှာ​တော့ မဟုတ်​ဘူး။ ဒါ​ပေမယ့် အလုပ်​သမား အဖွဲ့အစည်းကို ဖြိုခွဲတာ ​ပေါ်လွင်​တယ်​။ အခုလိုလုပ်​​နေရင်​ ​နောက်​ဆက်​တွဲ ​ဟော်​တယ်​​တွေမှာ လုပ်​​နေတဲ့ အလုပ်​သမား​တွေအ​ပေါ် ဖိနှိပ်​ခံရလာနိုင်​လို့ အခုလို ဆန္ဒ​ဖော်​ထုတ်​ရခြင်းဖြစ်​တယ်​”လို့ ပြောပါတယ်။

ဆန္ဒ​ဖော်​ထုတ်​ရာမှာ သရပါ ဟိုတယ်​မှ အလုပ်​ထုတ်​ခံရ​တဲ့ အလုပ်​သမား ​ခေါင်း​ဆောင်​တွေ ပြန်​လည်​ခန့်​ထား​ရေး၊ မတရားအလုပ်​ထုတ်​ခြင်းများ ရပ်​တန့်​​ရေး၊ အလုပ်​သမားသမဂ္ဂ ဖြိုခွင်းသူများ အလိုမရှိ၊ ပုဂံ​ဒေသခံများအ​ပေါ် ဂုတ်​​သွေးစုတ်​ အမြတ်​ထုတ်​​သော ခရိုနီများအလိုမရှိ၊သရပါ ဟိုတယ်​​မြေအငှားချထားမှုအ​ပေါ် အစိုးရက ပြန်​လည်​စိစစ်​​ပေး​ရေး စတာတွေ ​ကြွေး​ကြော်​ပြီး အင်​အား ၃၀ လောက်နဲ့  ဆန္ဒ​ပြခဲ့ကြတာပါ။

HLOB မှ အလုပ်​အမှု​ဆောင်​ ဦးညိုက “မန္တ​လေးတိုင်း ဝန်းကြီးဌာနအဖွဲ့ က အဆင်​​ပြေ​အောင်​ကူညီ​ပေးမယ်​လို့ အာမခံထားပြီး အချိန်နှစ်လ ကြာတဲ့အထိ ​မျှော်​မှန်းသလို ဖြစ်​မလာဘူး။ လှုပ်​ရှားမှုတခုခုလုပ်​မှ အသိပြန်​ဝင်​မယ်​ဆိုတဲ့ အ​နေအထားနဲ့ ပြန်​လည်​ ​ဆောင်​ရွက်​ရခြင်းဖြစ်​တယ်​”လို့ ပြောပါတယ်​။

ပုဂံသရပါဟိုတယ် အလုပ်သမာတွေအနေနဲ့ အလုပ်ပြန်လည်ရရှိဖို့အတွက် ၂၀၁၈  အောက်တိုဘာ ၁၂ ရက်က စတင်ပြီး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာမှာ ၂လအကြာမှာ သပိတ်စခန်းဖြိုခွင်းခံခဲ့ရပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလည်း  သရပါဟိုတယ်က အလုပ်ထုတ်ခံအလုပ်သမားများ အပြင် ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနဲ့  ပါဝါဓာတ်ခဲစက်ရုံက အလုပ်ထုတ်ခံ အလုပ်သမားတွေ စုပေါင်းပြီး ပုဂံကနေ နေပြည်တော် ချီတက်ဆန္ဒပြခဲ့ရာမှာလည်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပါတယ်​။

သပိတ်စခန်းဖွင့်လှစ်မှုကြောင့် ပုဂံသရပါဟိုတယ်အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုနေမျိုးဝင်း အပါအ၀င် သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ အလုပ်ထုတ်ခံ အလုပ်သမား ၁၃ ဦးတို့ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုရင်ဆိုင်နေရပါတယ်​။

 

Credit........http://burmese.dvb.no  ကိုလင်း(​ချောက်​)

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border