You are here:Home Agenda အထောက်အထားမဲ့မြန်မာ (၁၉) ဦးအဖမ်းခံရ
in Agenda

                     

                                    အထောက်ထားမဲ့မြန်မာ(၁၉)ဦးအဖမ်းခံရ

ထိုင်းနိုင်ငံ ပါကျွတ်ခီးလီးခံခရိုင် ဟော်(ရ်)စိုင်ရပ်ကွက်ရှိ ထိုင်းစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်လာသည့်
အီဇူဇူး အပြာရောင် (ဘတ ၇၇၄၃ ချွန်ဖော်) ကားတစ်စီကို ရပ်တန့်စစ်ဆေးခဲ့ရာတွင် တရားမ၀င်
ထိုင်းနိုင်ငံသို့ ၀င်ရောက်လာကြသည့် မြန်မာနိုင်ငံသား(၁၉)ဦးနှင့် ကားမောင်းသူအပါဝင် ထိုင်းနိုင်ငံသား
(၃)ဦးတို့ကို ယနေ့(၃၀.၁.၂၀၁၉) နံနက် (၂)နာရီခန့်တွင် ဖမ်းဆီးရမိကြောင်းသိရသည် ။

စစ်ဆေးချက်အရ မြန်မာနိုင်ငံသား (၁၉ )ဦးသည် နိုင်ငံကူးလတ်မှတ်များ မည့်သည့်စာရွက်စာတမ်းများမရှိဘဲ
ထိုင်းမြန်မာနယ်စပ်ကနေတဆင့် မလေးရှားနိုင်ငံသို့သွားကြမည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်းသိရသည် ။

ထိုင်းနိုင်ငံသားကားမောင်းနှင့် တရားခံ(၃)ဦးကိုလည်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Credit.....Labour Hittai
 
 
 

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border