You are here:Home Agenda ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံမှတင်သွင်းလာသည့် တရားမဝင်ကုန်ပစ္စည်း အမျိုးပေါင်း ၁၂၀ ကိုဖမ်းဆီးခဲ့
in Agenda

                                                                             

                                                               

                                                                            ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မှာ မြန်မာနိုင်ငံမှတင်သွင်းလာသည့် တရားမ၀င်ကုန်ပစ္စည်း အမျိုးပေါင်း၁၂၀ ကို ဖမ်ဆီးခဲ့

မဲဆောက်မြို့ လည်ဈေးကြီးအတွင်းက ဖကျလန်ဈေးမှာ ရောင်းချနေတဲ့ကုန်တွေနဲ့ မဲတောင်ရပ်ကွက်အတွင်းက ကုန်လှောင်ရုံတစ်လုံးအတွင်းက မြန်မာကုန်တွေကို အကောက်အခွံ ဦးစီးအရာရှိ နိုင်ဝါလုပ် ယုထကန် ဦးဆောင်တဲ့ အကောက်အခွန် ၀န်ထမ်းတွေနဲ့  မဲဆောက်ရဲတပ်ဖွဲ့ ဝင်တွေဟာ နို်ဝင်ဘာလ ၁၅ရက်နေ့ ကစပြီး ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။

သိမ်းဆည်းလိုက်တဲ့ ဘတ်ငွေ နှစ်သန်းကျော်တန်ဘိုးရှိတဲ့ မြန်မာနိုင်ငံက ကုန်တွေဟာ တရားဝင် လမ်းကြောင်းကနေ တင်သွင်းလာတာမဟုတ်ပဲ အကောက်အခွန်အဆောင်၊ စစ်ဆေးထားခြင်းမရှိတဲ့ ကုန်ပစ္စည်းတွေလို့  ထိုင်းဖက်ကဆိုပါတယ်။

ထိုင်းအကောက်အခွန်ကသိမ်းဆည်း လိုက်တဲ့ ကုန်အမျိုးပေါင်း ၁၂၀ မှာ လယ်ယာထွက်ကုန် ပြောင်းဆန်၃၅ အိပ် ၊ ကြက်သွန်နီအိပ်ပေါင်း ၆၀၅ အိပ် ၊အလှကုန်၊ခြင်ဆေးခွေ၊ ဆေးဝါး
အပြင် စီးကရက်နဲ့ အရက်တွေပါဝင်တာတွေ့ ရပါတယ်။
ဒါ့အပြင် အဆိုပါကုန်တွေ ရဲ့  ပိုင်ရှင်တစ်ဦးကိုလည်း ဖမ်းဆီးထားပြီး အကောက်အခွန်ဆိုင်ရာ ဥပဒေ ၂၅၂ BE 2560 အရ အရေးယူသွားမှာဖြစ်ကြောင်းသိရပါတယ်။

လက်ရှိချမှတ်ထားတဲ့အစိုးရရဲ့  မုဝါဒနဲ့  ညွှန်ကြားချက်တွေကို လက်တွေ့ အကောင်အထည်ဖေါ်လုပ်ဆောင်နေတာပါ။
ထိုင်းနိုင်ငံအတွင်းကို တရားမ၀င် လမ်းကြောင်းတွေနဲ့  ၀င်လာပြီး နိုင်ငံတွင်းဖြန့် ချိနေတဲ့ မှောင်ခို ကုန်တွေကို ဆက်လက်စစ်ဆေးအရေးယူသွားမှာဖြစ်တယ်လို့  အကောက်အခွန်အရာရှိ ကပြောဆိုသွားပါတယ်။

Credit...Social Action for Children and Women - SAW

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border