You are here:Home သောတရှင်အစည်းအဝေး MAP Radio FM 102.5 MHz - yz
yz

yz

                              

                                                    မြန်မာအလုပ်သမားများနေရပ်ပြန်စရာမလို သက်တမ်း တိုးခွင့်ရရှိမည်ဟု ယနေ့တွင်ထိုင်းအလုပ်သမားညွှန်ချုပ်ပြောကြား

ဝပ်ပါမစ် နှင့် ဗီဇာ သက်တမ်းတိုးမည့် (အဖွဲ့ ၃ ခု ) ရှိ
(က).၃၀.၉.၂၀၁၉
(ခ) ၁.၁၁.၂၀၁၉
(ဂ) ၃၁.၃.၂၀၂၀

ကျဟာငန်မှ သက်တမ်း ၂နှစ်တိုးပေးမည်ဖြစ်သည် သို့သော် MOU ကို ထိုင်းနိုင်ငံအတွင်းလုပ်ဆောင်ရန် အလုပ်ရှင် လုပ်ငန်းရှင်မှ နယ်မြေအလုပ်အကိုင်ရှာဖွေရေး(ကျဟာငန်)တွင် ဒမန်း(ခေါ်)အလုပ်သမားခေါ်စာတင်ရမည်ဖြစ်သည်

ကျဟာငန်ရုံးမှ စာရွက်ရရှိလာလျှင် ဆေးရုံသို့သွား၍ ကျမ္မာရေးစစ်ဆေးရမည်ဖြစ်သည် ဆက်လက်၍ တောမောတွင် ဗီဇာ သက်တမ်းတိုးရန်လုပ်ဆောင်ရမည်

ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ကို( ၂)နှစ်သက်တမ်းတိုးပေးသည်ဆိုပေမယ့် ဗီဇာသက်တမ်းကို တစ်ကြိမ်လျှင် တစ်နှစ်စာအတွက်ပဲ့ ဆက်ပေးမည်ဖြစ်သည်
(တစ်နှစ်အတွက် ကုန်ကျငွေမှာ အစိုးရသတ်မှတ်ကြေး ၁၉၀၀ဘတ်ကုန်ကျမည်ဖြစ်သည် )
ဆက်လက်၍ ဝါ့က်ပါမစ်လုပ်ရမည်ဖြစ်သည်(၂နှစ်စာအတွက်ကုန်ကျငွေ ၁၉၀၀ဘတ်ဖြစ်သည်)တဆက်တည်း ပန်းရောင်ဘတ်ရိုက်ရမည်ဖြစ်သည်(ကုန်ကျငွေ ၈၀ဘတ် ဖြစ်သည်)

CI,ခရမ်းရောင် အနီရောင်မည်သည့်စာအုပ်မဆို အနည်းဆုံးသက်တမ်း ၆လခန့်ရှိရမည်ဖြစ်သည် ။

(က) စက်တင်ဘာလ (၃၀)ရက်၂၀၁၉
(ခ) နိုဝင်ဘာလ (၁)ရက် ၂၀၁၉
(ဂ)မတ်လ (၃၁)ရက် ၂၀၂၀ စသည့်နေ့များ၌ သက်တမ်းကုန်မညိ့သူများဖြစ်သည်

အနီရောင်စာအုပ်ရှိသူများ တံဆိပ်ပြောင်းနိုင်ပြီဖြစ်ကြောင်းနှင့် အစိုးရဌာနမှလုပ်ဆောင်ပေးမည်ကို စောင့်လုပ်လည်းရပါကြောင်း
(တံဆိပ်ပြောင်းရန်အတွက် ခကြေးငွေ မပေးရပါ)
ဩဂုတ်လ (၁၅)ရက်နေ့ နောက်ပိုင်းကစ၍ လုပ်ဆောင်ပေးမည်ဖြစ်ပါ၍ လာရောက်ကြပါရန်ပြောသည်။
Credit ...to   Labour Hittai

                               

                                        မြန်မာလုပ်သား ၅၀ ကျော်လိုက်ပါလာသည့်ဘတ်စ်ကား မဲဆောက်လမ်းတွင် မီးလောင်

                                             

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အ၀င်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၂ ဦး စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားတစီး ဇွန်လ ၃၀ ရက်က  မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါ နှစ်ထပ်ဘတ်စ်ကားကားကြီးဟာ  မဲဆောက်မြို့ အ၀င်လမ်းမကြီးအမှတ် ၁၂  မဲဆောက်နဲ့ ကီလိုမီတာ ၆၀ ကျော်မှာ မနေ့ မွန်းလွဲပိုင်းအချိန်က ကားမောင်းနေစဉ်  စက်ခန်းထဲက မီးလောင်ခဲ့ပြီး မြန်မာရွှေ့ေ့ပြာင်း အလုပ်သမားတွေကတော့ ကားပေါ်က ဆင်းပြီး ထွက်ပြေးခဲ့ ကြလို့ အသက်ဘေးက လွတ်မြောက်သွားပါတယ်။

 

ဘတ်စ်ကားပေါ်မှာ မြန်မာအလုပ်သမား အမျိုးသား၄၂ ဦး၊ အမျိုးသမီး  ၉ ဦးနဲ့ ကလေး ၁ ဦး စုစုပေါင်း ၅၂ ဦးလိုက်ပါလာတာပါ။

မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်းကနေ လာရောက်တာဖြစ်ပြီး မဲဆောက်နယ်စပ်ကတဆင့် မြန်မာနိုင်ငံ မြ၀တီမြို့သို့သွားရောက်ကာ နေရပ်ပြန်ကြမှာ ဖြစ်ပါတယ်။

Credit ....DVB

                                  

                                                ပြည်ပထွက် အလုပ်သမား ယခင်နှစ်များထက် ပိုများလာ

ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာနိုင်ငံကနေ ပြည်ပကို အလုပ်သမား ၂ သိန်းခွဲကျော်သွားခဲ့ပြီး အရင်နှစ်တွေ ကထက်တိုးလာတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

တတိယတနှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး ပြည်ပကိုထွက်ခွာတာဟာ အရင်နှစ်တွေကထက် ပိုပြီးများလာတယ်လို့ ဆိုပါတယ်။

 

အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်က “ပြီးခဲ့တဲ့ တတိယတနှစ်တာ ကာလအတွင်းမှာဆိုရင် ပြည်တွင်း အစိုးရဌာနတွေမှာ ၉,၈၂၂ ဦး၊ ပုဂ္ဂလိက ကဏ္ဍမှာ ၂၃၇,၆၂၁ ဦး၊ စုစုပေါင်း ၂၄၇,၄၄၃ ဦးကို ပြည်တွင်းမှာ အလုပ်ရှာပေးနိုင်ခဲ့သလို ပြည်ပနိုင်ငံတွေကိုလည်း အလုပ်သမား ၂၅၀,၆၉၉ ဦး စေလွှတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့နဲ့ ယှဉ်မယ်ဆိုရင် ပြည်တွင်းမှာဆိုရင် အလုပ်သမား ၃၂,၀၀၀ ကျော်၊ ပြည်ပ ၆၈၀၀၀ ကျော် ပိုပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ပြည်ပကို သွားချင်သူတွေအတွက် သတင်းအချက်အလက်တွေ ထောက်ပံ့ပေးမယ်လို့လည်း သူက ဆိုပါတယ်။

ပြည်ပရောက်အလုပ်သမားတွေနဲ့ သူ့မိသားစု ပြန်ဆက်သွယ်နိုင်မယ့် လုပ်ငန်းတွေကို ဆောင်ရွက်ပေးတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ထောက်ပံ့ရေးဗဟိုဌာနရုံးကိုလည်း တနိုင်ငံလုံးမှာ ၁၅ ရုံးအထိ ဖွင့်လှစ်နိုင်ခဲ့ပြီလို့လည်း ဦးမျိုးအောင်က ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အခု ၂၀၁၉ ခုနှစ် ပထမ ၄ လအတွင်း ပြည်ပမှာ အလုပ်ရသူ ၈၉,၀၅၈ ယောက်နဲ့ ပြည်တွင်းမှာ ၉,၈၅၅၁ ယောက် ရခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကနဲ့ယှဉ်မယ်ဆိုရင် ပြည်ပမှာအလုပ်ရတာ ၂ ဆကျော်မြင့်လာတာပါ။

မနှစ်က ပြည်ပမှာ အလုပ်ရသူ ၆၆,၆၁၆ ယောက်နဲ့ ပြည်တွင်းမှာအလုပ်ရသူ ၇၄,၅၁၄ ယောက် ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တုန်းက ပြည်ပမှာ အလုပ်ရသူ ၄၂,၂၇၅ ယောက်နဲ့ ပြည်တွင်းမှာ ၅၈,၆၀၂ ယောက် အလုပ်ရခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပမှာ အလုပ်ရရှိထွက်ခွာတာဟာ နိုင်ငံ ၉ နိုင်ငံကို တရားဝင်သွားရောက်တဲ့ စာရင်းတွေဖြစ်ပြီး ထိုင်းနိုင်ငံကို အများဆုံးသွားရောက်ကြပါတယ်။ ပြီးတော့ မလေးရှားက ဒုတိယ အများဆုံးဖြစ်ပြီး သူ့နောက်မှာ ဂျပန်နဲ့ ကိုရီးယားဖြစ်ပါတယ်။

Credit .....DVB

 

                                            

May 16,2019
ဒီကနေ့  နံနက်ပိုင်း (၆) နာ၇ီအချိန်ကစပြီး ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့  မဲသောင် ရပ်ကွက်မှာ တိုက်ခန်းတွေမှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံတွေနဲ့  လမ်းမပေါ်မှာ သွားလာနေကြသူတွေပါထိုင်းလ၀က နဲ့  ရဲတပ်ဖွဲ့  ပိတ်ဆို့  စစ်ဆေးခဲ့ရာမှာ တရားမ၀င် နေထိုင်နေကြတဲ့
မြန်မာနိုင်ငံသား ၁၀၀ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
SAW Credit 77 news

Page 2 of 13

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border