Agenda

Agenda (41)

                                                   

ရွှေလီမြို့ ဖုန်းအပိုပစ္စည်းစက်ရုံတစ်ခုတွင် ပိတ်လှောင်ခံခဲ့ရသော မြန်မာအလုပ်သမားများအနက် မြန်မာနိုင်ငံသို့ ခြောက်ဦး ပြန်ရောက်

တရုတ်နိုင်ငံ၊ ရွှေလီမြို့ ဖုန်းအပိုပစ္စည်းစက်ရုံတစ်ခုတွင် ပိတ်လှောင်ခံခဲ့ ရသော မြန်မာနိုင်ငံသား ၃၉ ဦးအနက် ခြောက်ဦးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်ခရိုင်၊ မူဆယ်မြို့ မြန်မာ-တရုတ်နယ်စပ် ဂိတ်တစ်ခုဖြစ်သော နန်းတော် ဂိတ်မှတစ်ဆင့် ယနေ့ နံနက် ၁၀ နာရီခန့်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။
အဆိုပါမိန်းကလေး ခြောက် ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၉ ဦးသည် ရွှေလီမြို့ရှိဖုန်းအပို ပစ္စည်းတပ် ဆင်သည့် တရားမဝင်စက်ရုံတွင် ဆက်လက်လုပ်ကိုင်လို စိတ်မရှိတော့သဖြင့် အခြားနေရာသို့ပြောင်း ရွှေ့ လုပ်ကိုင်ခွင့်ရရေး စက်ရုံပိုင်ရှင်နှင့် ညှိနှိုင်းခဲ့ကြသော်လည်း ညှိနှိုင်းမှုအဆင်မပြေ သဖြင့်အဆောက် အဦး တစ်ခု အတွင်းပိတ်လှောင်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်းသိရ သည်။
ယင်းသို့ ပိတ်လှောင်ခံရသူများအနက်မှ Online အသုံးပြုသူတစ်ဦးက FaceBook page မှတစ်ဆင့် မိမိ တို့ပိတ်လှောင် ခံနေရကြောင်း နှင့် တရုတ်နိုင်ငံတွင် နေထိုင်ခွင့်ကတ်များကိုလည်း သိမ်းဆည်းထား ကြောင်း၊ ရေမတိုက်၊ ထမင်းမကျွေး ကြောင်းကို Live လွှင့် အသိပေးခဲ့ ကြောင်းသိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၊ မူဆယ်မြို့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံရွှေလီမြို့ရှိ သက်ဆိုင်ရာသို့ဆက် သွယ်ကာ စုံစမ်းမူများပြုလုပ်ခဲ့ပြီး နောက် တရုတ်နိုင်ငံလူကုန်တားအဖွဲ့နှင့်ဆက်သွယ်၍ ပိတ်လှောင်ခံ နေရသော မြန်မာနိုင်ငံသားများကိုနာရီပိုင်းအတွင်း ကယ်ဆယ်ခဲ့ကြောင်း နှင့် ယင်းသို့ပြုလုပ်သည့် စက်ရုံ ပိုင်ရှင်ကိုလည်း ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။
ယင်းနောက် မြန်မာနိုင်ငံသားများ၏ဆန္ဒအရ တရုတ်နိုင်ငံတွင် ဆက်လက်အလုပ်လုပ်ကိုင်လိုသူ ၃၃ ဦးအားရွှေလီစက်မှုဇုန် ရှိ တရားဝင်အလုပ်ရုံများသို့ပြောင်းရွှေ့လုပ်ကိုင်ခွင့်ပြုထားသည့်အပြင် မြန်မာနိုင်ငံ သို့ ပြန်လိုသူ အမျိုးသမီး ၆ ဦးကိုလည်း မူဆယ်နယ်စပ်နန်းတော်ပေါက်မှ တစ်ဆင့် မြန်မာနိုင်ငံ ဘက်သို့ ပြန်လည်ပို့ဆောင်ပေးထားကြောင်းနှင့် ယခုအခါ မူဆယ်မြို့၊ ပြည်ထောင်စုဘော်လုံးကွင်းရှိ Covid-19 Q စင်တာတွင် ဆေးစစ်မှုများပြုလုပ်နိုင်ရန် ပို့ဆောင် ပေးထားကြောင်း သိရသည်။
Pyi Myanmar
swh(ဓာတ်ပုံ-AI)

 

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က မြန်မာအလုပ်သမား ၂၀၀ လောက်ရှိတဲ့ ရန်မကင်းစက်ရုံကို အလုပ်ရှင်က ပိတ်လိုက်ကြောင်း အသိပေးလိုက်တာကြောင့် နစ်နာကြေးကိစ္စတွေလည်း အဆင်မပြေသေးကြောင်း COVID-19 အရေးပေါ်ကာလမှာ စက်ရုံကနေ မောင်းထုတ်မယ်ဆိုရင်လည်း နေထိုင်ဖို့ ခက်ခဲကြောင်း မြန်မာအလုပ်သမားတွေ ဆိုပါတယ်။

မဲဆောက်မြို့ ထုံထောင်းရပ်ကွက်က ရန်မကင်းစက်ရုံဟာ လုပ်သားဦးရေ ထောင်ဂဏန်းရှိပြီး အလုပ်သမားတွေအတွက် ဥပဒေပါ လုပ်အားခတွေ မပေးတာ အလုပ်တွေ လျှော့ချပစ်တာတွေ တခြားစက်ရုံကို ပြောင်းရွှေ့ကုန်တာကြောင့် လုပ်သက်ရင့် လုပ်သား၂၀၀ လောက်ပဲ ကျန်တော့တာပါ။ အခုအခါ စက်ရုံလုပ်သားတွေအတွက် အလုပ်ပေးစရာ မရှိတော့လို့ အလုပ်သမား ဥပဒေအရ လုပ်အားခရဲ့ ၇၅ ရာခိုင်နှုန်းကို ပေးနေတာကတော့ ၂လခန့်ရှိပါပြီ။ အခုအခါမှာတော့ အလုပ်ရုံပိတ်လိုက်ပြီလို့ ရုတ်တရက်ကြေငြာပြီး မတန်တဆနစ်နာကြေးပဲ ပေးတယ်လို့ ဆိုပါတယ်။

ဒီအချိန် COVID-19 အရေးပေါ်ကာလမှာ အလုပ်ရုံ ပိတ်ရုံမက သူတို့နေထိုင်နေတဲ့ စက်ရုံတွင်းက နေရာကနေမောင်းထုတ်မှာကို စိုးရိမ်နေကြာင်း ရန်မကင်းစက်ရုံက အလုပ်သမားခေါင်းဆောင် ကိုကျော်ဇေယျက ပြောပါတယ်။

"ကျနော်တို့ကို စက်ရုံက ပိတ်လိုက်ပြီ။ ၇၅ ရာခိုင်နှုန်းလည်း မပေးတော့ဘူး။ စက်ရုံကတရားဝင်ပိတ်လိုက်ပြီတဲ့ လျော်ကြေး ၅၀၀,၀၀၀ ပေးမယ်တဲ့ စက်ရုံက ပိတ်လိုက်ပြီတဲ့ ဘတ်ငွေ ၁၅၀ လည်း မပေးတော့ဘူးတဲ့ မန်နေဂျာက အဆင်ပြေအောင်လုပ်ပေးပေမယ့် သူလည်း လုပ်ပေးလို့ မရတော့လို့ အလုပ်သမားတွေအနေနဲ့ တိုင်ချင်ရာတိုင်ပေါ့။ လုပ်ချင်တာလုပ်ပေါ့။ လိုအပ်တာပြောတဲ့ သူတတ်နိုင်သလောက်တော့ အကူညီပေးမယ်လို့ ပြောတယ်။ ကျနော်တို့ကို တလကြိုတင်အကြောင်းကြားခြင်း မရှိဘူး။ ပိတ်တာက အခုမှ ပိတ်တာအတွက် နေရာရွှေ့ပြောင်းတာတွေအတွက် ကျနော်တို့ကတော့ ပြင်ဆင်ဖို့အတွက် တလလောက်တောင်းမယ်လို့ စဉ်းစားထားတယ် နေဖို့ထိုင်ဖို့အတွက်ကို။"

ဒီစက်ရုံဟာ ထိုင်းဥပဒေပါ လုပ်အားခမပေးတာကြောင့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက လာရောက်စစ်ဆေးမှုကို ခံခဲ့ရပါတယ်။ အခုအချိန်မှာ အလုပ်သမားတွေအနေနဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေကို သွားရောက်တိုင်ကြားနိုင်ဖို့က ရုံးတွေ ပိတ်နေချိန်မို့ အခက်အခဲတွေ ရှိတယ်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ မသူဇာပြောပြပါတယ်။

"COVID-19 ဖြစ်နေတဲ့ကာလမှာ ရုံးတွေကလည်း ပိတ်နေတယ်။ သူတို့ကို စက်ရုံကလည်းလက်မခံပဲ မောင်းထုတ်မယ်ဆိုရင် သူတို့နေထိုင်ဖို့ ခက်ခဲမှာလည်း စိုးရိမ်နေကြတယ်ပေါ့နော်။ ဒီစက်ရုံမှာ နှစ်ရှည်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေလည်း အများအပြား ရှိနေပါတယ်။ နစ်နာကြေးပေးမယ်ဆိုရင် လုပ်သက်အလိုက် နစ်နာကြေးပေးရမှာပါ။ အခုပေးတဲ့နစ်နာကြေးဟာ လူတဦးကို ဘတ်ငွေ ၂,၀၀၀ ကျော်လောက်သာရမှာမို့ အလုပ်သမားတွေကလက်မခံကြပါဘူး။"

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့ အခု COVID-19 ကပ်ရောဂါဖြစ်နေတဲ့အချိန်ထိ စက်ရုံပေါင်း ၁,၀၀၀ ကျော် ပိတ်ပစ်ခဲ့ရတာ ဖြစ်ပြီး လုပ်အားခ မပေးနိုင်ဘဲ ဒေ၀ါလီခံလိုက်တဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ မှာလည်း လုပ်အားခ နစ်နာတာတွေ၊ နေရပ်ပြန်ရတာတွေလည်း ရှိနေပါတယ်။ အခုအခါမှာတော့ စက်ရုံအတော်များများမှာ စီးပွားရေး လုပ်ငန်း အဆင်မပြေမှုတွေကြောင့် လုပ်သား ငှါးရမ်းမှု လျှော့ချတာတွေ လုပ်လာတာပါ။

ထိုင်းနိုင်ငံထဲမှာ မြန်မာလုပ်သား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင် နေကြတာဖြစ်ပါတယ်။Credit To..RFA

                            

                                                MOU အရေးနှင့်ပတ်သက်သည့် ထိုင်းအစိုးရ ထုတ်ပြန်ချက်

၁။ ၂၀၁၉ ခုနှစ် မှ ၂၀၂၀ ခုနှစ်အထိအကျုံးဝင်သည်။

 

၂။ ထိုင်းရောက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားလုပ်သားများအား အောက်ပါစည်းကမ်းသတ်မှတ်ချက်နှင့်အညီအကျုံးဝင်စေသည်။

 

၂.၁။  အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဝေါ့ပါမစ်) သက်တမ်းရှိရမည်။

 

၂.၂။  နိုင်ငံကူးလက်မှတ် (ပတ်စပို့) သည် လျှောက်ထားသည့်နေ့ရက်တွင် သက်တမ်းရှိရမည်။

 

၂.၃။  ထိုင်းနိုင်ငံဘက်ရှိလုပ်ငန်းစဉ်များ

 

၂.၄။  ဝေါ့ပါမစ်သက်တမ်းမကုန်ဆုံးမီ သက်တမ်းတိုးခြင်းလျှောက်ထားရမည်။

 

  ၂.၅။ ဝေါ့ပါမစ်သက်တမ်းကို (၂) နှစ်သက်တမ်းတိုးခွင့်ပြုထားပြီး နေထိုင်ခွင့် (ဗီဇာ) ကိုတစ်ကြိမ်လျှင် (၁)  နှစ်သာသက်တမ်းတိုးခွင့်ပြုသည်။

 

    ၂.၆။  ၃၁-၃-၂၀၂၀ ရက်နေ့မတိုင်မီ ဝေါ့ပါမစ်သက်တမ်းကုန်ဆုံးသူများကို  ၃၀-၉-၂၀၂၁ ရက်နေ့အထိတပြေးညီ ဝေါ့ပါမစ်သက်တမ်းတိုးပေးမည်။

 

   ၂.၇။  ၃၁-၃-၂၀၂၀  မှ  ၃၀-၆-၂၀၂၀ ရက်နေ့အတွင်း ဝေါ့ပါမစ်သက်တမ်းကုန်ဆုံးသည့်သူများကို ၃၁-၃-၂၀၂၂ ရက်နေ့အထိ တပြေးညီသက်တမ်းတိုးပေးမည်။

၂.၈။  ဝေါ့ပါမစ်သက်တမ်းကုန်ဆုံးပြီဖြစ်သည့် ၃၀-၉-၂၀၂၁ ရက်နေ့ နှင့် ၃၁-၃- ၂၀၂၂ ရက်နေ့ နောက်ပိုင်းတွင် ဆက်လက်အလုပ်လုပ်ကိုင်လိုသည့်လုပ်သားသည် MOU စနစ်ဖြင့်ခေါ်ယူခြင်းသာဖြစ်ရမည်။

 

၂.၉။  ၁၉-၈-၂၀၁၉ ရက်နေ့မှ ၃၁-၃-၂၀၂၀ ရက်နေ့အထိ ဝေါ့ပါမစ်သက်တမ်းတိုးခြင်းလျှောက်ထားနိုင်သည်။

 

 ၂.၁၀။  သက်ဆိုင်ရာအစိုးရဌာနများသည် ၃၀-၆-၂၀၂၀ ရက်နေ့တွင်အပြီးသတ်လုပ်ဆောင်ရမည်။

 

 ၂.၁၁။ လုပ်ငန်းစဉ်နှင့်လုပ်ထုံးလုပ်နည်းများကို MOU စနစ်ဖြင့်ခေါ်ယူသည့်ပုံစံအတိုင်းဆောင်ရွက်စေပြီး တာဝန်ရှိသူမှ လျော်ညီသလိုညှိုနှိုင်းဆောင်ရွက်နိုင်သည်။

 

၂.၁၂။ အလုပ်ရှင်နှင့် ထိုင်းနိုင်ငံသို့လုပ်သားခေါ်ယူခွင့်ရကုမ္ပဏီကသာ ဆောင်ရွက်ခွင့်ရှိသည်။

 

၂.၁၃။  တင်ပြရမည့်အထောက်အထားများမှာ လုပ်သားအမည်စာရင်း (Name List)၊ အလုပ်ခန့်စာချုပ်၊ ပတ်စပို့စာအုပ်မိတ္တူ သို့မဟုတ်(ကိုယ်စားတစ်ခုခု)၊ ဝေါ့ပါမစ်မိတ္တူ သို့မဟုတ် (ကိုယ်စားတစ်ခုခု)၊ပါရှိရမည်။

Credit......https://www.myanmarlivenews.com

                              

                                                    မြန်မာအလုပ်သမားများနေရပ်ပြန်စရာမလို သက်တမ်း တိုးခွင့်ရရှိမည်ဟု ယနေ့တွင်ထိုင်းအလုပ်သမားညွှန်ချုပ်ပြောကြား

ဝပ်ပါမစ် နှင့် ဗီဇာ သက်တမ်းတိုးမည့် (အဖွဲ့ ၃ ခု ) ရှိ
(က).၃၀.၉.၂၀၁၉
(ခ) ၁.၁၁.၂၀၁၉
(ဂ) ၃၁.၃.၂၀၂၀

ကျဟာငန်မှ သက်တမ်း ၂နှစ်တိုးပေးမည်ဖြစ်သည် သို့သော် MOU ကို ထိုင်းနိုင်ငံအတွင်းလုပ်ဆောင်ရန် အလုပ်ရှင် လုပ်ငန်းရှင်မှ နယ်မြေအလုပ်အကိုင်ရှာဖွေရေး(ကျဟာငန်)တွင် ဒမန်း(ခေါ်)အလုပ်သမားခေါ်စာတင်ရမည်ဖြစ်သည်

ကျဟာငန်ရုံးမှ စာရွက်ရရှိလာလျှင် ဆေးရုံသို့သွား၍ ကျမ္မာရေးစစ်ဆေးရမည်ဖြစ်သည် ဆက်လက်၍ တောမောတွင် ဗီဇာ သက်တမ်းတိုးရန်လုပ်ဆောင်ရမည်

ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ကို( ၂)နှစ်သက်တမ်းတိုးပေးသည်ဆိုပေမယ့် ဗီဇာသက်တမ်းကို တစ်ကြိမ်လျှင် တစ်နှစ်စာအတွက်ပဲ့ ဆက်ပေးမည်ဖြစ်သည်
(တစ်နှစ်အတွက် ကုန်ကျငွေမှာ အစိုးရသတ်မှတ်ကြေး ၁၉၀၀ဘတ်ကုန်ကျမည်ဖြစ်သည် )
ဆက်လက်၍ ဝါ့က်ပါမစ်လုပ်ရမည်ဖြစ်သည်(၂နှစ်စာအတွက်ကုန်ကျငွေ ၁၉၀၀ဘတ်ဖြစ်သည်)တဆက်တည်း ပန်းရောင်ဘတ်ရိုက်ရမည်ဖြစ်သည်(ကုန်ကျငွေ ၈၀ဘတ် ဖြစ်သည်)

CI,ခရမ်းရောင် အနီရောင်မည်သည့်စာအုပ်မဆို အနည်းဆုံးသက်တမ်း ၆လခန့်ရှိရမည်ဖြစ်သည် ။

(က) စက်တင်ဘာလ (၃၀)ရက်၂၀၁၉
(ခ) နိုဝင်ဘာလ (၁)ရက် ၂၀၁၉
(ဂ)မတ်လ (၃၁)ရက် ၂၀၂၀ စသည့်နေ့များ၌ သက်တမ်းကုန်မညိ့သူများဖြစ်သည်

အနီရောင်စာအုပ်ရှိသူများ တံဆိပ်ပြောင်းနိုင်ပြီဖြစ်ကြောင်းနှင့် အစိုးရဌာနမှလုပ်ဆောင်ပေးမည်ကို စောင့်လုပ်လည်းရပါကြောင်း
(တံဆိပ်ပြောင်းရန်အတွက် ခကြေးငွေ မပေးရပါ)
ဩဂုတ်လ (၁၅)ရက်နေ့ နောက်ပိုင်းကစ၍ လုပ်ဆောင်ပေးမည်ဖြစ်ပါ၍ လာရောက်ကြပါရန်ပြောသည်။
Credit ...to   Labour Hittai

                               

                                        မြန်မာလုပ်သား ၅၀ ကျော်လိုက်ပါလာသည့်ဘတ်စ်ကား မဲဆောက်လမ်းတွင် မီးလောင်

                                             

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အ၀င်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၂ ဦး စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားတစီး ဇွန်လ ၃၀ ရက်က  မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါ နှစ်ထပ်ဘတ်စ်ကားကားကြီးဟာ  မဲဆောက်မြို့ အ၀င်လမ်းမကြီးအမှတ် ၁၂  မဲဆောက်နဲ့ ကီလိုမီတာ ၆၀ ကျော်မှာ မနေ့ မွန်းလွဲပိုင်းအချိန်က ကားမောင်းနေစဉ်  စက်ခန်းထဲက မီးလောင်ခဲ့ပြီး မြန်မာရွှေ့ေ့ပြာင်း အလုပ်သမားတွေကတော့ ကားပေါ်က ဆင်းပြီး ထွက်ပြေးခဲ့ ကြလို့ အသက်ဘေးက လွတ်မြောက်သွားပါတယ်။

 

ဘတ်စ်ကားပေါ်မှာ မြန်မာအလုပ်သမား အမျိုးသား၄၂ ဦး၊ အမျိုးသမီး  ၉ ဦးနဲ့ ကလေး ၁ ဦး စုစုပေါင်း ၅၂ ဦးလိုက်ပါလာတာပါ။

မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်းကနေ လာရောက်တာဖြစ်ပြီး မဲဆောက်နယ်စပ်ကတဆင့် မြန်မာနိုင်ငံ မြ၀တီမြို့သို့သွားရောက်ကာ နေရပ်ပြန်ကြမှာ ဖြစ်ပါတယ်။

Credit ....DVB

                                  

                                                ပြည်ပထွက် အလုပ်သမား ယခင်နှစ်များထက် ပိုများလာ

ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာနိုင်ငံကနေ ပြည်ပကို အလုပ်သမား ၂ သိန်းခွဲကျော်သွားခဲ့ပြီး အရင်နှစ်တွေ ကထက်တိုးလာတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

တတိယတနှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး ပြည်ပကိုထွက်ခွာတာဟာ အရင်နှစ်တွေကထက် ပိုပြီးများလာတယ်လို့ ဆိုပါတယ်။

 

အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်က “ပြီးခဲ့တဲ့ တတိယတနှစ်တာ ကာလအတွင်းမှာဆိုရင် ပြည်တွင်း အစိုးရဌာနတွေမှာ ၉,၈၂၂ ဦး၊ ပုဂ္ဂလိက ကဏ္ဍမှာ ၂၃၇,၆၂၁ ဦး၊ စုစုပေါင်း ၂၄၇,၄၄၃ ဦးကို ပြည်တွင်းမှာ အလုပ်ရှာပေးနိုင်ခဲ့သလို ပြည်ပနိုင်ငံတွေကိုလည်း အလုပ်သမား ၂၅၀,၆၉၉ ဦး စေလွှတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့နဲ့ ယှဉ်မယ်ဆိုရင် ပြည်တွင်းမှာဆိုရင် အလုပ်သမား ၃၂,၀၀၀ ကျော်၊ ပြည်ပ ၆၈၀၀၀ ကျော် ပိုပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ပြည်ပကို သွားချင်သူတွေအတွက် သတင်းအချက်အလက်တွေ ထောက်ပံ့ပေးမယ်လို့လည်း သူက ဆိုပါတယ်။

ပြည်ပရောက်အလုပ်သမားတွေနဲ့ သူ့မိသားစု ပြန်ဆက်သွယ်နိုင်မယ့် လုပ်ငန်းတွေကို ဆောင်ရွက်ပေးတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ထောက်ပံ့ရေးဗဟိုဌာနရုံးကိုလည်း တနိုင်ငံလုံးမှာ ၁၅ ရုံးအထိ ဖွင့်လှစ်နိုင်ခဲ့ပြီလို့လည်း ဦးမျိုးအောင်က ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အခု ၂၀၁၉ ခုနှစ် ပထမ ၄ လအတွင်း ပြည်ပမှာ အလုပ်ရသူ ၈၉,၀၅၈ ယောက်နဲ့ ပြည်တွင်းမှာ ၉,၈၅၅၁ ယောက် ရခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကနဲ့ယှဉ်မယ်ဆိုရင် ပြည်ပမှာအလုပ်ရတာ ၂ ဆကျော်မြင့်လာတာပါ။

မနှစ်က ပြည်ပမှာ အလုပ်ရသူ ၆၆,၆၁၆ ယောက်နဲ့ ပြည်တွင်းမှာအလုပ်ရသူ ၇၄,၅၁၄ ယောက် ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တုန်းက ပြည်ပမှာ အလုပ်ရသူ ၄၂,၂၇၅ ယောက်နဲ့ ပြည်တွင်းမှာ ၅၈,၆၀၂ ယောက် အလုပ်ရခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပမှာ အလုပ်ရရှိထွက်ခွာတာဟာ နိုင်ငံ ၉ နိုင်ငံကို တရားဝင်သွားရောက်တဲ့ စာရင်းတွေဖြစ်ပြီး ထိုင်းနိုင်ငံကို အများဆုံးသွားရောက်ကြပါတယ်။ ပြီးတော့ မလေးရှားက ဒုတိယ အများဆုံးဖြစ်ပြီး သူ့နောက်မှာ ဂျပန်နဲ့ ကိုရီးယားဖြစ်ပါတယ်။

Credit .....DVB

 

                                            

May 16,2019
ဒီကနေ့  နံနက်ပိုင်း (၆) နာ၇ီအချိန်ကစပြီး ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့  မဲသောင် ရပ်ကွက်မှာ တိုက်ခန်းတွေမှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံတွေနဲ့  လမ်းမပေါ်မှာ သွားလာနေကြသူတွေပါထိုင်းလ၀က နဲ့  ရဲတပ်ဖွဲ့  ပိတ်ဆို့  စစ်ဆေးခဲ့ရာမှာ တရားမ၀င် နေထိုင်နေကြတဲ့
မြန်မာနိုင်ငံသား ၁၀၀ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
SAW Credit 77 news

 

                               သင်္ကြန်ကာလနေရပ်ပြန်မည့် ထိုင်းရောက်မြန်မာအလုပ်သမားများအတွက်

ထိုင်းနိုင်ငံတွင်ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံနေရပ်ဒေသအသီးသီးသို့
ပြန်ကြမည် မြန်မာအလုပ်သမားများအတွက် မြန်မာနဲ့ထိုင်းနှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုအရနေရပ်ပြန်အလုပ်သမားများ နေရပ် သို့ ပြန်ပါက ဘတ် ၁၀၀၀ ကုန်ကျပြီး ဆောင်ရွက်ရသည့်
အိမ်ပြန် တုံးကြီး (Re-entry) ထုရန်မလိုဘဲ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အတွင်း ၀င်/ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်
အိမ်ပြန် တုံးကြီး ထုရန်မလိုဘဲ သတ်မှတ်စာရွက်စာတမ်း အပြည့်အစုံဖြင့် မိမိတို့၏ နေရပ်ဒေသများကိုပြန်နိုင်ကြောင်း အသိပေးကြေညာ အပ်ပါသည်။

သို့သော်လည်း ယခင်နှစ်များတွင် နေရပ်သို့ ပြန်သည့်အလုပ်သ မားများ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား ယခုနှစ်တွင်
ဆက်လက်မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

(က) ထိုင်းနိုင်ငံ အလုပ် သမားဝန်ကြီးဌာနက သင်္ကြန်ကာလအတွင်း အိမ်ပြန်ရန် သတ်မှတ်ရက်က ဧပြီလ ၅ ရက်နေ့မှ ဧပြီလ
၃၀ ရက်နေ့အထိသာ ခွင့်ပြု ထားသည့်အတွက် ယင်းကာလအတွင်းမှာ မပျက်မကွက် ပြန်လည် ၀င်ရောက်ရန်၊

(ခ) သတ်မှတ်ရက်ထက် စော၍ပြန်လိုသူများ အနေဖြင့် လည်းကောင်း၊ သက်မှတ်ရက်ထက် နောက်ကျပြီးမှ ထိုင်းနိုင်ငံသို့
ပြန်လိုသူများအနေဖြင့် လည်းကောင်း ပုံမှန်အတိုင်း အိမ်ပြန်တုံး (Re-entry) ထုသွားကြရန်၊

(ဂ) ထိုင်းနိုင်ငံ၊ အစိုးရမှ ဗီဇာနှင့်ပတ်သက်ပြီး အဆင်ပြေစေရန် ကာလသတ်မှတ် ၍ ဖြေလျော့ဆောင်ရွက်ပေးထားသော်လည်း
မိမိတို့ အလုပ်ရှင်များထံမှ ခွင့်ရရှိသည့် ကာလထက် ကျော်လွန် နေထိုင်ခြင်းကြောင့် အလုပ်ထုတ်ခံရခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်ရန်
ခက်ခဲခြင်းတို့ နှစ်စဉ် ဖြစ်ပေါ်ခဲ့သဖြင့် အလားတူ ပြသနာများ မဖြစ်ပေါ်စေရေးအတွက် အလုပ်ရှင်မှ ခွင့်ပြုသော အလုပ်ပိတ်ရက်
အတိုင်းသာ နေထိုင်၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် ကြရန်နှင့် အကြောင်းကြောင်းကြောင့် အလုပ်ဝင်ရန် နောက်ကျလို သဖြင့်
မိမိတို့၏ အလုပ်ဌာနများသို့ ခွင့်တိုင်ကြားလိုပါကလည်း သေချာစွာ ချိတ်ဆက်ဆောင်ရွက်ကြရန်၊

(ဃ) နိုင်ငံကူးလက်မှတ်အပါအ၀င် အခြားအရေးကြီးသည့် စာရွက် စာတမ်းများကို တာဝန်ရှိသူများ စစ်ဆေးစဉ် ပြသနိုင်ရန်အတွက်
ပြည့်စုံစွာ ယူဆောင်သွား ကြရန်နှင့် ရေစိုခြင်း၊ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းမရှိစေရေး အထူးဂရုပြုရန်၊

(င) အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံး ပျက်စီးပါက ယင်း မိတ္တူများဖြင့် ပြန်လည်လျောက်ထားနိုင်ရန်အတွက် မိမိတို့၏ နိုင်ငံကူး
လက်မှတ် အပါ အ၀င် စာရွက်စာတမ်းအားလုံးကို အနည်း ဆုံး နှစ်စုံခန့် မိတ္တူကူးထားပြီး နေရာခွဲကာ သိမ်းထားရန်လို အပ် သကဲ့သို့
တယ်လီဖုန်းဖြင့် ဓါတ်ပုံရိုက်ကာ သိမ်းဆည်ထား ကြရန်နှင့် ပတ်စပို့တွင်ပါသည့် ကိုင်ဆောင်သူ ဖြည့်သွင်း ရမည့် စာမျက်နှာတွင်
ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်ကို ဖြည့်သွင်း ထားရန်၊

(စ) နှစ်နိုင်ငံ သတ်မှတ်ထားသည့် စစ်ဆေးရေးဂိတ်များမှသာ ၀င်ထွက်ကြရန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနများမှ ရိုက်နှိပ်သော
အ၀င်တုံး နှစ်တုံး၊ အထွက်တုံး နှစ်တုံး ပြည့်စုံခြင်းရှိမရှိ စိစစ်ရန်နှင့် ပြည့်စုံမှု မရှိပါက သက်ဆိုင်ရာသို့ မေးမြန်းဆောင်ရွက်ရန်၊
(မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် စာရွက်စာတမ်းများ ပြည့်စုံစွာ ပါရှိသော်လည်း နှစ်နိုင်ငံ လ၀ကဌာနများတွင်
အ၀င်/အထွက် တုံးမထုခြင်း၊ တရားဝင် ၀င်ပေါက်များမှ ထွက်ခွာမှုမရှိခြင်း၊ အထူးသဖြင့် မဲဆောက်-မြ၀တီ လမ်းကြောင်းမှ
ပြန်သူများအနေဖြင့် တံတားပေါ်မှ ဖြတ်သန်းခြင်းမပြုဘဲ တံတားအောက်မှ လှေဖြင့်ကူးကာ ထွက်ခွာခြင်းနှင့် ၀င်ရောက်လာခြင်း ကြောင်း
လမ်းခရီးရှိ စစ်ဆေးရေးဂိတ်များမှ စစ်ဆေးချိန်တွင် နှစ်နိုင်ငံ အ၀င်အထွက် တံဆိပ်တုံးများ ပါလာမှုမရှိခြင်းကြောင့် ဖမ်းဆီးခံရခြင်း၊
ပြန်လည်စေလွှတ်ခြင်းများကို ယခင်နှစ်က တွေ့ကြုံခဲ့ရပါသည်။)

(ဆ) တရားဥပဒေအရ ကန့်သတ်ထားသည့်ပစ္စည်းများ နှင့် Custom ၏ သတ်မှတ်ချက်နှင့် မကိုက်ညီသော ပစ္စည်းများး သယ်ဆောင်ခြင်းမပြုရန်၊

ထို့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ညှိနှိုင်းမှုများအရ မဟာသင်္ကြန်ကာလအတွင်း သတ်မှတ်ထားသည့် စာရွက်စာတမ်း အထောက်အထား
ပြည့်စုံစွာဖြင့် နေရပ်သို့ပြန်မည့် အလုပ်သမားများအနေဖြင့် အိမ်ပြန်ခရီးတွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက အလုပ်သမားသံအရာရှိများထံ
ဖုန်းဆက်သွယ်မှုအပြင် Line၊ Viberနှင့် အလုပ်သမားသံအရာရှိရုံး၏ Facebookစာမျက်နှာဖြစ်သည့် LA-Thailand Pageတို့မှ
တဆင့် ဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်။

ဦးစန်းမောင်ဦး(ဘန်ကောက်)
Phone | Viber | Line - 09 4884 5484
ဦးသန်းနိုင် (ဘန်ကောက်)
Phone | Viber | Line - 06 5220 6952
ဦးဇော်မင်းအောင်(ရနောင်း)
Phone | Viber | Line -06 5220 6951
ဦးအောင်မင်း(မဲဆောက်)
Phone | Viber | Line - 06 5220 6953
ဦးဦးခင်မောင်(ချင်းမိုင်)
Phone | Viber | Line - 09 9059 2352

အလုပ်သမားသံအရာရှိရုံး
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

Credit.......LA-Thailand

                      

                      ထိုင်းနယ်စပ်ဖြတ်ကူးခွင့်(၁)နှစ်သက်တမ်း စာအုပ်တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာများလုပ်ခွင့်ရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်အတွင်းရှိ၊မြို့နယ်၊မြို့များနှင့်ကျေးရွာများတွင်နေထိုင်သောသူများအနေဖြင့်ထိုင်းနိုင်ငံသို့(၁)နှစ်သက်တမ်းရှိနယ်စပ်ဖြတ်ကူးခွင့်စာအုပ်လုပ်ခွင့်ရရှိပြီဖြစ်ကြောင်းတာချီလိတ်လွှတ်တော် ကိုယ်စားလှယ်များနှင်လ၀ကဌာနများ
ထံမှ ယနေ့သိရသည်။

”ခရိုင်က မိတ္တူပို့လာပါတယ်။ ကမ်းကူးစာအုပ် တစ်နှစ်အတွက် မြို့ပေါ်သာမကကျေးရွာတွေအထိအပြင် တာချီလိတ်ခရိုင်တစ်ခုလုံးတစ်နှစ်သက်တမ်းရှိစာအုပ်လုပ်ခွင့်ရပါပြီ။
အသေးစိတ်ကတော့ခရိုင်ကနေလုပ်ဆောင်နေပါတယ်”ဟုတာချီလိတ်မြို့နယ် လ၀ကဦးစီးအရာရှိဦးစိုင်းဆမ်တစ်က ယနေ့တွင်ပြောသည်။

”ဟုတ်ပါတယ်။ တာချီလိတ်ခရိုင်တစ်ခုလုံးပါဘဲ။ တစ်နှစ်သက်တမ်းရှိစာအုပ်လုပ်ခွင့်ပါ၊ အရင်ကတော့ တာချီလိတ်မြို့ပေါ် တစ်ခုဘဲ လုပ်ခွင့်ရှိပါတယ်။ ခုကတော့ ကျေးရွာတွေပါ ပါပါတယ်။

စ တာကတော့ ဒီနေ့စတာပါ။ သက်ဆိုင်ရာမြို့နယ်တွေကိုလည်း စာတွေပို့ထားပါပြီ`ဟု တာချီလိတ်ခရိုင် လ၀က ဦးစီးဌာနမှ တာဝန်ကျ အရာရှိတစ်ဦးကလည်း ပြောသည်။

ယခင်က ထိုင်းနိုင်ငံသို့(၁)နှစ်သက်တမ်းရှိစာအုပ်ဖြင့် သွားလာခွင့်ကို တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက်ရှိ တရားဝင်အိမ်ထောင်စုဇယားပါသူများကိုသာ ခွင့်ပြုပေးခဲ့ရာမှ ယခုအခါ တာချီလိတ်မြို့နယ် ကျေးရွာများသာမက တာချီလိတ်ခရိုင်ရှိမြို့နယ်များ၊ မြို့များ၊ ကျေးရွားများနေ ပြည်သူများအထိ စာအုပ်လုပ်ခွင့်ရရှိသွားခြင်းဖြစ်သည်။

”ပြည်ထဲရေးက ဒုဝန်ကြီးခရီးစဉ်၊ ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်၊ စတဲ့ ခရီးစဉ်တွေမှာ ခုလို ခွင့်ပြုပေးဖို့ တင်ပြခဲ့တာပါ။
မြို့နဲ့ကျေးလက်ကွာဟမှုကအစ လူ့အခွင့်အရေးအရ ခွဲခြားသလိုဖြစ်နေတာကို မရှိအောင်လို့ လုပ်ဆောင်နေတာပါ။

ကျန်တဲ့ခရိုင်တွေလဲ လုပ်ခွင့်ရလာဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်”ဟု ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၇)မှလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။

တံတားကူးခွင့်စာအုပ်ဖြင့်ဆိုလျှင် တန်းစီစရာမလိုသည့်အပြင် ကမ်းကူးခမှာ ကျပ် ၃၀၀ သာရှိသဖြင့်လည်းကောင်း၊ နေ့စဉ်ကူးသန်းနေရသူများအနေဖြင့်

နေ့စဉ် တစ်ခါကူးလျှင် ကျပ် ၁၀၀၀ ကျသင့်နေသဖြင့်ယခုခွင့်ပြုချက်က တာချီလိတ်ခရိုင်အတွင်းသက်ရောက်သည်ဖြစ်ရာတာချီလိတ်ခရိုင်အတွင်းနေပြည်သူများအနေဖြင့်အခွင့်အလမ်းများပိုမိုရရှိလာစေသည်ဖြစ်ကြောင်း သူက ပြောသည်။

”မြို့နဲ့ရွာခွဲခြားခံနေရတယ်လို့မြင်လို့ တာဝန်ရှိသူတွေရဲ့ခရီးစဉ်တိုင်းမှာ တိုက်ရိုက်တင်ပြတာတွေရှိခဲ့ပါတယ်။ တာချီလိတ်ခရိုင်သာမကပါဘူး၊ ရှမ်းအရှေ့သာမက ၁၃/ကိုင်ဆောင်သူ ရှမ်းပြည်နယ်သားတွေကိုလည်း စာအုပ်နဲ့ဖြတ်သန်းသွားလာနိုင်ဖို့ တင်ပြခဲ့တာရှိပါတယ်”ဟု တာချီလိတ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်က ပြောပါသည်။

ထိုင်းနိုင်ငံသို့(၁)နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ပြုလုပ်ရာတွင် အိမ်ထောင်စုဇယား မူရင်း/မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကပ်ပြား မူရင်း/မိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံနှင့်လူကိုယ်တိုင် ခရိုင်လ၀ကရုံးတွင်သွားရောက်လုပ်ကိုင်ရန်လိုအပ်ကြောင်းနှင့်တာချီလိတ်
ခရိုင်အတွင်းရှိ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊တာလေမြို့၊ ကျိုင်းလတ်မြို့များနှင့်ကျေးရွာများနေပြည်သူများအထိလုပ်ခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့သည်ထိုင်းနိုင်ငံမယ်ဆိုင်မြို့နှင့်နယ်စပ်ချင်းထိတွေ့နေသည့်မြို့ဖြစ်ရာနယ်စပ်ချောင်းပေါ်တွင်ဖြတ်သန်းဆောက်လုပ်ထားသည့်ချစ်ကြည်ရေးအမှတ်(၁)တံတားမှတဆင့်နေ့စဉ် လူထောင်ချီဖြတ်ကူးနေသည့်အတွက် တစ်ရက်စာနယ်စပ်ယာယီဖြတ်သန်း
ခွင့်လက်မှတ်(TBP)အစားယခုလို စာအုပ်ဖြင့်ဖြတ်သန်းရပါကအချိန်ကုန်သက်သာခြင်း၊ငွေကုန်သက်သာခြင်းတို့ကြောင့် ဒေသခံတို့အတွက် အလွန်ပင်အကျိုးရှိသည်ဟုဒေသခံများကပြောကြသည်။

Credit .......#Popular News Journal

Page 1 of 3

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border