in Agenda

            

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်ရှိ ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံက အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမား ၂၀၀ ကျော်ကို အလုပ်ပြန်ခန့်ထားပေးဖို့ အလုပ်သမားတွေက တိုင်းအစိုးရထံ သွားရောက်တောင်းဆိုစဉ် ရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။

စဥ့်ကိုင်မြို့နယ်၊ ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ဖြစ်​တဲ့ (EC) ချုပ်ဆိုခြင်း မရှိတဲ့ အလုပ်သမား ၂၀၀ ကျော်​ကို အလုပ်က ထုတ်ပယ်ထားခဲ့ပါတယ်။

အလုပ်ပြန်လည်ခန့်ထားပေးနိုင်​ဖို့ အလုပ်သမား​တွေက မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး​ရှေ့ကို တင်ပြတောင်းဆိုဖို့  မနေ့က သွားရောက်ခဲ့ရာ ပုလိပ်မြို့ ရဲစခန်းရှေ့မှာ တားဆီးခံခဲ့ရပါတယ်​။

EC စာချုပ်ကို အလုပ်ရှင်ဘက်​က​နေပြီး တဖက်သတ်ရေးဆွဲထားတာဖြစ်​လို့ အလုပ်သမား တွေက စာချုပ်ချုပ်ဆိုခြင်းမပြုဘဲ ဇူလိုင် ၂၉ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကာ အလုပ်ထုတ်ခံရတဲ့ နိုင်​ငံ ဝန်​ထမ်း​ဟောင်း​တွေကို ပြန်လည် ခန့်ထားပေးဖို့ မန္တလေးတိုင်း ဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ကြပါတယ်​။

အ​ခြေခံအလုပ်​သမားအဖွဲ့အစည်း အတွင်း​ရေးမှူး မဇာခြည်​ဝင်းက “အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေနဲ့ သွားရောက်တောင်းဆိုဖို့ ပလိပ်ရဲစခန်းကတားတယ်။ ခေါင်းဆောင် သုံးယောက်ကိုလည်း ဖမ်းထားတာလား၊ ညှိနှိုင်းနေတာလား​တော့ မသိဘူး။ ကျမတို့ ဒီမိုကရေစီ နိုင်ငံဆိုရင် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ အလွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းတွေ ထမင်းငတ်နေ ကြပြီ”လို့ ​ပြောပါတယ်​။

EC စာချုပ်မှာ အလုပ်ထုတ်ခံရပါက လက်​ရှိ​နေတဲ့လိုင်းခန်းက ဖယ်ရှားပေးရမှာ ဖြစ်ပြီးနောက်ဆက်တွဲ စည်းကမ်းချက်တွေကို လိုက်နာရမယ်လို့ ပါဝင်​နေတာ​ကြောင့် အလွှဲပြောင်းခံ နိုင်ငံဝန်ထမ်းဟောင်းတွေ အခက်အခဲ​နဲ့ ကြုံတွေ့နေရပါတယ်​။

                                                               
Credit....http://burmese.dvb.no/archives/298639

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border